အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-16(အမျိုးသား) ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-16(အမျိုးသား) ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၈)။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-16(အမျိုးသား)ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။ ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ မျိုးဆက်သစ် လူငယ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ထူးချွန်ထက်မြက်သော ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက လူငယ်ပရဟိတဂေဟာများမှ လူငယ်များ လေ့လာရေးအစီအစဉ် ဆောင်ရွက်ခြင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက လူငယ်ပရဟိတဂေဟာများမှ လူငယ်များ လေ့လာရေးအစီအစဉ် ဆောင်ရွက်ခြင်း နေပြည်တော်၊ အောက်တိုဘာ(၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကဗဟိုချက်ဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို လူငယ်များ သိရှိနားလည်စေရန်အတွက် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်နေသည့် နေပြည်တော်ကောင်စီနယ်မြေရှိ ကျောင်းစုနှင့်အေးမေတ္တာစံ လူငယ်ပရဟိတဂေဟာများမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ယမန်နေ့နံနက်(၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဒုတိယအကြိမ် လေ့လာရေးခရီးစဉ် ဆောင်ရွက်သည့်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုလေ့လာရေးခရီးစဉ်တွင် အားကစားလေ့လာရေးအစီအစဉ်များသာမက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများ မတိမ်ကော မပပျောက်စေရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ” ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ” များကိုပါ သွားရောက်လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လူငယ်ဆိုင်ရာကဏ္ဍ(၁၆)ရပ်တွင် စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍများလည်းပါရှိသဖြင့် […]

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း နေပြည်တော်၊ အောက်တိုဘာ(၁၅)။  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ယနေ့နံနက် (၉:၃၀)နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)သို့ ရောက်ရှိပြီး အုပ်ချုပ်မှုရုံးအစည်းအဝေးခန်းမ၌ အရာထမ်း/အမှုထမ်းများ၊ ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍လာမည့် ၂၀၂၃ခုနှစ်၊ ဇွန်လတွင် အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)ကို ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်မှုရှိရန်နှင့် မိသားစုစိတ်ဓာတ်ထားရှိပြီး တစ်ဦးနှင့်တစ်ဦးအထက်အောက် အပြန်အလှန်လေးလေးစားစား ပြောဆိုဆက်ဆံ၍ ကူညီဖေးမဆောင်ရွက်လုပ်ကိုင်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မခံရအောင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း/စည်းကမ်းများအတိုင်း သွားလာနေထိုင်၍ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လုပ်ငန်းတာဝန်များကိုကျေပွန်စွာ ပျော်ပျော်ရွှင်ရွှင်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများတွင် အခက်အခဲများနှင့် အခြားလိုအပ်သည်များရှိပါက တာဝန်ရှိသူများမှတစ်ဆင့် အချိန်မရွေးတင်ပြနိုင်ပြီး မိမိအနေဖြင့် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ်သည် တာဝန်ရှိသူများနှင့်အတူ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊လူငယ်ရေးရာဦးစီးဌာနမှဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊လူငယ်ရေးရာဦးစီးဌာနမှဖွင့်လှစ်သည့် အခြေခံ အင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ လူငယ်ရေးရာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးနေဝင်း က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ တစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားစေရန်သာမက အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်စေရန်၊ Basic English Speaking အား အခြေခံအဆင့် တတ်ကျွမ်းစေရန်၊ သင်တန်းတက်ရောက်လာသည့် ဝန်ထမ်းများ အချင်းချင်း ပိုမိုရင်းနှီးကျွမ်းဝင်မှု တိုးပွားလာစေရန်၊ အင်္ဂလိပ်ဘာသာစကား ပြောကြားရာတွင် ယုံကြည်မှု ပိုမိုခိုင်မာလာစေရန်နှင့် လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းချက်(၇)ရပ်တွင် ပါရှိသည့် နိုင်ငံတကာလူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမိုဆောင်ရွက်လာနိုင်စေရန်၊ လုပ်ငန်းစဉ် (၁၀)ရပ် […]

၂၀၂၂ခုနှစ်၊အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၂ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ အောက်တိုဘာလ(၁၂)ရက်။                    ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြနှင့် ဒိုင်သင်တန်းကို နိုင်ငံတော်ရဲ့ဦးတည်ချက် တစ်ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုတဲ့ အမျိုးသားရေး ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးထုကျန်းမာကြံ့ခိုင်ပြီး စွမ်းရည် တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စု ခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်ရီရီဝင်းနှင့်အမှုဆောင် များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေနှင့် တာဝန်ရှိပုဂ္ဂိုလ် များ၊ သင်တန်းနည်းပြဆရာများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်ရီရီဝင်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး […]

လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ မသန်စွမ်းအားကစားသမားများအား အားကစားဝတ်စုံ၊ ဘောလုံးကန်ဖိနပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ချီးမြှင့်

