![]()
ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနမှ အမျိုးသမီးများ လူငယ်များနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာသင်တန်းတွင် ပါဝင်ဆွေးနွေး
ပဲခူး၊ ဒီဇင်ဘာ ၁၇
ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာ၌ ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က အမျိုးသမီးများ လူငယ်များနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်အနား ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက အဖွင့်အမှာ စကားပြော၍ သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူကျော် က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ သင်တန်းတက်ရောက်သူများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပါသည်။
သင်တန်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစည်သူထွန်းက လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ် ရေးရာမူဝါဒပါ လူငယ်ကဏ္ဍ(၁၆)ရပ်အား ရှင်းလင်းတင်ပြဆွေးနွေးပြီး သံယံဇာတသုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးကဏ္ဍသည် လူငယ်များအတွက် အရေးပါကြောင်း ၎င်းကဏ္ဍနှင့် ပတ်သက်၍ လုပ်ငန်းစဉ် (၃) ရပ် ဆောင်ရွက်ချက် (၁၂) ချက်ရှိကြောင်း ယခုအခါ လုပ်ငန်းစဉ် (၂) ရပ် နှင့် ဆောင်ရွက်ချက်(၆) ရပ်ကို အထူးအလေးပေးဆောင်ရွက်နေကြောင်း သယံဇာတသုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် လူငယ်များ ပိုမို ပူးပေါင်းပါဝင်စေရန်နှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတွင် လူငယ်များ ပိုမိုတက်ကြွ ထိရောက်စွာ ပါဝင်လာစေရန် လုပ်ငန်းစဉ် (၂)ရပ် ဖြစ်ကြောင်း၊ လူငယ်များကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်း ဥပဒေ နည်းဥပဒေများအား အသိပညာပေးခြင်း နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ဆောင်သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်များတွင် လူငယ်များပါဝင်မှုကို မြှင့်တင်ခြင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ခြင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူထုလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်း နှီးနှောဖလှယ်ပွဲများ တက်ရောက်စေခြင်းနှင့် လေ့လာရေးခရီးစဉ်များ ဆောင် ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးဖို့လိုကြောင်း ဆောင်ရွက်သွားရန် အချက်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။
ပဲခူတိုင်းဒေသကြီးလူငယ်စင်တာကို ရွှေမော်ဓောဘုရားလမ်းနှင့် ရှင်စောပုလမ်းထောင့်တွင် ဖွင့်လှစ်ထားရှိပြီး လူငယ်တိုင်း ကျန်းမာ ကြံ့ခိုင်ပြီး အသိပညာဗဟုသုတများ ပြည့်စုံစေရန်အတွက် လူငယ်စင်တာတွင် Gym ခန်း ဖွင့်လှစ်ထား၍ လာရောက်ကစားနိုင်ကြောင်း၊ စာကြည့်တိုက်တွင် လည်း စာအုပ်စာပေများ လာရောက်ဖတ်ရှုလေ့လာနိုင်ကြောင်း၊ ကွန်ပျူတာသင်တန်း ပန်းချီ သင်တန်း ဂီတအနုပညာသင်တန်းများလည်း ဖွင့်လှစ်သွားမည်ဖြစ်၍ သင်တန်းများလာရောက် တက်ရာက်ရန် ဖိတ်ခေါ်ပါကြောင်း နှင့် လူငယ်စင်တာ၏ အဓိပ္ပါယ် ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် ဖွင့်လှစ်သွားမည့် အစီအစဉ်များအား သင်တန်းသား သင်တန်းသူများနှင့် အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။




