အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအတွက် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု၊ မွေအားကစားနည်းမှ ကြေးတံဆိပ် ၉ ခု၊ နပန်းအားကစားနည်းမှ ကြေးတံဆိပ် ၃ ခု၊ ရိုးရာလှေအားကစားနည်းမှ ကြေးတံဆိပ် ၂ ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၇ ခု ထပ်မံဆွတ်ခူးရရှိ

ထိုင်း၊ ဒီဇင်ဘာ ၁၈
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်း အနေဖြင့် ခရစ်ကတ်၊ ကဘာဒီ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ နဂါးလှေ၊ နပန်း၊ ရွက်လှေ၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ဇနီးဒေါ်ခင်မိုးမိုးခိုင်၊ စစ်သံမှူးကြီး ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့်ဇနီး ဒေါ်စန္ဒာခိုင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် မြန်မာအားကစားအသင်းမှ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့်အတူ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့ရှိ The Royal Thai Navy Rowing and Canoeing Training Center, Rayong ၌ ကျင်းပလျက်ရှိသည့် ရိုးရာလှေအားကစားနည်း နဂါးလှေလှော် Men Small Boad မီတာ ၂၀၀၊ Women Small Boad မီတာ ၂၀၀ နှင့် Mixed Standard Boad မီတာ ၂၀၀ ပြိုင်ပွဲများတွင် မြန်မာအသင်းမှ အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
အလားတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များလိုက်ပါလျက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Nakhonpathom Sports Center Bangkok ၌ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ ဇင်မင်းဦး၊ အောင်မျိုးကျော်၊ သန့်ဇင်ထွန်း၊ ဇော်မင်းခန့်၊ ရှိန်းတဏ္ဏဇော်နှင့် ရန်ပိုင်ဦး တို့အတွဲနှင့် လာအိုအသင်းမှ အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုအားလည်းကောင်း၊ အမျိုးသမီး လေးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ အားကစားသမား ဖြူဖြူသန်း၊ ဖူးဖူး၊ နေခြည်နွေး၊ ယမုံဇင်၊ ခင်နှင်းဝေ၊ ချယ်ရီလင်းသစ်တို့အတွဲနှင့် ဗီယက်နမ်အသင်းမှ အားကစားသမား တို့၏ ယှဉ်ပြိုင်နေမှုများအားလည်းကောင်း၊ အမျိုးသားလေးယောက်တွဲ ဗိုလ်လုပွဲပြိုင်ပွဲတွင် မြန်မာ အသင်းမှ ဇင်မင်းဦး၊ အောင်မျိုးကျော်၊ သန့်ဇင်ထွန်း၊ ဇော်မင်းခန့်၊ ရှိန်းတဏ္ဏဇော်နှင့် ရန်ပိုင်ဦးတို့အတွဲ နှင့် ဗီယက်နမ်အသင်းမှ အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုအားလည်းကောင်း၊ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
မြန်မာအသင်းအနေဖြင့် ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ခရစ်ကတ်အားကစားနည်း အမျိုးသမီး T20i အကြိုဗိုလ်လုပွဲပြိုင်ပွဲ၊ ကဘာဒီအားကစားနည်း အမျိုးသား Three Stars အုပ်စုပွဲစဉ်နှင့် ဗိုလ်လုပွဲ ပြိုင်ပွဲများ၊ ဘော်လီဘောအမျိုးသားပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းအားးကစားနည်း အမျိုးသား/အမျိုးသမီး လေးယောက်တွဲ အုပ်စုပွဲစဉ်နှင့် အကြိုဗိုလ်လုပွဲပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ် အမျိုးသား တစ်ဦးချင်း အုပ်စုပွဲစဉ်ပြိုင်ပွဲ၊ ရိုးရာလှေအားကစားနည်း နဂါးလှေလှော် Men Small Boad မီတာ ၂၀၀၊ Women Small Boad မီတာ ၂၀၀ နှင့် Mixed Standard Boad မီတာ ၂၀၀ ပြိုင်ပွဲများ၊ နပန်း အားကစားနည်း Women’s Freestyle -50 Kg၊- 53 Kg နှင့် -57 Kg အုပ်စုပတ်လည်ပြိုင်ပွဲများ၊ ရွက်လှေအားကစားနည်း အမျိုးသား+အမျိုးသမီး SSL47 နောက်ဆုံးအဆင့် အုပ်စုပွဲစဉ်ပြိုင်ပွဲ များတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ရိုးရာလှေအားကစားနည်း နဂါးလှေလှော် Men Small Boad မီတာ ၂၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းမှ တင်ကိုကို၊ ပြည့်စုံအောင်၊ ယုယမောင်၊ ထွန်းထွန်းလင်း၊ စောနိုင်လင်းကျော်၊ ဝေယံဦး၊ ကျော်စွာဝင်း၊ စောကောင်းကောင်းစံ၊ ဇော်ဇော်ထွန်း၊ စောအယ်ထီးဂေါ်၊ ထွန်းသက်ဇော်၊ ထန်လျန်းကျင့်၊ စိုင်းမင်းမော်နှင့် ထက်ဝေဖြိုးတို့အတွဲက ကြေးတံဆိပ်တစ်ခုကိုလည်းကောင်း၊ အမျိုးသား+အမျိုးသမီး Mixed Standard Boad မီတာ ၂၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းမှ တင်ကိုကို၊ ပြည့်စုံအောင်၊ ယုယမောင်၊ ထွန်းထွန်းလင်း၊ ဝေယံဦး၊ ကျော်စွာဝင်း၊ စောကောင်းကောင်းစံ၊ ဇော်ဇော်ထွန်း၊ စောအယ်ထီးဂေါ်၊ ထွန်းသက်ဇော်၊ ထန်လျန်းကျင့်၊ စိုင်းမင်းမော်၊ ထက်ဝေဖြိုး၊ လှလှထွေး၊ ဝင်းဝင်းထွေး၊ စိုးစိုးကျော်၊ စန်းစန်းမိုး၊ သီတာဦး၊ မာန်ဟွဲ့ဖောင်၊ ဖြူဖြူအောင်၊ နော်ထဲဆိုဖော၊ အိအိချော၊ နွေးအိဖြူ၊ သဉ္ဇာမြင့်ဇွန်၊ လင်းလင်းကျော်နှင့် ချိုချိုလွင်တို့အတွဲက ကြေးတံဆိပ်တစ်ခုကိုလည်းကောင်း၊ စုစုပေါင်း ဆုတံဆိပ် ၂ ခုကို ထပ်မံဆွတ်ခူး ရယူပေးနိုင်ခဲ့သည်။
ရွက်လှေအားကစားနည်း အမျိုးသား+အမျိုးသမီး SSL47 ပြိုင်ပွဲတွင် မြန်မာအသင်းမှ စည်သူမိုးမြင့်၊ စိုင်းပြည့်စုံဟိန်း၊ အောင်မြင်သူ၊ မင်းသော်ကောင်း၊ မင်းမင်း၊ ဇွဲသူရ၊ စောသောသီထူး၊ စည်သူဟိန်း၊ သန့်ဇော်ဦး၊ စုမြတ်စိုး၊ နန်းခမ်းဆေးနှင့် ခင်ညိုလင်းတို့အတွဲက ကြေးတံဆိပ်ဆု ၁ ခုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသမီး လေးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ အားကစားသမား ဖြူဖြူသန်း၊ ဖူးဖူး၊ နေခြည်နွေး၊ ယမုံဇင်၊ ခင်နှင်းဝေနှင့် ချယ်ရီလင်းသစ်တို့အတွဲက ကြေးတံဆိပ်ဆု ၁ ခုကိုလည်းကောင်း၊ အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲ တွင် မြန်မာအသင်းမှ ဇင်မင်းဦး၊ အောင်မျိုးကျော်၊ သန့်ဇင်ထွန်း၊ ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်နှင့် ရန်ပိုင်ဦး တို့အတွဲက ငွေတံဆိပ်ဆု ၁ ခုကိုလည်းကောင်း၊ စုစုပေါင်း ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခုတို့ကို အသီးသီး ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
နပန်းအားကစားနည်းမှ အမျိုးသမီး -၅၀ ကီလိုတန်းပြိုင်ပွဲတွင် ခိုင်စပါယ်က ကြေးတံဆိပ်ဆု ကိုလည်းကောင်း၊ -၅၃ ကီလိုတန်းပြိုင်ပွဲတွင် ခင်ခင်စုက ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ -၅၇ ကီလိုတန်းပြိုင်ပွဲတွင် သဲသိမ့်သိမ့်သူက ကြေးတံဆိပ်ဆုကိုလည်းကောင်း စုစုပေါင်း ကြေးတံဆိပ်ဆု ၃ ခုကို အသီးသီး ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
ယမန်နေ့ ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် မွေအားကစားနည်း ၅၄ ကီလိုတန်းပြိုင်ပွဲတွင် စောခိုင်ရဲလင်းနှင့် မာလာဝင်းတို့က ကြေးတံဆိပ်တစ်ခုစီကိုလည်းကောင်း၊ ၅၇ ကီလိုတန်း ပြိုင်ပွဲတွင် ဉမ္မာစိုးနှင့် စောအတစ်တို့ကကြေးတံဆိပ်တစ်ခုစီကိုလည်းကောင်း၊ ၅၁ ကီလိုတန်း ပြိုင်ပွဲတွင် ထန်းခွီးရှိန်က ကြေးတံဆိပ်တစ်ခုကိုလည်းကောင်း၊ ၇၁ ကီလိုတန်းပြိုင်ပွဲတွင် ထွန်းမင်းအောင်က ကြေးတံဆိပ် တစ်ခုကိုလည်းကောင်း၊ ၆၃ ကီလိုတန်းပြိုင်ပွဲတွင် ရေချမ်းက ကြေးတံဆိပ်တစ်ခုကိုလည်းကောင်း၊ ၆၀ ကီလိုတန်းပြိုင်ပွဲတွင် အဲလိဇဘက်ကျိန်ဇဟွဲက ကြေးတံဆိပ် တစ်ခုကိုလည်းကောင်း၊ ၄၅ ကီလိုတန်း ပြိုင်ပွဲတွင် စောမြတ်မိုးက ကြေးတံဆိပ်တစ်ခုကို လည်းကောင်း စုစုပေါင်း ကြေးတံဆိပ် ၉ ခုတို့ကို အသီးသီး ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ ၁၈ ရက်နေ့၏ ပြိုင်ပွဲများ အပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၂၀ ခု၊ ကြေးတံဆိပ် ၄၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၆၄ ခုတို့ဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရသည်။