အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအသိုက်အဝန်းကောင်စီစကားဝိုင်းသို့ Virtual စနစ်ဖြင့်တက်ရောက်

နေပြည်တော်၊ ဩဂုတ် (၂၄)။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအသိုက်အဝန်းကောင်စီစကားဝိုင်း (ASEAN Community Councils Dialogue on Human Rights)ကို မြန်မာစံတော်ချိန် နံနက် (၀၈:၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးဥက္ကဋ္ဌ (SOMY Chair) အဖြစ် ဆောင်ရွက်သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့်အတူ တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

စကားဝိုင်းတွင် အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ အာဆီယံအသိုက်အဝန်း မဏ္ဍိုင်(၃)ခုအောက်ရှိ အာဆီယံလုပ်ငန်း အစုအဖွဲ့များ၊ အာဆီယံနှင့်ဆက်နွယ်နေသည့် အဖွဲ့အစည်းများမှ အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြပါရှိသည့် လူ့အခွင့်အရေးများကို မိမိတို့လုပ်ငန်းအစုအဖွဲ့အသီးသီး/ အဖွဲ့အစည်း အသီးသီးတို့တွင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါစကားဝိုင်း၏ Session 2( A ) တွင် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးဥက္ကဋ္ဌ (SOMY Chair) လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က SOMY ၏ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မည့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာစံတော်ချိန် ညနေ (၁၇:၀၀)အချိန်တွင် စကားဝိုင်းအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပြီး (၂၅.၈.၂၀၂၃)ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကလေးသူငယ်များနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေး ကတိကဝတ်များအား ကဏ္ဍပေါင်းစုံထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ စကားဝိုင်း(AICHR Cross-Sectoral Dialogue on the Effective Implementation of ASEAN Commitments on Human Rights of Women and Children) နှင့် နေ့လယ်ပိုင်းအချိန်တွင် အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ ရွေ့ပြောင်းသွားလာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ (Launching Sharing Findings of the AICHR Study on Migration and Human Rights: “Migration Management for the Most Vulnerable Groups within ASEAN”) တို့ကို ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။