အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဩဂုတ်(၁၈)။

၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ်ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊  မီတာ(၄၀၀)၊ မီတာ(၈၀၀) အပြေးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀x၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး (Mix) မီတာ(၁၀၀x၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် အာဆီယံနေ့အထိမ်းအမှတ်နှင့်ပတ်သက်သည့် ဗဟုသုတ ဉာဏ်စမ်းအမေးအဖြေမေးခွန်း မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး မီတာ(၈၀၀) အပြေးပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မကိမ်ရှန်းဒိတ်ဆာန်၊ ဒုတိယဆုရရှိသည့် မချယ်ဇင်ဝင်းနှင့် တတိယဆုရရှိသည့် မသင်းသင်းခိုင်တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းချိုကလည်းကောင်း၊ အမျိုးသား မီတာ(၈၀၀)အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်မြတ်သူကို၊ ဒုတိယဆုရရှိသည့် မောင်သန့်ဇင်လင်းနှင့် တတိယဆုရရှိသည့် မောင်ချစ်ရအောင်စိုးတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်ကလည်းကောင်း၊ အမျိုးသမီး မီတာ(၁၀၀x၄) လက်ဆင့်ကမ်းအပြေး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မခိုင်သဇင်ထွေးနှင့်အဖွဲ့၊ ဒုတိဆုရရှိသည့် မဒေးမြာနှင့်အဖွဲ့နှင့် တတိယဆု ရရှိသည့် မဝင်းဝင်းခိုင်နှင့်အဖွဲ့၊ အမျိုးသမီး မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မခင်မိုးအေး၊ ဒုတိယဆုရရှိသည့် မတင်ဇာနွယ်နှင့် တတိယဆုရရှိသည့် မခင်သူဇာထွန်းတို့ကို အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးကလည်းကောင်း၊ အမျိုးသား မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်ဟိန်းထက်ငြိမ်း၊ ဒုတိယဆုရရှိသည့် မောင်စောဆဲကပေါစေးနှင့် တတိယဆုရရှိသည့် မောင်စတီးရှူတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦးကလည်းကောင်း၊ အမျိုးသား မီတာ(၁၀၀x၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်သက်ဝေဖြိုးနှင့်အဖွဲ့၊ ဒုတိယဆုရရှိသည့် မောင်တင်နိုင်ဝင်းနှင့်အဖွဲ့နှင့်  တတိယဆုရရှိသည့် မောင်ခိုင်မြဲအောင်နှင့်အဖွဲတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါ်ယဉ်ယဉ်နိုင်မှလည်းကောင်း၊ အမျိုးသမီး မီတာ(၄၀၀)အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မနန်းချယ်ရီခမ်း၊ ဒုတိယဆုရရှိသည့် မတင်ဇာနွယ်နှင့် တတိယဆုရရှိသည့် မနေခြည်နွေးတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါ်ခင်မာမာသိန်းကလည်းကောင်း၊

အမျိုးသား မီတာ(၄၀၀)အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်သီဟဇော်၊ ဒုတိယဆုရရှိသည့် မောင်ဖြိုးမောင်မောင်ဟိန်းနှင့် တတိယဆုရရှိသည့် မောင်ချစ်ရအောင်စိုးတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက လည်းကောင်း၊ အမျိုးသား/အမျိုးသမီး (Mix) မီတာ(၁၀၀x၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ပထမဆု ရရှိသည့် မောင်ခိုင်မြဲအောင်နှင့်အဖွဲ့၊ ဒုတိယဆုရရှိသည့် မောင်အောင်ထက်မြတ်နှင့်အဖွဲ့နှင့် တတိယဆုရရှိ သည့် မောင်နေမျိုးအောင်နှင့်အဖွဲ့တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကလည်းကောင်း၊ အမျိုးသမီး မီတာ(၂၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မခင်မိုးအေး၊ ဒုတိယဆုရရှိသည့် မကိမ်ရှန်းဒိတ်ဆာန်နှင့် တတိယဆုရရှိသည့် မချယ်ဇင်ဝင်းတို့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းကလည်းကောင်း၊ အမျိုးသား မီတာ (၂၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်စောဆဲကပေါစေး၊ ဒုတိယဆုရရှိသည့် မောင်ထူးဝဏ္ဏနှင့် တတိယဆုရရှိသည့် မောင်ဟိန်းထက်ငြိမ်းတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း ဆုကြေးငွေများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။