အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

2023 ASEAN+ Youth Summit သို့ တက်ရောက်ရန်မြန်မာလူငယ် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာ

နေပြည်တော်၊ စက်တင်ဘာ (၅)။

အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူငယ်နှင့်အားကစားရေးရာဝန်ကြီးဌာနတို့၏ ဖိတ်ကြားချက်အရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့မှ (၈)ရက်နေ့အထိ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်မည့် 2023 ASEAN+ Youth Summit သို့ တက်ရောက်မည့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမောင်မောင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်(၁၁:၂၅)အချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။