အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးဒဏ်သင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် အဆောက်အဦများအား တတိယအကြိမ် စစ်ဆေးခြင်းနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးဒဏ်သင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် အဆောက်အဦများအား တတိယအကြိမ် စစ်ဆေးခြင်းနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ ၁၆ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် ပြင်းထန် ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆာက်အဦများကို သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင် များက စစ်ဆေးအတည်ပြုပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများအား တတိယအကြိမ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း များ နေထိုင်ခဲ့သည့်ဇမ္ဗူသီရိမြို့နယ်အတွင်း ဘောဂသိဒ္ဓိရပ်ကွက်ရှိ၊ […]

(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့တွင် စခန်းသွင်း‌ လေ့ကျင့်နေသောအားကစားအဖွဲ့များကိုလိုက်လံစစ်ဆေး

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့တွင် စခန်းသွင်း‌ လေ့ကျင့်နေသောအားကစားအဖွဲ့များကိုလိုက်လံစစ်ဆေး ရန်ကုန် ၊ ဧပြီ (၁၅)ရက်။ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး ၊ ယှဉ်ပြိုင်‌ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂) ၊ ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း တို့သည် ယနေ့ နံနက် (၇)နာရီအချိန်က ရန်ကုန်မြို့ ၊ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိရာ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေသော ရိုးရာလှေ ၊ အပြည်ပြည်ဆိုင်ရာလှေ ၊ ကနူး /ကယက်‌လှေ အားကစားနည်းများမှ အမျိုးသား/အမျိုးသမီးများ လေ့ကျင့်နေမှုကို ကြည့်ရှူအားပေးကာ အမှာစကားပြောကြားရာတွင်မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် မလွတ်တမ်း ရွှေတံဆိပ်ဆုကို […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသော အားကစားအဖွဲ့များကို လိုက်လံစစ်ဆေးခြင်း

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသော အားကစားအဖွဲ့များကို လိုက်လံစစ်ဆေးခြင်း ရန်ကုန်၊ ဧပြီလ (၁၃)ရက် ။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများနှင့်အတူ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)(သုဝဏ္ဏ)တွင် ပဏာမလက်ရွေးစင် ဘိလိယက် အားကစားသမားများ စခန်းသွင်း လေ့ကျင့်ရန် လေ့ကျင့်ရေးခန်းမ ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဌ နှင့်အမှုဆောင်များက ကြိုဆိုကြပြီး လေ့ကျင့်ရေးခန်းမပြင်ဆင်နေမှုများနှင့် အဖွဲ့ချုပ်မှ ပူးပေါင်းဆောင်ရွက်မည့် […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ ဧပြီလ (၁၂)ရက် ။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစား နှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများနှင့်အတူ ၂၈.၃.၂၀၂၅ ရက်နေ့၌ တိုက်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့စခန်းဝင်လေ့ကျင့်ရန် ရောက်ရှိနေသည့် ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ ဝူရှူး၊ ဘော်လီဘော၊ ရိုးရာခြင်းလုံး ၊ ပန်ကြပ်ဆီလပ်၊ ပိုက်ကျော်ခြင်း၊ ဘိလိယက် ပဏာမလက်ရွေးစင်အားကစားအဖွဲ့များ ထားရှိရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းရှိ အမျိုးသား/ အမျိုးသမီး (၄)ထပ်အိပ်ဆောင်သို့ ယမန်နေ့ည(၈)နာရီအချိန်တွင် ရောက်ရှိပြီး နေထိုင်စားသောက်မှုများ၊ ရေ၊ မီး၊ အဆင်ပြေရရှိစေရေးတို့အား […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားခြင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားခြင်း နေပြည်တော်၊ ဧပြီ ၁၁ ။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လိုက်ပါလျက် ဧပြီလ ၁၀ ရက် မနက်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားပြိုင်ကွင်းအတွင်းရှိ ပရိသတ် ၂၀၀၀ ဆန့် ဘက်စုံသုံးအားကစားရုံသို့ ရောက်ရှိ ပြီး မန္တလာသီရိပင်မအားကစားကွင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို အားပေးစကားပြောကြားကာ တစ်ဦးချင်းထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော မန္တလေး ငလျင်ဒဏ်ကြောင့် ဘက်စုံသုံးအားကစားရုံမှန်များနှင့် နံရံကွဲအက်မှုများ၊ လက်ဝှေ့အားကစားရုံ […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားခြင်း

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားခြင်း နေပြည်တော်၊ ဧပြီ ၁၀။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ကျောက်ဆည်ခရိုင်အားကစားကွင်းသို့ရောက်ရှိရာ မန္တလေး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော မန္တလေး ငလျင်ဒဏ်ကြောင့် ကျောက်ဆည်ခရိုင်အားကစားကွင်းအနောက်ဘက် အုတ်တံတိုင်း ၅၀ ပေခန့် ပြိုကျပျက်စီးမှု၊ အရှေ့မြောက်ဘက် အုတ်တံတိုင်း ၉၅၀ ပေခန့် ပြိုကျပျက်စီးမှု၊ ကွင်းအရှေ့ဘက်ရှိ အလျား ၆၀ ပေ အနံ ၂၅ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်‌ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားသမားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်‌ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားသမားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ ၈ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်နှင့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းမိသားစုများသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်း များ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားသမားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစား‌လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ (Multipurpose Hall) ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အပြင်းစားငလျင်ဒဏ်နှင့် နောက်ဆက်တွဲ ငလျင်ဒဏ်များကြောင့် […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် PENANE Invitational Judo Championship 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် PENANE Invitational Judo Championship 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဧပြီ ၇ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ကျင်းပပြုလုပ်မည့် PENANE Invitational Judo Championship 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြားခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ (Multipurpose Hall)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားအဖွဲ့များမှ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်များကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ရုံးပြောင်းရွှေ့မှုအခြေအနေများနှင့် ဌာနခွဲအလိုက် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရုံးခန်းနေရာ ယာယီဖွင့်လှစ် ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်များကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ရုံးပြောင်းရွှေ့မှုအခြေအနေများနှင့် ဌာနခွဲအလိုက် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရုံးခန်းနေရာ ယာယီဖွင့်လှစ် ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော် ဧပြီ ၆ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ၂၈-၃-၂၀၂၅ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အင်အားပြင်း ငလျင်နှင့် နောက်ဆက်တွဲလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်များကြောင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန မှ ရုံးခန်းနေရာများ ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် လူငယ်ရေးရာဉီးစီးဌာနရုံး ယာယီပြောင်းရွှေ့ထားမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ အဆောက်အဦအတွင်းရှိ ရုံးသုံးပရိဘောဂပစ္စည်းများကို တပ်မတော်(ရေ)မှ စစ်သည်များက သယ်ဆောင်ပြောင်းရွှေ့ကူညီပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုများ ရရှိစေရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်အသီးသီးနှင့် တွေ့ဆုံအစည်းအဝေးကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုများ ရရှိစေရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်အသီးသီးနှင့် တွေ့ဆုံအစည်းအဝေးကျင်းပ ရန်ကုန်၊ ဧပြီလ (၆)ရက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ ဝင်ရောက် ယှဉ်ပြိုင်အောင်မြင်မှု များ ရရှိစေရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်အသီးသီးနှင့် တွေ့ဆုံသည့် အစည်းအဝေး ကို ယနေ့နေ့လယ် (၁၃:၀၀)နာရီမှ (၁၇:၃၀) နာရီအချိန်အထိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာမြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်အသီးသီးမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌ များ၊ အတွင်းရေးမှူးများနှင့် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားဟောင်းကြီးများ တက်ရောက်ကြပါသည်။ အစီအစဉ်အရ အစည်းအဝေးပထမပိုင်းအဖြစ် ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ ဝူရှူး၊ ဘော်လီဘော၊ ခြင်းလုံး၊ […]