အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီးဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တည်ဆောက်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများနှင့် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီးဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တည်ဆောက်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများနှင့် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ(၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းယားကန်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်လှေလှော်အားကစားအဖွဲ့၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အားကစားအဖွဲ့အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဇွဲကပင်အားကစားကွင်း၊ အားကစားသမား(၅)ထပ်အိပ်ဆောင် တည်ဆောက်နေမှုနှင့် အဆင့်မြင့်အားကစားရုံတည်ဆောက်မည့် မြေနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြည်နယ်ဖူဆယ်အားကစားခန်းမ၊ လူငယ်ရေးရာစင်တာတည်ဆောက်မည့်မြေနေရာ၊ တည်ဆောက်လျက်ရှိသည့် GYM အားကစားခန်းနှင့် စားပွဲတင်တင်းနစ်အားကစားရုံ၊ ရေကူးကန်နှင့် တင်းနစ်အားကစားကွင်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းရုံး၊ […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံ တည်ဆောက်ရေးလုပ်ငန်းများအားလိုက်လံကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံ တည်ဆောက်ရေးလုပ်ငန်းများအားလိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ(၂၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်း တည်ဆောက်လျက်ရှိသည့် အဆင့်မြင့်အားကစားရုံနှင့် အထူးတန်းပွဲကြည့်စင်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းအချိန်မှီပြီးစီးစေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် တိုင်း/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး အမျိုးသားအားကစားပွဲတော်ကျင်းပမည်ဖြစ်သည့်အတွက် ယခုကတည်းကလိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန်နှင့် ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် စည်းစည်းလုံးလုံးနေထိုင်သွားကြရန်မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများ၏ အခက်အခဲများနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားကွင်း အုတ်တံတိုင်းကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားကွင်းအတွင်း တည်ဆောက်လျက်ရှိသည့် လက်ဝှေ့လေ့ကျင့်ရေးအားကစားရုံတည်ဆောက်ခြင်းလုပ်ငန်းနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်းအတွင်း စက်ဘီးလေ့ကျင့်ရေးကွင်း […]

၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုဆုချီးမြှင့်

Loading

၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုဆုချီးမြှင့် နေပြည်တော်၊ဇန်နဝါရီ (၂၃)။ ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ၊ ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားအဖွဲ့များမှ အုပ်ချုပ်သူများ၊ နည်းပြများ၊ […]

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ လူငယ်စကားဝိုင်းနှင့် လူငယ်လေ့လာရေး ခရီးစဉ် (၁/၂၀၂၄)အခမ်းအနားကျင်းပ

Loading

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ လူငယ်စကားဝိုင်းနှင့် လူငယ်လေ့လာရေး ခရီးစဉ် (၁/၂၀၂၄)အခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၂၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ လူငယ်စကားဝိုင်းနှင့် လူငယ်လေ့လာရေးခရီးစဉ် (၁/၂၀၂၄) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြာရာတွင် လူငယ်ရေးရာဦးစီးဌာန၏ မူဝါဒရည်မှန်းချက်နှင့် လုပ်ငန်းစဉ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ လူငယ်စကားဝိုင်းများနှင့် လူငယ်လေ့လာရေးခရီးစဉ်များပါဝင်ပြီး လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဗဟိုချက်ဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူသား အရင်းအမြစ်များဖြစ်သည့် လူငယ်များ ဒေသန္တရဗဟုသုတရရှိစေရေး၊ အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ လူငယ်များအကြား ခေတ်မီနည်းပညာများနှင့် အတွေ့အကြုံဗဟုသုတများ ဖလှယ်နိုင်စေရေး၊ အားကစားလှုပ်ရှားမှုများကို စိတ်ပါဝင်စားလာစေရေးတို့အတွက်ရည်ရွယ်ပြီး လူငယ်လေ့လာရေးခရီးစဉ်ကို […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ ဇန်နဝါရီ(၂၁)။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃ -၂၀၂၄)ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူနည်းပြများနှင့် အားကစားမောင်မယ် ကျောင်းသားကျောင်းသူများတက်ရောက်ကြသည်။ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ အားကစားအဆင့်အတန်းကို […]

