ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ
![]()
ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ ရန်ကုန် ၊ မတ် ၂၉ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်၌ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦး၊ အထွေထွေအတွင်းရေးမှူး၊ အမှုဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ပါသည်။ ဦးစွာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦး ကသင်တန်းသား/ သင်တန်းသူများ၏ တစ်ဦးချင်းပြိုင်ပွဲ ပစ်ခတ်နေမှုများအား ကြည့်ရှုအားပေးပြီး အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော စံမင်းမြတ်အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး […]
မြန်မာနိုင်ငံလူငယ်ရေးဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
![]()
မြန်မာနိုင်ငံလူငယ်ရေးဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ နေပြည်တော်၊ မတ် ၂၈ မြန်မာနိုင်ငံလူငယ်ရေးဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ရှေးဦးပြုစုခြင်း(First Aid)သည် ထိခိုက်ဒဏ်ရာရရှိခြင်း၊ ရုတ်တရက်ဖျားနာခြင်းများ ကြုံလာရသည့်အခါတွင် ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန်ဆီမရောက်ခင်ရရှိလာသည့် ပစ္စည်းကိရိယာများနှင့် အရေးပေါ်ကူညီစောင့်ရှောက်ပေးခြင်းဖြစ်ကြောင်း၊ အသက်အန္တရာယ်နှင့် နီးကပ်ချိန်တွင် ရှေးဦးပြုစုပေးခြင်းသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ ရှေးဦးပြုစုသူတစ်ယောက်အနေဖြင့် အရေးပေါ်ကြုံတွေ့ရသည့် အခြေအနေတွင် စိတ်တည်ငြိမ်မှုရှိစွာ လုပ်ဆောင်နိုင်ခြင်း၊ အချိန်နှင့်အမျှ အရေးကြီးနေသည့်အတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်ပြီး […]
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီနယ်မြေ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာနိုင်ငံကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီနယ်မြေ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာနိုင်ငံကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၂၄ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီနယ်မြေ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အ.ထ.က(၁၁)၌ ကျင်းပခဲ့သည်။ ဦးစွာ အ.ထ.က (၁၁)ကျောင်းမှ ကျောင်းသား/ကျောင်းသူလူငယ်လေးများက မြန်မာနိုင်ငံကင်းထောက်လူငယ်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် လူငယ်များကို အရေးပါသည့် အရင်းအမြစ်များအဖြစ် သတ်မှတ်ပြီး လူငယ်များ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်မူဝါဒ အဓိကကဏ္ဍ(၁၆)ရပ်အား ထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အားလပ်ချိန်များကို တန်ဖိုးရှိစွာ အသုံးချနိုင်ရန်အတွက် ကင်းထောက်သင်တန်းများအပါအဝင် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၂၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း/ အမှုထမ်းများအနက်မှ အစည်းအဝေးများ၊ အခမ်းအနားများတွင် လိမ္မာပါးနပ်၍ ဖြတ်ထိုးဉာဏ်၊ အရည်အချင်းရှိပြီး ထူးချွန်ထက်မြက်သော၊ အသံကြည်လင်ပြတ်သားစွာဖြင့် ဆောင်ရွက်နိုင်သည့် အခမ်းအနားမှူးကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ၊ Multipurpose Hall(ဘက်စုံသုံးခန်းမ)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအတွင်းရှိ အရာထမ်း/အမှုထမ်းများအနေဖြင့် မိမိတို့ဌာနအတွင်း ကျင်းပပြုလုပ်သည့် အခမ်းအနားများ၊ ပြိုင်ပွဲများ၊ အစည်းအဝေးများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများတွင် အခမ်းအနားမှူးများအဖြစ် တာဝန်ထမ်းဆောင် နိုင်ရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြား ပို့ချပေးမည့် သင်တန်းနည်းပြဆရာမ […]
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကျင်းပ
![]()
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၂၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Gold Medal Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှမင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ လက်ထောက် အတွင်းဝန်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများနှင့် မီးသတ်ဦးစီး ဌာန ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့သည်။ ဦးစွာ နေပြည်တော်၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်က နိုင်ငံတော်ပိုင်အဆောက်အဦများ၊ ရုံးများ၊ ပြည်သူပိုင်အဆောက်အဦများနှင့် အိမ်ရာများကို သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၌ လစ်လပ်လျက်ရှိသော တစ်ဆင့်မြင့်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းများကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၌ လစ်လပ်လျက်ရှိသော တစ်ဆင့်မြင့်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းများကျင်းပ နေပြည်တော်၊ မတ် ၂၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၌ လစ်လပ်လျက်ရှိသော တစ်ဆင့်မြင့်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းနှင့် လူတွေ့အရည်အချင်းစစ်ဆေးခြင်းများကို ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့၊ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ တို့တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများ ဖြစ်သည့် ဦးစီးအရာရှိနှင့်အဆင့်တူရာထူး (လစာနှုန်းကျပ် ၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀)၊ ရုံးအုပ်နှင့် အဆင့်တူ ရာထူး(လစာနှုန်းကျပ် ၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀)၊ ဌာနခွဲစာရေးနှင့်အဆင့်တူရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)၊ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများအား […]
မွန်ပြည်နယ် အား/ကာဦးစီးဌာနနှင့် မွန်ပြည်နယ်အားကစားဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ၊ ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား
![]()
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မွန်ပြည်နယ်အားကစားဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ၊ ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား မော်လမြိုင် ၊ မတ် ၁၇ မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မွန်ပြည်နယ်အားကစားဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ၊ ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့ ၁၅:၀၀နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ […]
အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နေပြည်တော်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်အားကစားကွင်းနှင့် ဥတ္တရသီရိခရိုင်အတွင်းရှိ ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်း ကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နေပြည်တော်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်အားကစားကွင်းနှင့် ဥတ္တရသီရိခရိုင်အတွင်းရှိ ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်း ကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ် ၁၆ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင်အားကစားကွင်းနှင့် ဥတ္တရသီရိခရိုင်အတွင်းရှိ ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်း ဖောက်လုပ်နေမှု၊ ပွဲကြည့်စင်တည်ဆောက်နေမှုနှင့် ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင်အားကစားကွင်းသို့ သွားရောက်၍ မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၏ ပင်မအားကစားကွင်းဖြစ်သော ရွှေကြာပင်အားကစားကွင်းအတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မီတာ ၄၀၀ Synthetic ပြေးလမ်းအသစ် […]
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပ
![]()
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၁၃ လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း၊ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အမြဲတမ်းအတွင်းဝန် ဦးမျိုးကျာ်သူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တွင် တက်ရာက်ခဲ့သည့် Speaker နှင့် လူငယ်ကိုယ်စားလှယ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အသက် ၃၅ နှစ်အောက် ဝန်ထမ်းလူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပခဲ့သည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ဝန်ကြီးဌာနအတွင်းရှိ […]
နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဆင်းပွဲကျင်းပ
![]()
နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဆင်းပွဲကျင်းပ ရန်ကုန် ၊ မတ် ၁၃ မြန်မာနိုင်ငံနပန်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးကို အထောက်အကူပြု ဆောင်ရွက်နိုင်မည့် နည်းပြ/ဒိုင်လူကြီးကောင်းများ တိုးပွားလာစေရန် အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲလျက်ရှိသည့် နပန်းနည်းစနစ်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် အလျင်အမြန် သိရှိနားလည်စေပြီး နိုင်ငံတကာအဆင့် နည်းပြ/ဒိုင်လူကြီးများ ပေါ်ပေါက်လာပြီး နပန်းအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဆင်းပွဲနှင့် အောင်လက်မှတ်ချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ (၁၃)ရက်နေ့ ၊ ညနေ(၁၆:၀၀)နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ရုံးဟောင်းခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးရဲထွန်း ၊ ဒုတိယဥက္ကဋ္ဌများ ၊ […]