အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)ပွဲစဥ် မြန်မာ နှင့် အိုမန် အသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက်

၂၀၂၆ ခုနှစ် အာရှဖလား ခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)၏ ပြိုင်ပွဲ ပွဲစဉ်များကိုယနေ့ညနေ(၄)နာရီအချိန်တွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ လူငယ်အားကစား လေ့ကျင့်ရေး စခန်းသုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဘောလုံးအားကစား ဝါသနာရှင်ပရိသတ်များတစ်ခဲနက်လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ပြိုင်ပွဲတွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းနှင့် အိုမန် U-17 အမျိုးသား ဘောလုံး အသင်း တို့သည် ပထမပိုင်း ၄၅ မိနစ်တွင် ဂိုးရရှိရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့သည်။

ဆက်လက်ပြီး ဒုတိယပိုင်းအား ယှဉ်ပြိုင်ကစားခဲ့ရာ ၆၃ မိနစ် ၂၀ စက္ကန့်တွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းမှ ကျောနံပါတ် (၅) အသင်းခေါင်းဆောင် အောင်သီဟက ပထမဦးဆောင်ဂိုးကိုလည်းကောင်း ၊ ၆၆မိနစ်၄၀စက္ကန့် တွင် ကျောနံပါတ်(၁၀) ညီညီသန့်က ဒုတိယဂိုးကိုလည်းကောင်း ထပ်မံသွင်းယူနိုင်ခဲ့ပြီး အိုမန် U-17 အမျိုးသားဘောလုံးအသင်းက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့သည့်အတွက် ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာ U-17 အမျိုးသားဘောလုံး အသင်းက အိုမန် U-17 အမျိုးသားဘောလုံးအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

၂၀၂၅ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ တွင် မြန်မာ U-17 အမျိုးသားဘောလုံး အသင်းနှင့်ဆီးရီးယားU-17 အမျိုးသားဘောလုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။