အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို (၈.၈.၂၀၂၃)ရက်နေ့တွင် ဘားအံမြို့ ဇွဲကပင်အဆင့်မြင့်အားကစားကွင်း (လှာကမြင်)တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြပါသည်။ ဗိုလ်လုပွဲတွင် နောင်လုံကျေးရွာနှင့်အမှတ်(၂)ရပ်ကွက်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ နောင်လုံကျေးရွာဘောလုံးအသင်းက (၈ ဂိုး ၇ ဂိုး)ဖြင့်အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်ပြီးဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဒိုင်လူကြီးအဖွဲ့နှင့်ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေအား မြို့နယ်အားကစားမှူး ဒေါ်နော်သြလျာဖော မှလည်းကောင်း၊ ဗိုလ်လုပွဲနေ့ အကောင်းဆုံးအားကစားသမားဆုကို မြို့နယ်လဝကမှူးရုံး ဒု-ဦးစီးမှူး ဒေါ်မိုးကေခိုင်မှလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသည့် အမှတ်(၄+၇)အသင်းအား တတိယလည်ဆွဲဆုကို နတလ ကျောင်းမှ ဒုဦးစီးမှူးဦးခင်မောင်မြင့်မှလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသည့် လှာကမြင်ကျေးရွာ အသင်းအားတတိယလည်ဆွဲဆုကို မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးခင်မောင်ကျော် မှလည်းကောင်း၊ ဒုတိယဆုရရှိသည့် အမှတ်(၂) ဘောလုံးအသင်းအား ဒုတိယလည်ဆွဲဆုကို မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးမျိုးနွယ်ဦး မှလည်းကောင်း၊ ပထမဆုရရှိသည့် နောင်လုံဘောလုံးအသင်းအား ပထမလည်ဆွဲဆုကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး မှလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆုနှင့် နောက်တန်းအကောင်းဆုံးအားကစားဆုကို မြို့နယ်မြေစာရင်းဦးစီးမှူး ဦးကျော်ကျော် မှလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆု အရှေ့တန်းအကောင်းဆုံးဆုနှင့် ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစားသမားဆုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရလွင် မှလည်းကောင်း၊ ပူးတွဲတတိယဆု ဆုကလပ်နှင့်ငွေသားဆုကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိုက်အောင်မှလည်းကောင်း၊ ပူးတွဲတတိယဆု ဆုကလပ်နှင့်ငွေသားဆုကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်နှင့် ဦးဝင်းတင့် မှလည်းကောင်း၊ ဒုတိယဆုရရှိသည့် အမှတ်(၂)ဘောလုံးအသင်းအား ဆုကလပ်နှင့်ငွေသားဆု (၇)သိန်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းမင်းဌေး မှလည်းကောင်း၊ ပထမဆုရရှိသည့် နောင်လုံကျေးရွာဘောလုံးအသင်းအား ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စိုးထင် မှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။