အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ဆု ၊ကြေးတံဆိပ်(၃)ဆုရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့၊ရွက်လှေအားကစားအဖွဲ့နှင့်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့သော အားကစားအဖွဲ့များပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ရက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား( ၄)ယောက်တွဲ ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိသောဇင်မင်းဦး၊အောင်မျိုးကျော်၊သန့်ဇင်ထွန်း၊ဇော်မင်းခန့်၊ရှိန်းဝဏ္ဏဇော်၊ရန်ပိုင်ဦးအတွဲ၊အမျိုးသမီး(၄)ယောက်တွဲပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိသောဖြူဖြူသန်း၊ဖူးဖူး၊နေခြည်နွေး၊ယမုံဇင်၊ခင်နှင်းဝေ၊ချယ်ရီလင်းသစ်အတွဲ၊အမျိုးသား/အမျိုးသမီး(၄) ယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသောရှိန်းဝဏ္ဏဇော်၊ဇင်မင်းဦး၊ဇော်မင်းခန့်၊ဖြူဖြူသန်း၊ဖူးဖူး၊နှင်းနှင်းဝေအတွဲ၊ရွက်လှေအားကစားနည်းမှအမျိုးသားBoy’s ILCA4ပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိသောခွန်ထွန်းဦးတို့နှင့်အတူပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့သော အားကစားအဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာအားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများက ဂုဏ်ပြုကြိုဆိုကြကြောင်းသိရသည်။