အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၈)ကြိမ်မြောက်အာဆီယံ အားကစားဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် (၁၆)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရောက်ရန် ပြည်ပ ထွက်ခွာ

ရန်ကုန်၊ အောက်တိုဘာလ(၁၂)ရက်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၈)ကြိမ်မြောက်အာဆီယံ အားကစားဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် (၁၆)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဦးဆောင်သည့်အဖွဲ့ဝင်(၁)ဦး တို့သည် ယနေ့ ညနေ (၁၆ : ၃၅) နာရီအချိန် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။