၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲသို့ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီ နာယက ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပါဝင်ဆင်နွှဲ
![]()
၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲသို့ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီ နာယက ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပါဝင်ဆင်နွှဲ နေပြည်တော်၊ ဒီဇင်ဘာ(၂၀) ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ (တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း ရှေ့၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် ဒုတိယမြို့တော်ဝန်၊နေပြည်တော်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ပျဉ်းမနားခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ပြည်သူလူထုနှင့်ကျောင်းသားလူငယ်များ စုစုပေါင်းအင်အား ၈၅၀ ကျော် ပါဝင်ဆင်နွှဲကြသည်။ ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က ခရာမှုတ်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ပေါင်းလောင်း အားကစားကွင်းရှေ့မှ ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက် […]
နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲ အင်အား ၃၆၀၀ ကျော် ပျော်ရွှင်စွာပါဝင်ဆင်နွှဲ
![]()
နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲ အင်အား ၃၆၀၀ ကျော် ပျော်ရွှင်စွာပါဝင်ဆင်နွှဲ နေပြည်တော် ဒီဇင်ဘာ ၂၀ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအင်အား ၃၆၀၀ ကျော် ပျော်ပျော်ရွှင်ရွှင်စည်ကား သိုက်မြိုက်စွာပါဝင်ဆင်နွှဲကြသည်။ ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ခရာမှုတ်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဂိတ်အမှတ်(၁)မှ စတင်တာထွက်ကြပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ဂိတ်(A) ရှေ့အထိ ပျော်ပျော်ပါးပါးလမ်းလျှောက်ကြသည်၊၊ ထို့နောက် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း […]
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ဆု၊ ကြေးတံဆိပ်(၃)ဆုရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့၊ရွက်လှေအားကစားအဖွဲ့နှင့်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့သော အားကစားအဖွဲ့များပြန်လည်ရောက်ရှိ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ဆု ၊ကြေးတံဆိပ်(၃)ဆုရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့၊ရွက်လှေအားကစားအဖွဲ့နှင့်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့သော အားကစားအဖွဲ့များပြန်လည်ရောက်ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၁၉ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား( ၄)ယောက်တွဲ ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိသောဇင်မင်းဦး၊အောင်မျိုးကျော်၊သန့်ဇင်ထွန်း၊ဇော်မင်းခန့်၊ရှိန်းဝဏ္ဏဇော်၊ရန်ပိုင်ဦးအတွဲ၊အမျိုးသမီး(၄)ယောက်တွဲပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိသောဖြူဖြူသန်း၊ဖူးဖူး၊နေခြည်နွေး၊ယမုံဇင်၊ခင်နှင်းဝေ၊ချယ်ရီလင်းသစ်အတွဲ၊အမျိုးသား/အမျိုးသမီး(၄) ယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသောရှိန်းဝဏ္ဏဇော်၊ဇင်မင်းဦး၊ဇော်မင်းခန့်၊ဖြူဖြူသန်း၊ဖူးဖူး၊နှင်းနှင်းဝေအတွဲ၊ရွက်လှေအားကစားနည်းမှအမျိုးသားBoy’s ILCA4ပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိသောခွန်ထွန်းဦးတို့နှင့်အတူပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့သော အားကစားအဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာအားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများက ဂုဏ်ပြုကြိုဆိုကြကြောင်းသိရသည်။
မြန်မာနိုင်ငံအတွက် ရိုးရာလှေလှော်အားကစားနည်းမှ ငွေတံဆိပ်ဆု ၁ ခုနှင့်ကြေးတံဆိပ်ဆု ၂ ခု၊ လက်ဝှေ့အားကစားနည်းမှ ကြေးတံဆိပ်ဆု ၄ ခု၊ စုစုပေါင်း ဆုတံဆိပ် ၇ ခု ထပ်မံဆွတ်ခူးရရှိ
![]()
မြန်မာနိုင်ငံအတွက် ရိုးရာလှေလှော်အားကစားနည်းမှ ငွေတံဆိပ်ဆု ၁ ခုနှင့်ကြေးတံဆိပ်ဆု ၂ ခု၊ လက်ဝှေ့အားကစားနည်းမှ ကြေးတံဆိပ်ဆု ၄ ခု၊ စုစုပေါင်း ဆုတံဆိပ် ၇ ခု ထပ်မံဆွတ်ခူးရရှိ ထိုင်း၊ ဒီဇင်ဘာ ၁၉(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့များရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်း အနေဖြင့် ခရစ်ကတ်၊ သေနတ်ပစ်၊ ဖူဆယ်၊ ဘော်လီဘော၊ အပြည်ပြည်ဆိုင်ရာလှေ၊ နဂါးလှေ၊ နပန်း၊ မြင်းစီးပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစား အဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ် […]
မြန်မာနိုင်ငံအတွက် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု၊ မွေအားကစားနည်းမှ ကြေးတံဆိပ် ၉ ခု၊ နပန်းအားကစားနည်းမှ ကြေးတံဆိပ် ၃ ခု၊ ရိုးရာလှေအားကစားနည်းမှ ကြေးတံဆိပ် ၂ ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၇ ခု ထပ်မံဆွတ်ခူးရရှိ
![]()
မြန်မာနိုင်ငံအတွက် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု၊ မွေအားကစားနည်းမှ ကြေးတံဆိပ် ၉ ခု၊ နပန်းအားကစားနည်းမှ ကြေးတံဆိပ် ၃ ခု၊ ရိုးရာလှေအားကစားနည်းမှ ကြေးတံဆိပ် ၂ ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၇ ခု ထပ်မံဆွတ်ခူးရရှိ ထိုင်း၊ ဒီဇင်ဘာ ၁၈(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်း အနေဖြင့် ခရစ်ကတ်၊ ကဘာဒီ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ နဂါးလှေ၊ နပန်း၊ ရွက်လှေ၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ […]
