၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ကရင်၊ အောက်တိုဘာ (၈)ရက်။ ၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၈.၁၀.၂၀၂၂) ရက်နေ့ ညနေ ၃နာရီအချိန် အောင်သံလွင်အားကစားကွင်း၊ ဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘောလုံးဆပ်ကော်မတီဝင်များ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကော့ကရိတ်မြို့နယ်အသင်းနှင့် ဘားအံမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ်အသင်းမှ ကော့ကရိတ်မြို့နယ်အသင်းကို (၂:၁)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေအား ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှလည်းကောင်း၊ ဒိုင်လူကြီးအဖွဲ့ […]
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(ဇုန်)အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(ဇုန်)အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ အောက်တိုဘာလ(၆)ရက်။ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ရှမ်းပြည်နယ်အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(ဇုန်)အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ ယနေ့ ညနေ(၁၅:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပြီး ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တာချီလိတ်မြို့နယ်အသင်းနှင့် ဆီဆိုင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆီဆိုင်မြို့နယ်အသင်းမှ တာချီလိတ်မြို့နယ်အသင်းကို ၅ ဂိုး၊ ၁ ဂိုး ဖြင့်အနိုင်ရရှိသွားကြောင်း သိရှိခဲ့ရပါသည်။ အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး […]
မန္တလေးတိုင်းဒေသကြီး၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(JOB Fair)ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(JOB Fair)ကျင်းပ မန္တလေးတိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဉီးစီးဌာနနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် “ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(JOB Fair)ကို (၅.၁၀. ၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ မန္တလာသီရိအားကစားကွင်းရှိ (Multipurpose Stadium)တွင် ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ချီးမြှင့်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်တွင်း/ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီကုမ္ပဏီ(၃၇)ခုမှ တက်ရောက်ခင်းကျင်းပြသခဲ့ကြောင်းနှင့် လူငယ်လူရွယ်(၃၀၀)ဦးနီးပါး တက်ရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းသင်တန်းဆင်းပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းဆင်းပွဲကျင်းပ မုံရွာ၊ အောက်တိုဘာ(၄)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ(၂၀)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းတွင် ကျင်းပရာ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းဆင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးနှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က အသီးသီးအမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်းသိရသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာနှစ်အလိုက် လူငယ်များအလုပ်အကိုင် ရရှိရေးအတွက် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်များအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ဆင်းရဲနွမ်းပါးမှုချော့ချစေရေးအတွက် အထောက်အကူပြုစေရန်၊ […]
၂၀၂၂ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၂ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းကိုနိုင်ငံတော်ရဲ့ ဦးတည်ချက်တစ်ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေးမြင့်မားရေးဆိုတဲ့ အမျိုးသားရေးဦးတည်ချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးထုကျန်းမာကြံ့ခိုင်ပြီးစွမ်းရည်တိုးတက်မြင့်မားရေးအတွက်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်ကရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စုခန်းမ၌ ကျင်းပရာမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌဒေါ်ရီရီဝင်းနှင့်အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြဆရာများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသူများတက်ရောက်ကြသည်။ ရှေးဦးစွာမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌဒေါ်ရီရီဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် ဒီသင်တန်းမှ ဒိုင်သင်တန်းတက်ရောက်သွားကြတဲ့ ဒိုင်များအနေနဲ့လည်းနှစ်စဉ်ကျင်းပတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း (Aerobic) ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများမှာဘက်လိုက်မှုကင်းပြီးတိတိကျကျမှန်ကန်စွာသုံးသပ်ဆုံးဖြတ်နိုင်တဲ့ သမာသမတ်ကျသောဒိုင်လူကြီးများအဖြစ် ဆောင်ရွက်သွားကြရမှာဖြစ်သလိုနည်းပြများအနေဖြင့်လည်းမိမိတာဝန်ကျရာဒေသများတွင် အားကစားသမားများအားအမှတ်ပေးစည်းမျဉ်းနှင့်အညီကစားကွက်များကိုသေချာသင်ကြားပြသ၍ ပြိုင်ပွဲဝင်နိုင်ရေးကိုအစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း၊ ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသလောက် ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြပါရန် ပြောကြခဲ့ပြီးအမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ သင်တန်းသူစုစုပေါင်း(၃၉)ဦး တက်ရောက်ကြပြီး သင်တန်းအား အောက်တိုဘာလ (၁၂)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိ ရသည်။
စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ စစ်ကိုင်း- စက်တင်ဘာ- ၂၈ စဈကိုငွးခရိုငွ အားကစားနှင့ကွာယပညာဦးစီးဌာနနှင့ွ ခရိုငပွှနကွှားရေးနှင့ပွှညသွူ့ဆကဆွံရေးဦးစီးဌာနတို့ ပူးပေါငွး၍ စဈကိုငွးမှို့နယရွှိ ပှညထွောငွ စုတိုငွးရငွးသားလူငယမွှား စှမွးရညဖွှံ့ဖှိုးရေးဒီဂရီကောလိပသွို့ အားကစားနှင့လွူငယရွေးရာ အသိပညာပေး ဟောပှောပှဲကို စကတွငဘွာ(၂၈)ရကွ၊ နံနကွ(၁၀)နာရီက အဆိုပါကှောငွးတှငွ ကငွှးပပှုလုပခွဲ့ကှောငွး သိရသညွ။ ဟောပြောပွဲတွင် ပြည်ထောင် စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်/ဆက် ဦးစီးမှုးက လူငယ်များအသ်ပညာမြင့်မားရေး စာပေဖတ်ရှုလေ့လာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပညာရည်မြင့်မားရေးအတွက် ကြိုးစားသင် ယူနေကြသလို အားကစားများကိုလည်း စိတ်ဝင်စားစွာ လှုပ်ရှားကစားပေးသွားကြစေလိုကြောင်း၊ အားကစားများထဲတွင် ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားများရှိသလို မိမိတို့နှစ်သက်မြတ်နိုးရာ အားကစားကို လှုပ်ရှားကစားသွားကြစေလိုကြောင်း၊ အားကစားလှုပ်ရှားခြင်းဖြင့် […]
၂၀၂၂-ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
၂၀၂၂-ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ မုံရွာ၊ စက်တင်ဘာ(၁၄)ရက်။ ၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး […]
၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ
၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ ၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၁၂.၉.၂၀၂၂ ရက်နေ့ ညနေ ၃း၀၀ နာရီ အချိန် ကျောင်းသားအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး ၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ ပြည်နယ်မိခင်နှင့်ကလေးအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများသည် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ချီတက်အလေးပြုပြီး သတ်မှတ်နေရာယူခဲ့ကာ […]
၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ၁၀.၉.၂၀၂၂ ရက်နေ့ ညနေ ၃ နာရီအချိန် ကျောင်းသားအားကစားကွင်းတွင် အထက.၆ နှင့် အထက ကွေ့ဝမ်း အသင်းတို့ယှဥ်ပြိုင်ကစားခဲ့ရာ အထက ကွေ့ဝမ်း အသင်းမှ ၄ ဂိုး ၃ ဂိုးဖြင့် အုင်ရရှိပြီး ပထမတံခွန်စိုက်ဒိုင်းဆုကြီးကို ဆွတ်ခူးခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသော ဆုများချီးမြှင့်သွားမည်ဖြစ်ပါသည် ။ ပထမ တံခွန်စိုက်ဒိုင်းဆု ရရှိသော အထက ကွေ့ဝမ်းအသင်းအား တစ်ဦးချင်း ၊ ငွေသားဆု ကျပ် ၁၀ သိန်းနှင့် တံခွန်စိုက်ုင်းဆုကြီးကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် […]
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဆက်လက်ကျင်းပ
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဆက်လက်ကျင်းပ ရန်ကုန်၊ စက်တင်ဘာလ(၁၀)ရက်။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ စစ်တုရင်အားကစား ဝါသနာရှင်များလာရောက် ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ နံနက်(၉)နာရီမှစတင်၍ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ပွဲစဉ်(၁) စုလဲ့နန္ဒာ (မန္တလေး)နှင့် အိသင်္ကြန်(ဧရာဝတီ)တွင် (၁-၀) ၊ ပွဲစဉ်(၂) သော်သော်ဇင်(ရှမ်း)နှင့် မျိုးမျိုးသူ(ပဲခူး) တွင် (၀-၁)၊ ပွဲစဉ်(၃) ပန်းပြည့်သခင်(မွန်)နှင့် မြစံပယ်(စစ်ကိုင်း)တွင် (၁-၀)၊ ပွဲစဉ်(၄) နှင်းဝတ်ရည်(မန္တလေး)နှင့် အိပိုးသွယ်(ပဲခူး)တွင် (၁-၀)၊ ပွဲစဉ်(၅) အေးရနံ့သခင်(မွန်)နှင့် လွင်မာစိုး (စစ်ကိုင်း)တွင် (၀-၁)၊ ပွဲစဉ်(၆) စံစံဆွေ(ရခိုင်)နှင့် ဖူးပွင့်ပြည့်စုံ(ရန်ကုန်)တွင် (၁-၀)၊ ပွဲစဉ်(၇) စုမြတ်အိန္ဒြာ(နေပြည်တော်)နှင့် […]