အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့် အပြာရောင်အဆင့် ပြန်လည်ပြုပြင်ပြီးသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦးများတွင် ဝန်ထမ်းများ ပြန်လည်ပြောင်းရွှေ့ နေထိုင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ပိုင်းတွင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် မန္တလေးပြင်းထန် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာ အဆာက်အဦများအနက် အပြာရောင်အဆင့်သတ်မှတ်၍ ပြန်လည်ပြုပြင်ပြီးသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦးများတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများ ပြန်လည်ပြောင်းရွှေ့နေထိုင်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း များ နေထိုင်ခဲ့သည့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ တိုက်အမှတ် ၈၂၁၊ ၈၂၂ နှင့် တိုက်အမှတ် ၇၄၇ တို့အားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဘူးကွဲအိမ်ရာရှိ တိုက်အမှတ် ၅၃၅၀ နှင့် ၅၃၅၁ တို့တွင်လည်းကောင်း ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပြန်လည်ပြောင်းရွှေ့နေထိုင်နေမှုများနှင့် ငလျင်ဘေးဒဏ်ကြောင့် ရေဆင်းမြောင်း ပြိုကျပျက်စီး၍ ပိတ်ဆို့နေမှုများ၊ မီးဖိုခန်းနှင့် ဘေစင်ရေပိုက်လိုင်းများ၊ ရေတိုင်ကီရေစိမ့်ထွက်နေမှုများ၊ အုတ်နံရံ ရေယိုစိမ့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းအိမ်ရာများအား တာဝန်ယူ၍ ပြန်လည် တည်ဆောက်ပြုပြင်ပေးလျက်ရှိသည့် သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများကို လိုအပ်သည်များ အမြန်ဆုံးပြန်လည် ပြုပြင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရေ၊ မီး၊ မိလ္လာ သုံးစွဲမှုများ အဆင်ပြေ စေရေး၊ မီးဘေးအန္တရာယ်မဖြစ်စေရေးနှင့် အသက်ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် သတိ ဝီရိယရှိရှိ နေထိုင်သွားကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များ၏ အခက်အခဲများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြသွားရန်နှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများထဲတွင် မပါရှိခဲ့သော်လည်း တည်ဆောက်ထားမှုနှင့် လူနေထိုင်မှု သက်တမ်းကာလ ကြာမြင့်သည့်အတွက် ခြစား၍ ပျက်စီးယိုယွင်းလျက်ရှိသည့် အဝင်တံခါးနှင့် ရေချိုးခန်းတံခါးကျီးဘောင်များအား ပြန်လည်ပြုပြင်ပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာ အိမ်ရာ ကော်မတီထံသို့ တင်ပြဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြား ခဲ့ပြီးနောက် အိမ်ရာတွင်နေထိုင်သည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များကလည်း မိမိတို့ နေထိုင်သည့် တိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အဆောက်အဦများ ရေရှည်တည်တံ့စေရေးတို့အတွက် အချင်းချင်း မိသားစုစိတ်ဓာတ်ထားရှိပြီး စည်းစည်းလုံးလုံးဖြင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများ၏ လိုအပ်ချက်များနှင့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။