အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ် ၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်၊ သြဂုတ်လ (၂၁)ရက်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဌများ၊ အမှုဆောင်များ၊ သင်တန်းနည်းပြ ဆရာများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သင်တန်းသူများ တက်ရောက်ကြပါသည်။

အစီအစဉ်အရ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တက်ရောက်လာသော သင်တန်းသူများမှ အဖွဲ့လိုက် ဂါရဝပြုမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းဖွင့်လှစ်ရခြင်းသည် လူတစ်ဦး တစ်ယောက် ကစားခြင်းမှ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လှုပ်ရှားလာခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန်၊ သင်တန်းမှ သင်ကြားပို့ချမှုများကို ကျေကျေညက်ညက်ဖြစ်အောင် လေ့လာသင်ကြားပြီး မိမိတာဝန်ကျရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရန်၊ ဥပဒေ၊ စည်းမျဉ်း/စည်းကမ်း၊ နည်းစနစ်များကို မိမိကိုယ်တိုင် သိရှိနားလည်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် ပါလာသည့် သက်ဆိုင်ရာ အုပ်ချုပ်သူများမှလည်း သိရှိနားလည်ပြီး ငြင်းခုန်မှုများ မဖြစ်ပွားအောင် ထပ်ဆင့် ပြောကြား ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသွားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေးမှ သင်တန်းနှင့်ပတ်သက်၍ ထပ်မံ ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

အဆိုပါသင်တန်းသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှသင်တန်းသူ စုစုပေါင်း (၅၂)ဦး တက်ရောက်ကြပြီး သင်တန်းအား ဩဂုတ်လ(၂၁)ရက်နေ့မှ (၂၇)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။