မြန်မာဘော်လီဘော လူမှုရေးအသင်းအမှုဆောင်‌ဖလား အသက်(၁၈)နှစ်အောက်နှင့် အသက်(၂၅)နှစ်အောက် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

မြန်မာဘော်လီဘော လူမှုရေးအသင်းအမှုဆောင်‌ဖလား အသက်(၁၈)နှစ်အောက်နှင့် အသက်(၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၂၀)။ မြန်မာဘော်လီဘော လူမှုရေးအသင်းအမှုဆောင်‌ဖလား အသက်(၁၈)နှစ်အောက်နှင့် အသက် (၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင်အားကစားကွင်းရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ ကျင်းပခဲ့သည်။ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်‌ဖလား ဘော်လီဘော(အမျိုးသား) ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များအဖြစ် အသက်(၁၈)နှစ်အောက် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် စည်ပင်ကြီးအသင်းနှင့် ဇမ္ဗူတက်လူအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဇမ္ဗူတက်လူအသင်းက စည်ပင်ကြီးအသင်းကို (၃)ပွဲ၊ (၂)ပွဲ ဖြင့်လည်းကောင်း၊ အသက်(၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲတွင် ဇေယျာလူငယ်အသင်းနှင့် တပ်ကုန်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဇေယျာလူငယ်အသင်းက တပ်ကုန်းအသင်းကို (၃)ပွဲပြတ် ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား […]

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့်ဆုပေးပွဲဆက်လက်ကျင်းပ

Loading

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့်ဆုပေးပွဲဆက်လက်ကျင်းပ နေပြည်တော် ဇန်နဝါရီလ(၁၇)ရက်။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအားကစားရုံတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး နဝမနေ့ပွဲစဉ်များအဖြစ် အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားခန်းမတွင် ယှဉ်ပြိုင်ကစားကြသည်။ ပြိုင်ပွဲများသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုအားပေးကြသည်။ အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ လူငယ်အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ လူငယ်အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ ဇန်နဝါရီ(၁၇)။ အာဆီယံအသိုက်အဝန်း၏ ရည်မှန်းချက်များနှင့်အညီ လူငယ်များအချင်းချင်း အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိစေရေး၊ အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ်များ တွင် လူငယ်များတက်ကြွစွာပါဝင်ဆောင်ရွက်လာနိုင်စေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး “ မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတ ဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့” လူငယ်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(မြေညီထပ်)၊ GYM ခန်းမ၌ကျင်းပသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် မြန်မာလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်အတွက်အားထားရသည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် လုပ်ငန်းစဉ်(၁၀)ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊  မျိုးဆက်သစ်လူငယ်များသည် နိုင်ငံ တစ်နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပါကြောင်း၊ […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ ဇန်နဝါရီ(၁၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစီအစဉ်အရ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေးဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များအတွက် အခွင့်အရေးကာကွယ်ရေး၊ ဘဝမြှင့်တင်ဖွံ့ဖြိုးတိုးတက်နိုင်စေရေးနှင့် မသန်စွမ်းသူများ ပါဝင်မှုအပေါ်ပိုမိုလေးနက်စွာနားလည်ပြီး အသိအမှတ်ပြုနိုင်ရေးအတွက် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၊ မသန်စွမ်းလူငယ်ရေးရာဌာနခွဲအနေဖြင့်လည်း မသန်စွမ်းသူလူငယ်များအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးနိုင်ရေးနှင့် လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များနှင့်ပတ်သက်ပြီး […]

၂၀၂၄ ခုနှစ်၊ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18 နှင့် U-25 ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18 နှင့် U-25 ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၄)။ မြန်မာ့ဘော်လီဘောအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ လူငယ်များ စိတ်ဓါတ်ကြံ့ခိုင်လာစေရန်နှင့် မျိုးဆက်သစ်ဘော်လီဘောအားကစားသမားများ ပေါ်ထွက်လာစေ ရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဥက္ကဋ္ဌမှ ကြီးမှူးကျင်းပသည့် “ ၂၀၂၄ ခုနှစ်၊ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18 နှင့် U-25 ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။ ဦးစွာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “ အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် များနှင့် အမျိုးသားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာ ကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သည့်အတွက် အားကစားကဏ္ဍကို […]