၂၀၂၄ ခုနှစ် လူငယ်ဖိုရမ် အခမ်းအနားကျင်းပ
၂၀၂၄ ခုနှစ် လူငယ်ဖိုရမ် အခမ်းအနားကျင်းပ နေပြည်တော် ဩဂုတ်လ(၁၃)ရက်။ “လူငယ်ကဏ္ဍမြှင့်တင်လို့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖန်တီးစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် လူငယ်ဖိုရမ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C) ၌ ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံနှင့် ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းလူငယ်များ၊ နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူငယ်ကိုယ်စားလှယ်များ၊ ရေကြောင်းနှင့် လေကြောင်းလူငယ်များ၊ ကြက်ခြေနီနှင့် ကင်းထောက်လူငယ်များ၊ စေတနာ့ဝန်ထမ်း လူငယ်များ၊နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများ၊ အခြေခံကျောင်းများမှ ကျောင်းသား […]
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုကဲ့သို့ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို ကျင်းပပေးရခြင်းသည် ထူးချွန်ထက်မြက်သည့် သွေးသစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အခြေခံပြိုင်ပွဲကောင်းတစ်ခုဖြစ်သကဲ့သို့ ယခုပြိုင်ပွဲမှတစ်ဆင့် သွေးသစ်လူငယ် ဘောလုံးသမားများကို […]
၂ဝ၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
၂ဝ၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား နေပြည်တော် ဩဂုတ် ၁၂။ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရထူးချွန်လူငယ်များ၊ မသန်စွမ်းလူငယ်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ ရေကြောင်းနှင့် လေကြောင်းလူငယ်များ၊ ကြက်ခြေနီနှင့် ကင်းထောက်လူငယ်များ၊ နေပြည်တော်ရှိ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲသို့ တက်ရောက်၊ ဆုများပေးအပ်ချီးမြှင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲသို့ တက်ရောက်၊ ဆုများပေးအပ်ချီးမြှင့် နေပြည်တော်၊ ဩဂုတ်လ(၉)ရက်။ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၄ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ Asean Sports Day 2024 အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများသို့ တက်ရောက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ Asean Sports Day 2024 အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများသို့ တက်ရောက် နေပြည်တော်၊ ဩဂုတ် ၈။ ASEAN Sports Day အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် အပြေးအားကစားပြိုင်ပွဲများကို ယနေ့နံနက် (၇) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) မှ အားကစားသမားများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပြေးလမ်းအတိုင်း စုပေါင်းလမ်းလျှောက်၍ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲ ခဲ့သည်။ ထို့နောက် ပြေးခုန်ပစ် အပြေးအားကစားပြိုင်ပွဲများအဖြစ် အမျိုးသား/အမျိုးသမီး (မီတာ […]
ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့တက်ရောက်
ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့တက်ရောက် နေပြည်တော်၊ ဩဂုတ် ၇။ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေးနှင့် နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ တို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ CAE ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ ဦးစွာ CAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်လူရွယ်ဆိုသည်မှာ အပြစ်ကင်းစင်၍ တက်ကြွသူများဖြစ်ကြပြီး အရောင်များဖြင့်တင်စားရပါက အဖြူရောင်နှင့် တူကြောင်း၊ အဖြူရောင်၏သဘာဝသည် အစွန်းအထင်းမခံ၍ အကိုင်အတွယ်မတတ်လျှင် ညစ်ပေ လွယ်ပါကြောင်း၊ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝမှသာ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို […]
ရှေ့တန်းရောက် တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ ချက်ပြုတ်ကြော်လှော် ပြင်ဆင်ထားသည့် စားသောက်ဖွယ်ရာများအား ပေးပို့လှူဒါန်း
ရှေ့တန်းရောက် တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ ချက်ပြုတ်ကြော်လှော် ပြင်ဆင်ထားသည့် စားသောက်ဖွယ်ရာများအား ပေးပို့လှူဒါန်း နေပြည်တော်၊ ဩဂုတ် ၆ ။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံနှင့် တရားသောစစ် အောင်မြင်စေရေးအတွက် ကိုယ်ကျိုးစွန့်ကာ ပြည်သူလူထု၏ အသက် အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စာနာမှု၊ မေတ္တာ၊ စေတနာများ အပြည့်နှင့် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများကို ယမန်နေ့နံနက်ပိုင်းက ဝန်ထမ်းများ ကိုယ်တိုင် ပြင်ဆင်၊ ချက်ပြုတ် ကြော်လှော်နေမှုများနှင့် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး အတွက် ပြင်ဆင်ထုပ်ပိုးနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက […]
မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄) ကျင်းပ
မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄) ကျင်းပ နေပြည်တော်၊ ဩဂုတ် (၆)။ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄)ကို ယနေ့မွန်းလွဲ(၁)နာရီတွင် ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက In-Person ဖြင့်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများက Video Conferencing ဖြင့်လည်းကောင်း တက်ရောက်ကြသည်။ အစီအစဉ်အရ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တများ ကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များရှိပြီး တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ထိန်းလိုစိတ်များဖြစ်ပေါ်လာစေရေးအတွက် စနစ်တကျဖြင့် လေ့ကျင့် ပျိုးထောင်ပေးနိုင်ရန်”နှင့် နိုင်ငံ့အရေးကိုစိတ်ဝင်စားသည့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ် ၁ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ကို ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကား ပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်မှာ သက်တမ်းအားဖြင့် (၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများအနက် တိုင်းတစ်ပါးမြေတွင် အမိမြန်မာနိုင်ငံတော်၏အလံကို အခြားနိုင်ငံအလံများ၏အထက် တိုင်ထိပ်အထိရောက်အောင် လွှင့်ထူနိုင်ရေးဆောင်ရွက်နိုင်သည့် ဝန်ကြီးဌာနမှာ မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းသာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဂုဏ်ယူတတ်ကြရန်ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံ၏ အားကစားလှုပ်ရှားဆောင်ရွက်မှုများအနေဖြင့် ယခင်က အောက်မြန်မာနိုင်ငံတွင် ရန်ကုန်မြို့နှင့် အထက်မြန်မာနိုင်ငံတွင် မန္တလေးမြို့တို့ကို ဗဟို ပြုပြီးဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ်၊ မေလ ၂၇ […]
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကျင်းပ
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကျင်းပ နေပြည်တော်၊ ဇူလိုင် ၂၉ ။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေးအား ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(မြေညီထပ်)၌ ကျင်းပခဲ့ရာ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များတက်ရောက်ခဲ့သည်။ အစီအစဉ်အရ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကား ပြောကြားရာတွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေးကို မေလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ပဉ္စမအကြိမ်အမျိုးသားအားကစား ပွဲတော်ကို နိုင်ငံတော်အဆင့် အောင်မြင်စွာကျင်းပနိုင်ရေးလိုအပ်သည့် […]