![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြေးခုန်ပစ်၊ ဘော်လီဘော၊ သေနတ်ပစ်၊ ဘိလိယက်နှင့်စနူကာ၊ ဂျူဒို၊ ရေကူး၊ ခရစ်ကတ်၊ ဂျူဂျစ်ဆု၊ ပိုက်ကျော်ခြင်း၊ ကရာတေး၊ ပီတန်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ ကဘာဒီ၊ စကိတ်၊ ဂေါက်သီးရိုက်၊ ကနူးကယက်၊ ရွက်လှေ၊ တက်ဂ်ဘော၊ ဟော်ကီပြိုင်ပွဲများသို့ ကြည့်ရှုအားပေး
ထိုင်း၊ ဒီဇင်ဘာ ၁၂
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်၊ ချွန်ဘူရီနှင့် ချင်းမိုင်းမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် ပြေးခုန်ပစ်၊ ဘော်လီဘော၊ သေနတ်ပစ်၊ ဘိလိယက်နှင့်စနူကာ၊ ဂျူဒို၊ ရေကူး၊ ခရစ်ကတ်၊ ဂျူဂျစ်ဆု၊ ပိုက်ကျော်ခြင်း၊ ကရာတေး၊ ပီတန်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ ကဘာဒီ၊ စကိတ်၊ ဂေါက်သီးရိုက်၊ ကနူးကယက်၊ ရွက်လှေ၊ တက်ဂ်ဘော၊ ဟော်ကီပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေး အောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Suphachalasai Stadium National Stadium ၌ကျင်းပသည့် ပြေးခုန်ပစ် ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် သွယ်သွယ်မိုး၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ဗန်ကောက်မြို့ရှိ Indoor Stadium Huamark, Sports Authority of Thailand, Bangkok ၌ကျင်းပလျက်ရှိသည့် ဘော်လီဘော အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Thunder Dome Muang Thong Thani, Nothaburi ၌ကျင်းပသည့် ဘိလိယက်နှင့်စနူကာအားကစားနည်း ဘိလိယက် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲ ပြိုင်ပွဲတွင် မြန်မာအသင်းမှ ဦးပေါက်စနှင့် စင်္ကာပူအသင်းမှ ပီတာဂေးလ်ခရစ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ စင်္ကပူအသင်းမှ ပီတာဂေးလ်ခရစ်က ဦးပေါက်စကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာအသင်းမှ ဦးပေါက်စသည် ငွေတံဆိပ်ဆု ရရှိခဲ့သည်။
ယမန်နေ့ ညနေပိုင်းတွင် စနူကာ 6 Red Singles အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းမှ နေမင်းထွန်းက မလေးရှားအသင်းမှ Thor Chaung Leong ကို ၅ ပွဲ ၂ ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ကြေးတံဆိပ်ဆုရရှိခဲ့သည်။
ငွေတံဆိပ်ဆုရရှိခဲ့သည့် ဦးပေါက်စနှင့် ယမန်နေ့ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် နေမင်းထွန်း တို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြု ကော်မတီဝင်များနှင့် ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဗန်ကောက်မြို့ရှိ Rajamangla Auditorium Rajamangla University of Technology Thanyaburi ၌ကျင်းပလျက်ရှိသည့် ဂျူဒိုပြိုင်ပွဲ အမျိုးသား ၅၅ ကီလိုအောက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ ထိုက်ထိုက်ကျော်က တတိယလုပြိုင်ပွဲတွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့သည်။
မြန်မာအားကစာအဖွဲ့အနေဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် ကရာတေး အမျိုးသမီး -၅၀ ကီလိုအောက် တစ်ဦးချင်း ကုမိတဲ့ပြိုင်ပွဲတွင် မြန်မာအသင်းမှ ဖလောရင့်နေခြည်ထွန်း က ငွေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရရှိခဲ့သည်။
ကနူး မီတာ ၂၀၀ အမျိုးသား ၄ ယောက်လှော်ပြိုင်ပွဲတွင် မြန်မာအသင်းမှ မျိုးလှိုင်ဝင်း၊ သန့်ဇင်ဦး၊ ကျော်ဇေယျာ၊ ထွဋ်ခေါင်ဇော်၊ သက်ပိုင်ဖြိုးနှင့် အောင်ဖြိုးဟိန်းတို့အတွဲက ဒုတိယ ငွေတံဆိပ်ဆု ရရှိခဲ့သည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ဂုဏ်ပြု ဆုတံဆိပ်နှင့် လှေလှော်အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းတို့က ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဂျူဒို အားကစားနည်း အမျိုးသား ၅၅ ကီလိုအောက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ ထိုက်ထိုက်ကျော်နှင့် ဖိလစ်ပိုင်မှ အားကစားသမားက ပူးတွဲတတိယကြေးတံဆိပ်ဆုများ ရရှိခဲ့သည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ ၁၁ ရက်နေ့၏ ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၉ ခု၊ ကြေးတံဆိပ် ၅ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၆ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။





