အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲစတင်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲစတင်ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၅)။ လက်ဝှေ့မျိုးဆက်သစ်အားကစားသမားများနှင့် လက်ရွေးစင်အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ကျင်းပသည်။ ယနေ့လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၅၄)ကီလိုတန်းပြိုင်ပွဲတွင် မောင်ပိုင် (တောင်ကြီးကလပ်-ရှမ်း)နှင့် ကိုကိုထွန်း(Youth Camp)၊ အမျိုးသား(၅၇)ကီလိုတန်းပြိုင်ပွဲတွင် ခုပ်ဆွင်းခိုင် (UMC ချင်းပြည်နယ်)နှင့် ဝါဆို(ရန်ကုန်တိုင်းစစ်ဌာနချုပ်)၊ စောလင်းအောင် (Youth Camp)နှင့် သူရ(ပြည်ထဲရေး)၊ အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲတွင် ထွန်းထွန်းဝင်း(ပြည်ထဲရေး)နှင့် သန်းတိုးအောင် (ကာကွယ်ရေး)၊ နုတ်မာရ်(အား/လူငယ်)နှင့် ဇော်မျိုးမြင့်အောင်(တောင်ကြီးကလပ်-ရှမ်း)၊ လွင်မျိုးထွဋ်(ရန်ကုန်တိုင်းစစ်ဌာနချုပ်)နှင့် ဝေယံနိုင်(တောင်ကြီးကလပ်-ရှမ်း)၊ အမျိုးသား(၆၃.၅)ကီလိုတန်းပြိုင်ပွဲတွင် ထူးအောင်ရဲရင့်(တပ်မတော်-လေ)နှင့် အေးမင်းလတ်(ကာကွယ်ရေး)၊ အမျိုးသား(၇၁)ကီလိုတန်းပြိုင်ပွဲတွင် အောင်မြင့်ထွန်း(လပခ)နှင့် စတီးရှု(Youth Camp)၊ အမျိုးသား(၇၅)ကီလိုတန်းပြိုင်ပွဲတွင် မျိုးမင်း(ပြည်ထဲရေး)နှင့် အောင်ဇင်ထိုက် (Youth Camp)တို့က အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။ […]

မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့်အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)သင်တန်းသား/သင်တန်းသူများအထူးနေ့လယ်စာစားပွဲအခမ်းအနားကျင်းပ

Loading

မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့်အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)သင်တန်းသား/သင်တန်းသူများအထူးနေ့လယ်စာစားပွဲအခမ်းအနားကျင်းပ မော်လမြိုင်၊ဇန်နဝါရီလ(၂၉)ရက်။ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား/သင်တန်းသူများ အထူးနေ့လယ်စာစားပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၉)ရက် (တနင်္လာနေ့) နံနက်(၁၁:၃၀)နာရီအချိန်တွင်အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) စားရိပ်သာခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်၊ စီးပွားရေးရာဝန်ကြီးနိုင်လယိတမ၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊လူမှုရေးရာဝန်ကြီးဦးမြတ်သွင်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ ကျောင်းအုပ်ကြီးနှင့်အရာထမ်း၊ အမှုထမ်းများ၊ နည်းပြများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကျောင်းအကျိုးတော်ဆောင်အဖွဲ့နာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ သင်တန်းသားများအား နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့မှ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား/သင်တန်းသူများအား ထောက်ပံ့လှူဒါန်းငွေကျပ်(၅)သိန်းအားပြည်နယ်ဝန်ကြီးချုပ်မှပေးအပ်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်မှလက်ခံရယူခဲ့ပါသည်။ […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၂၅)။ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 စားရိပ်သာ၌ ကျင်းပခဲ့သည်။ အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဘတ်စကက်ဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဘတ်စကက်ဘောအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ မျိုးဆက်သစ်ဘတ်စကက်ဘောအားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ […]

၂၀၂၄ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၉)။ ၂၀၂၄ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီအခြေခံအားကစားသင်တန်းများအား နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းသားလူငယ်ထုအတွင်း အားကစားကို ဝါသနာပါပြီး စနစ်တကျ လေ့လာလိုက်စားလိုစိတ်များ ပြန့်ပွားလာစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံပြီး ကျန်းမာကြံခိုင်သည့် လူငယ်များ ဖြစ်ပေါ်လာစေရန်နှင့် မိမိဝါသနာပါရာ အားကစားကို လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့်ကျွမ်းကျင်တတ်မြောက်ပြီး စဉ်ဆက်မပြတ် လေ့ကျင့်ခြင်းမှသည် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအားကစားသင်တန်း များသည် အခြေခံပညာ(မူလတန်း၊ အလယ်တန်းနှင့် […]

Sports Master Plan နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

Sports Master Plan နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၉)။ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေရှည်အသုံးပြုနိုင်မည့် Sports Master Plan နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (အပေါ်ထပ်)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေရှည်အသုံးပြုနိုင်မည့် Sports Master Plan ရေးဆွဲနိုင်ရေးအတွက် ထည့်သွင်းဖော်ပြလိုသည့် အချက်များနှင့် ထပ်မံအကြံပြုလိုသည့် အချက်များကို ဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ Sports Master Plan ရေးဆွဲရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် ဒုတိယအကြိမ်ကျင်းပမည့်အစည်းအဝေးတွင် အားကစားအဖွဲ့ချုပ်များ၊ အားကစားကဏ္ဍနှင့်ပတ်သက်ပြီး နိုင်ငံခြားပညာတော်သင်သွားထားသူများနှင့် အားကစားသမားဟောင်းကြီးများထံမှ အကြံပြုချက်များ တောင်းခံသွားရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနများမှ […]