လူငယ်ငြိမ်းချမ်းရေးဖိုရမ်၂၀၂၆ (Youth Peace Forum 2026) ဖိတ်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
လူငယ်ငြိမ်းချမ်းရေးဖိုရမ်၂၀၂၆ (Youth Peace Forum 2026) ဖိတ်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၁၈ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) ဖိတ်ကြားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက Inperson စနစ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုရေးရာဝန်ကြီး များက Virtual စနစ် ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးတွင် အားလုံးပါဝင်သော လူငယ်များ၏ ဆောင်ရွက်ချက်များ အရေးကြီးသည်ကို ပေါ်လွင်စေရန်၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသား […]
မြန်မာနိုင်ငံအတွက် အပြည်ပြည်ဆိုင်ရာလှေအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂ ခု ထပ်မံဆွတ်ခူးရရှိ
![]()
မြန်မာနိုင်ငံအတွက် အပြည်ပြည်ဆိုင်ရာလှေအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂ ခု ထပ်မံဆွတ်ခူးရရှိ ထိုင်း၊ ဒီဇင်ဘာ ၁၇ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်း အနေဖြင့် ပိုက်ကျော်ခြင်း၊ စကွက်ရ်၊ စက်ဘီး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ကဘာဒီ၊ ခရစ်ကတ်၊ လက်ဝှေ့၊ ဘိလိယက်နှင့်စနူကာ၊ ဖူဆယ်၊ E-sports၊ အပြည်ပြည်ဆိုင်ရာလှေ၊ မြင်းစီး၊ နပန်းနှင့် ရွက်လှေပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ထိုင်းနိုင်ငံဆိုင်ရာ […]
ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနမှ အမျိုးသမီးများ လူငယ်များနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာသင်တန်းတွင် ပါဝင်ဆွေးနွေး
![]()
ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနမှ အမျိုးသမီးများ လူငယ်များနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာသင်တန်းတွင် ပါဝင်ဆွေးနွေး ပဲခူး၊ ဒီဇင်ဘာ ၁၇ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာ၌ ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က အမျိုးသမီးများ လူငယ်များနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်အနား ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက အဖွင့်အမှာ စကားပြော၍ သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူကျော် က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ သင်တန်းတက်ရောက်သူများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပါသည်။ သင်တန်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစည်သူထွန်းက လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ် ရေးရာမူဝါဒပါ လူငယ်ကဏ္ဍ(၁၆)ရပ်အား ရှင်းလင်းတင်ပြဆွေးနွေးပြီး သံယံဇာတသုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးကဏ္ဍသည် လူငယ်များအတွက် အရေးပါကြောင်း ၎င်းကဏ္ဍနှင့် ပတ်သက်၍ လုပ်ငန်းစဉ် (၃) ရပ် ဆောင်ရွက်ချက် (၁၂) […]
မြန်မာနိုင်ငံအတွက် ကစ်ဘောက်ဆင်ကစားနည်းမှ ငွေတံဆိပ် ၂ ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ ဝူရှူးအားစားနည်းမှ ကြေးတံဆိပ် ၁ ခု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့အထိ မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁၉ ခု၊ ကြေးတံဆိပ် ၂၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၅ ခုတို့ဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်
![]()
မြန်မာနိုင်ငံအတွက် ကစ်ဘောက်ဆင်ကစားနည်းမှ ငွေတံဆိပ် ၂ ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ ဝူရှူးအားစားနည်းမှ ကြေးတံဆိပ် ၁ ခု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့အထိ မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁၉ ခု၊ ကြေးတံဆိပ် ၂၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၅ ခုတို့ဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည် ထိုင်း၊ ဒီဇင်ဘာ ၁၆ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်းအနေဖြင့် စက်ဘီး၊ မြားပစ်၊ သေနတ်ပစ်၊ ဘိုးလင်း၊ […]
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၄)ဆု၊ ကြေးတံဆိပ်(၅)ဆု ရရှိခဲ့သည့် ပြေးခုန်ပစ်၊ လမ်းလျှောက်ပြိုင်ပွဲ၊ ကရာတေး၊ ဘိလိယက်၊ ပိုက်ကျော်ခြင်း အားကစားအဖွဲ့များနှင့် အုပ်ချုပ်မှုအဖွဲ့များ ပြန်လည်ရောက်ရှိ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၄)ဆု၊ ကြေးတံဆိပ်(၅)ဆု ရရှိခဲ့သည့် ပြေးခုန်ပစ်၊ လမ်းလျှောက်ပြိုင်ပွဲ၊ ကရာတေး၊ ဘိလိယက်၊ ပိုက်ကျော်ခြင်း အားကစားအဖွဲ့များနှင့် အုပ်ချုပ်မှုအဖွဲ့များ ပြန်လည်ရောက်ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ် အားကစားနည်းမှ အမျိုးသား(၂၀)ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲတွင်ဒုတိယငွေတံဆိပ်ဆုရ နိုင်လင်းထွန်း၊ အမျိုးသမီး(၂၀)ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ဇင်မေထက် ၊ ကရာတေး အားကစားနည်းမှ အမျိုးသမီး(-50Kg) Kumite ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ဖလောရင့်နေခြည်ထွန်း၊ အမျိုးသမီး(-61Kg) Kumite ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သင်ဇာယွန်း၊ ဂျူဒိုအားကစားနည်းမှ အမျိုးသမီး(-78Kg) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ အေးအေးအောင် […]