![]()
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မွန်ပြည်နယ်အားကစားဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ၊ ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား
မော်လမြိုင် ၊ မတ် ၁၇
မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မွန်ပြည်နယ်အားကစားဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ၊ ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့ ၁၅:၀၀နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ပြည်နယ်အားကစားဆပ်ကော်မတီ ဥက္ကဋ္ဌများ ၊ ဆုရရှိသော အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြိုင်ပွဲများ၌ ကျန်းမာရေး စောင့်ရှောက်ပေးသော မွန်ပြည်နယ်ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြု ကျပ် (၅)သိန်း ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ လာရောက်ကူညီဆောင်ရွက်ပေးသော ဒိုင်လူကြီးများအား ဂုဏ်ပြုငွေ ကျပ် (၁၀)သိန်းကို PRIME အင်ဂျင်ဝိုင် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမင်းမင်းဟိန်းကလည်းကောင်း ၊ တစ်ဦးချင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော မောင်တေဇာမင်းနှင့် Dr မင်းဖြိုးတို့အား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၂)သိန်းစီကို မွန်ပြည်နယ် စားပွဲတင်တင်းနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးသင်းမောင်စိုးကလည်းကောင်း ၊ တစ်ဦးချင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မောင်ပိုင်မျိုးဟိန်းအား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၃)သိန်း ၊ တစ်ဦးချင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်စိုးဝင်းခန့်အား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၅)သိန်းတို့ကို မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ညိုမီစံကလည်းကောင်း ၊ အသင်းလိုက်စားပွဲတင်တင်းနစ် ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော လင်းလက်တောက်ပ အသင်းနှင့် ရွှေဝယ်သီရိ အသင်းတို့အား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၃)သိန်းစီတို့ကို မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်ကလည်းကောင်း ၊ ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော အထွေထွေအုပ်ချုပ်ရေးအသင်းနှင့် ပို့ဆောင်ဆက်သွယ်ရေးအသင်းတို့အား ဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၅)သိန်းစီကို မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ဦးကလည်းကောင်း ၊ (၂)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ တွင် ပူးတွဲတတိယဆုရရှိသော One Way အသင်းနှင့် မြဝတီဦးပြောင် အသင်းတို့အား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၁၅)သိန်းတို့ကို မွန်ပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်ကလည်းကောင်း၊ အသင်းလိုက်စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဝါးကျောင်းအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၅)သိန်း ၊ အသင်းလိုက် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရာမည-၁ အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၁၀)သိန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းကလည်းကောင်း ၊ (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ငွေစင်အောင် အသင်းနှင့် မြက်ခင်းတုကမ္ဘာတို့အား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၃၀)သိန်းတို့ကို မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး Dr အောင်မြတ်ကျော်စိန်ကလည်းကောင်း ၊ ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော စိုက်/မွေး/ဆည် အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၇)သိန်း ၊ ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည်နယ်ရဲအသင်းအား ဆုတံဆိပ် ၊ ငွေသားဆု ကျပ် (၁၀)သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုကို မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမကလည်းကောင်း ၊ (၂)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဒုတိယဆုရရှိသော ကိုပိုင်အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၃၀)သိန်း၊ (၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော မြက်ခင်းတုကမ္ဘာအသင်းအား ဆုတံဆိပ် ၊ ငွေသားဆု ကျပ် (၅၀)သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုတို့ကို မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်ကလည်းကောင်း ၊ (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဒုတိယဆုရရှိသော NC အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၅၀)သိန်း၊ (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ကိုပိုင်အသင်းအား ဆုတံဆိပ် ၊ ငွေသားဆု ကျပ် (၇၀)သိန်းနှင့် တံခွန်ဒိုင်းဆုတို့ကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှလည်းကောင်း အသီးသီး ဆုများချီးမြှင့်ပေးခဲ့ပါသည်။


