အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) မူဘောင် (မူကြမ်း) ပြန်လည်ရေးဆွဲနိုင်ရေး အမျိုးသမီးငယ်ရွယ်များလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ်(၂၉)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) မူဘောင်(မူကြမ်း) ပြန်လည်ရေးဆွဲနိုင်ရေး အမျိုးသမီးငယ်ရွယ်များ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁:၀၀)နာရီ အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ အမျိုးသမီးငယ်ရွယ်များလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း နှင့် အမျိုးသမီးငယ်ရွယ်များလုပ်ငန်းကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ အမျိုးသမီးငယ်ရွယ်များလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေတဲ့ NSPAW Phase II ပြန်လည်ရေးဆွဲရေးအတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) NSPAW Phase II ကို ပြန်လည်ရေးဆွဲရန် လုပ်ငန်းကော်မတီ (၁၂)ရပ်ကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူရေးဆွဲအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစည်းအဝေးတွင် NSPAW Phase II အား လုပ်ငန်းကော်မတီ (၁၂)ရပ်မှ တပြေးညီ ရေးဆွဲဆောင်ရွက်နိုင်ရန်အတွက် Violence Against Women and Girls (VAWG) မူဘောင် (မူကြမ်း)နမူနာပုံစံ ခေါင်းစဉ်များ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီအလိုက် ရေးဆွဲမည့် ကဏ္ဍတစ်ခုချင်းစီရဲ့ ရည်ရွယ်ချက်မှာ Prevention, Response, Rehabilitation စတဲ့ အချက်များအပေါ် အခြေခံ၍ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းနယ်ပယ်များအားလုံးမှာ သုတေသနပြုလုပ်ခြင်း၊ တိုင်းရင်းသား အမျိုးသမီးများ အခွင့်အရေး၊ မသန်စွမ်းအမျိုးသမီးများ အခွင့်အရေး၊ ဒီဂျစ်တယ်နည်းပညာ၊ ငွေကြေး ဝန်ဆောင်မှုများနဲ့ စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းရေးဆွဲသွားမှာ ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီးငယ်ရွယ်များ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာစောက NSPAW Phase II မူဘောင်(မူကြမ်း) ရေးဆွဲနိုင်ရန် အမျိုးသမီးငယ်ရွယ်ကဏ္ဍနှင့် သက်ဆိုင်သည့်(မူကြမ်း)နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်ကိုယ်စားလှယ်များက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) မူဘောင် (မူကြမ်း)နှင့် အမျိုးသမီးငယ်ရွယ်များ ကဏ္ဍနှင့်စပ်လျဉ်း၍ မိမိတို့ဝန်ကြီးဌာနအလိုက် ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များအား အသီးသီးဆွေးနွေး တင်ပြခဲ့ကြပါသည်။‌ အဖွဲ့ဝင်ကိုယ်စားလှယ်များ၏ ဆွေးနွေးခဲ့ကြသည့်တင်ပြချက်များအပေါ် ညွှန်ကြား ရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး‌နောက် အစည်းအဝေးကို မွန်းလွဲ (၄:၀၀) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။