အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန Jeng Phang နော်တောင် South East Asia Games Federation Council Meeting(SEAGF) သို့တက်ရောက်

ထိုင်း၊ ဒီဇင်ဘာ ၈

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်၊ ချွန်ဘူရီနှင့်ချင်းမိုင်မြို့များတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် South East Asia Games Federation Council Meeting(SEAGF) အစည်းအဝေးကို Grand Fourwings Hotel ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန Jeng Phang နော်တောင်၊ နိုင်ငံပေါင်း (၁၀)နိုင်ငံမှ အကြီးအကဲများ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် CEO SEAGF Office (H.E.Dato’ Seri Chaiyapak Siriwat) က အဖွင့်အမှာစကားပြောကြားခြင်းနှင့် ထိုင်းနိုင်ငံခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီး (H.E.Atthakorn Sirilatthayakorn, Minister of Tourism and Sports Thailand)နှင့် South East Asia Games Federation Council ဥက္ကဋ္ဌ၊ ထိုင်းအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ (The Honourable Asst.Prof.Pimol Srivikorn)တို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် ဆုတံဆိပ်များပေးအပ်ခဲ့သည်။

ဆက်လက်ပြီး နိုင်ငံပေါင်း (၁၁) နိုင်ငံမှ အကြီးအကဲများက (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အသီးသီးတင်ပြ ဆွေးနွေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အလားတူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ဗန်ကာက်မြို့ National Broadcasting Service of Thailand သို့ သွားရောက်ပြီး MRTV, MRTV 4 နှင့် Hey Play တို့မှ ပြိုင်ပွဲများကျင်းပနေမှုများအား သတင်းရယူထုတ်လွှင့်နိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ဝန်ထမ်းများအား မြန်မာ့အားကစားအောင်နိုင်ရေးနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲယှဉ်ပြိုင်မှု သတင်းများကို မြန်မာနိုင်ငံမှ အများပြည်သူ သိရှိပြီး အားပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသပေးနိုင်ရန် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။