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

Loading

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပသည်။ အစီအစဉ်အရ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မသန်စွမ်းလူငယ်များအတွက် အခွင့်အရေးကာကွယ်ရေး၊ ဘဝမြှင့်တင်ဖွံ့ဖြိုးတိုးတက်နိုင်စေရေးနှင့် မသန်စွမ်းသူများ ပါဝင်မှုအပေါ်ပိုမိုလေးနက်စွာနားလည်ပြီး အသိအမှတ်ပြုနိုင်ရေးအတွက် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၊ မသန်စွမ်းလူငယ်ရေးရာဌာနခွဲအနေဖြင့်လည်း မသန်စွမ်းသူ လူငယ်များ အတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးနိုင်ရေးနှင့် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များနှင့် ပတ်သက်ပြီး လူသုံးကုန်ထုတ်လုပ်မှု သင်တန်းများအပြင် အခြားလက်မှုအတတ်ပညာများနှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ ပေးသင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်ပေးနိုင်ရေးစီစဉ် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချပေးသည့်ပညာရပ်များဖြင့် မသန်စွမ်းလူငယ်များ အမှန်တကယ်လက်တွေ့ အသုံးချနိုင်စေရန်နှင့် […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး “ B” Diploma Coaching Course (Part-2) ဘောလုံးနည်းပြသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး “ B” Diploma Coaching Course (Part-2) ဘောလုံးနည်းပြသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ ဇန်နဝါရီ(၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “ B” Diploma Coaching Course (Part-2) ဘောလုံးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်းရှိ Multi-Purpose Hall ၌ ကျင်းပသည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲများကျင်းပရာတွင် အထောက်အကူပြုစေရန်နှင့် ဘောလုံး “ B” လိုင်စင်နည်းပြကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုသင်တန်းအားဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် နိုင်ငံ၏ဂုဏ်ကိုမြှင့်တင်ပေးနိုင်သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်ပူးပေါင်းပြီး အားကစားနည်းအလိုက်နည်းပြသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ “ B” Diploma […]

တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေး ပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေး ပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၅)။ မြန်မာအားကစားသမားများအား တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးနှင့်ပတ်သက်၍ ထပ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်‌စေရန်၊ တားမြစ်ဆေးဝါးသုံးစွဲမူဆန့်ကျင်ရေးဆိုင်ရာ ဆက်စပ် လုပ်ငန်းများအား ဆောင်ရွက်နိုင်စေရန်နှင့် ပညာပေးကွန်ယက်တစ်ခု ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားသမားအထောက်အကူပြုပုဂ္ဂိုလ်များအား တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေး ပညာပေးသင်တန်း (Anti-doping Education For Athlete Supports Personal)ကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အားကစားသမားများအား အထောက်အကူပြု ပုဂ္ဂိုလ် (athlete support personnel / ASP) များအနေဖြင့် တားမြစ်ဆေးဝါး သုံးစွဲမှုဆန့်ကျင်ရေးဆိုင်ရာ အသိပညာများကို ကုံလုံပြည့်စုံစွာ ရရှိစေပြီး အားကစားသမားများကို ထပ်ဆင့်ဖြန့်ဝေပေးစေခြင်းဖြင့်လည်းကောင်း၊ အားကစားလုပ်ငန်းများဆောင်ရွက်ရာ၌ တားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေး အသိဖြင့် […]

UCL Season 2 (University Champion League Season 2) တက္ကသိုလ်ပေါင်းစုံ E – Sports အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

UCL Season 2 (University Champion League Season 2) တက္ကသိုလ်ပေါင်းစုံ E – Sports အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၂၇)။ UCL Season 2 (University Champion League Season 2) တက္ကသိုလ်ပေါင်းစုံ E-Sports အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့် အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူက မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံ E-Sports အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် တက္ကသိုလ်အဆင့် E-Sports […]

လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဌာနခွဲ(၄)ခု တို့မှ အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

Loading

လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဌာနခွဲ(၄)ခု တို့မှ အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၂၆)။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဌာနခွဲ(၄)ခု တို့မှ အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာန စတင်တည်ထောင်ချိန်မှစ၍ ယခုအချိန်ထိ (၂)နှစ်တာကာလအတွင်း မိမိတို့ဦးစီးဌာနအနေဖြင့် တိုးတက်မှုများ၊ အောင်မြင်မှုအထိုက် အလျောက်ရရှိခဲ့ပြီး မိမိတို့ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကျင်းပပြုလုပ်ခဲ့သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများမှတဆင့် လူငယ်စကားဝိုင်းများ၊ အသက်မွေး ဝမ်းကျောင်းသင်တန်းများ၊ လူငယ်လေ့လာရေးအစီအစဉ်များမှတဆင့် အခြားသောဝန်ကြီးဌာန၊ […]