![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၄)ဆု၊ ကြေးတံဆိပ်(၅)ဆု ရရှိခဲ့သည့် ပြေးခုန်ပစ်၊ လမ်းလျှောက်ပြိုင်ပွဲ၊ ကရာတေး၊ ဘိလိယက်၊ ပိုက်ကျော်ခြင်း အားကစားအဖွဲ့များနှင့် အုပ်ချုပ်မှုအဖွဲ့များ ပြန်လည်ရောက်ရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ် အားကစားနည်းမှ အမျိုးသား(၂၀)ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲတွင်ဒုတိယငွေတံဆိပ်ဆုရ နိုင်လင်းထွန်း၊ အမျိုးသမီး(၂၀)ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ဇင်မေထက် ၊ ကရာတေး အားကစားနည်းမှ အမျိုးသမီး(-50Kg) Kumite ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ဖလောရင့်နေခြည်ထွန်း၊ အမျိုးသမီး(-61Kg) Kumite ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သင်ဇာယွန်း၊ ဂျူဒိုအားကစားနည်းမှ အမျိုးသမီး(-78Kg) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ အေးအေးအောင် ၊ အမျိုးသား/ အမျိုးသမီး (Mix Team) အသင်းလိုက်ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆုရ ထူးအောင်ကျော်၊ အောင်အောင်၊ ကျော်မင်းသူ၊ မင်းသန့်သူ တို့အတွဲ ၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆုရ နမ့်မေသူထွေး၊ လိုင်ရိုအင်း၊ သီရိအောင်၊ ကြူကြူသင်းတို့အတွဲ ၊ ဘိလိယက်အားကစားနည်းမှ အမျိုးသား Snooker 6-Red Team ပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆုရ ဝင်းကိုကို နှင့် အားကစားအဖွဲ့ဝင်များ၊ အုပ်ချုပ်မှုအဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများက ဂုဏ်ပြုကြိုဆိုကြကြောင်းသိရသည်။