Loading

လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ မသန်စွမ်းအားကစားသမားများအား အားကစားဝတ်စုံ၊ ဘောလုံးကန်ဖိနပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ချီးမြှင့် နေပြည်တော်၊ အောက်တိုဘာ(၆)။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့က ကျင်းပပြုလုပ်သောပြည်ထောင်စုနယ်မြေ(နေပြည်တော်) ပျဉ်းမနားမြို့နယ် မသန်စွမ်းအသိပညာပေးဆွေးနွေးပွဲမှ အားကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ မြန်မာနိုင်ငံရှိမသန်စွမ်းလူငယ်များ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးနိုင်မှုများကို ဒုတိယဝန်ကြီးကိုယ်တိုင်ဆွေးနွေးခဲ့ပြီး မြန်မာနိင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုဆုရရှိသူများအား နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်မှုများကို Video files ပြသပေးခဲ့ပါသည်။ အဆိုပါဆွေနွေးပွဲတက်ရောက်ခဲ့သော ပျဉ်မနားမြို့နယ်မှ မသန်စွမ်းလူငယ် မောင်လင်းလင်းထွေးမှ ဘောလုံးအားကစားကို ဝါသနာပါကြိုးစားချင်လိုစိတ်ဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ဆက်သွယ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံမသန်စွမ်းအာကစားအဖွဲ့ချုပ်မှ လူကိုယ်တိုင်လာရောက်ရွေးချယ်စမ်းသပ်ခဲ့ရာလည်းကောင်း၊ အားကစားအရည်ချင်းအားသဘောကျ၍ (၁၂)ကြိမ်မြောက် အာဆီယံအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိင်ရန်တွက် ပဏမရွေးချယ်ခေါ်ယူလေ့ကျင့်ပေးမည်ဖြစ်ရာလည်ကောင်း၊ မသန်စွမ်းလူငယ်လေးတွက် လူငယ်ရေးရာဦးစီးဌာနမှအားကစားလေ့ကျင့်ရေးဝတ်စုံ ဘောလုံးကန်ဖိနပ်နှင့် နေပြည်တော်-ရန်ကုန်ကားလက်မှတ်အပါအဝင် မှတ်ပုံတင်အမြန်ရရှိရေး သက်ဆိုင်ရာဌာနနဲ့ညှိနှိုင်းကူညီဆောင်ရွက်ထောက်ပံ့‌ပေးခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၁၆)ရက်နေ့တွင် (နေပြည်တော်)ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များအတွင်းရှိ […]

၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ၊မြို့နယ်ပေါင်းစုံ အမျိုးသမီး အသက် (၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ၊မြို့နယ်ပေါင်းစုံ အမျိုးသမီး အသက် (၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ၊မြို့နယ်ပေါင်းစုံ အမျိုးသမီး အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၄.၁၀.၂၀၂၂)ရက်နေ့ ညနေ ၃နာရီအချိန် အောင်သံလွင်အားကစားကွင်း၊ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ၊ပြည်နယ်တရားသူကြီးချုပ် ဒေါ် ခင်ဆွေထွန်း နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။ ရှေ့ဦးစွာ ပြိုင်ပွဲဝင်မြို့နယ်အသင်း (၇)သင်း မှကွင်းအတွင်းနေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်စေခဲ့ပါသည်။ ထိုနောက် အားကစားသမားများ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီးနောက် အားကစားသမားများကွင်းအတွင်းမှ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု ထွက်ခွာခဲ့ပါသည်။ ဆက်လက်၍ အ.ထ.က (၄)ကျောင်း ဘင်ခရာ၊ ပန်းပွားအဖွဲ့မှ သရုပ်ပြသခဲ့ကြပြီး […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ပဏာမစခန်းဝင်လေ့ကျင့်လျက်ရှိသည့် ခြင်းလုံးအားကစားသမားများအား စခန်းဝင်ဆန်းစစ်လူရွေးချယ်ခြင်းကို ကြည့်ရှုအားပေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ပဏာမစခန်းဝင်လေ့ကျင့်လျက်ရှိသည့် ခြင်းလုံးအားကစားသမားများအား စခန်းဝင်ဆန်းစစ်လူရွေးချယ်ခြင်းကို ကြည့်ရှုအားပေး နေပြည်တော်၊ အောက်တိုဘာ(၁)။ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် ပဏာမစခန်းဝင်လေ့ကျင့်လျက်ရှိသည့် ခြင်းလုံးအားကစားသမားများအား စခန်းဝင်ဆန်းစစ်လူရွေးချယ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Centre No(1)ရှိ ခြင်းလုံးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီး၊ နည်းပြဆရာများမှ အားကစားသမားများ၏ တစ်ဦးချင်းစွမ်းရည် Event(1-2) ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်မှုနှင့် တစ်ဦးချင်းကြိုးစားအားထုတ်ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးရဲအောင်၊ ဦးချမ်းသာဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)မှ တာဝန်ရှိသူများ၊ ခြင်းလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက်အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

Loading

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက်အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ် ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ စက်တင်ဘာလ(၂၈)ရက်နေ့ မွန်းလွဲပိုင်းက ၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှု့အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များမှ ကြည့်ရှု့အားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသမီး၊ အမျိုးသားမီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး အလွတ်တန်း ဘိလိယက်/စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး အလွတ်တန်းဘိလိယက်/စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ(၂၉)ရက်။ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့ဘိလိယက်/စနူကာအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိတိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီးအလွတ်တန်းဘိလိယက်/စနူကာပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပြီး ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု့အားပေးခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ညွှန်ကြားရေးမှူး […]