(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ တက်ရောက်
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ တက်ရောက် ထိုင်း၊ ဒီဇင်ဘာ ၂၀ ရက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာအမျိုးသားအားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ တာဝန်ရှိသူအကြီးအကဲများနှင့်ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့သည်။ ဦးစွာ အခမ်းအနားအစီစဥ်အရ ကွယ်လွန်သွားသော ဘုရင်မကြီးအား ဂုဏ်ပြုအရိုအသေ ပြုခြင်း၊ ထိုင်းနိုင်ငံတော်အလံလွှင့်တင်ခြင်း၊ […]
နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲ အင်အား ၃၆၀၀ ကျော် ပျော်ရွှင်စွာပါဝင်ဆင်နွှဲ
![]()
နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲ အင်အား ၃၆၀၀ ကျော် ပျော်ရွှင်စွာပါဝင်ဆင်နွှဲ နေပြည်တော် ဒီဇင်ဘာ ၂၀ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအင်အား ၃၆၀၀ ကျော် ပျော်ပျော်ရွှင်ရွှင်စည်ကား သိုက်မြိုက်စွာပါဝင်ဆင်နွှဲကြသည်။ ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ခရာမှုတ်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဂိတ်အမှတ်(၁)မှ စတင်တာထွက်ကြပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ဂိတ်(A) ရှေ့အထိ ပျော်ပျော်ပါးပါးလမ်းလျှောက်ကြသည်၊၊ ထို့နောက် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း […]
မြန်မာနိုင်ငံအတွက် ရိုးရာလှေလှော်အားကစားနည်းမှ ငွေတံဆိပ်ဆု ၁ ခုနှင့်ကြေးတံဆိပ်ဆု ၂ ခု၊ လက်ဝှေ့အားကစားနည်းမှ ကြေးတံဆိပ်ဆု ၄ ခု၊ စုစုပေါင်း ဆုတံဆိပ် ၇ ခု ထပ်မံဆွတ်ခူးရရှိ
![]()
မြန်မာနိုင်ငံအတွက် ရိုးရာလှေလှော်အားကစားနည်းမှ ငွေတံဆိပ်ဆု ၁ ခုနှင့်ကြေးတံဆိပ်ဆု ၂ ခု၊ လက်ဝှေ့အားကစားနည်းမှ ကြေးတံဆိပ်ဆု ၄ ခု၊ စုစုပေါင်း ဆုတံဆိပ် ၇ ခု ထပ်မံဆွတ်ခူးရရှိ ထိုင်း၊ ဒီဇင်ဘာ ၁၉(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်း အနေဖြင့် ခရစ်ကတ်၊ သေနတ်ပစ်၊ ဖူဆယ်၊ ဘော်လီဘော၊ အပြည်ပြည်ဆိုင်ရာလှေ၊ နဂါးလှေ၊ နပန်း၊ မြင်းစီးပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစား အဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ […]
မြန်မာနိုင်ငံအတွက် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု၊ မွေအားကစားနည်းမှ ကြေးတံဆိပ် ၉ ခု၊ နပန်းအားကစားနည်းမှ ကြေးတံဆိပ် ၃ ခု၊ ရိုးရာလှေအားကစားနည်းမှ ကြေးတံဆိပ် ၂ ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၇ ခု ထပ်မံဆွတ်ခူးရရှိ
![]()
မြန်မာနိုင်ငံအတွက် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု၊ မွေအားကစားနည်းမှ ကြေးတံဆိပ် ၉ ခု၊ နပန်းအားကစားနည်းမှ ကြေးတံဆိပ် ၃ ခု၊ ရိုးရာလှေအားကစားနည်းမှ ကြေးတံဆိပ် ၂ ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၇ ခု ထပ်မံဆွတ်ခူးရရှိ ထိုင်း၊ ဒီဇင်ဘာ ၁၈(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်း အနေဖြင့် ခရစ်ကတ်၊ ကဘာဒီ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ နဂါးလှေ၊ နပန်း၊ ရွက်လှေ၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ […]
လူငယ်ငြိမ်းချမ်းရေးဖိုရမ်၂၀၂၆ (Youth Peace Forum 2026) ဖိတ်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
လူငယ်ငြိမ်းချမ်းရေးဖိုရမ်၂၀၂၆ (Youth Peace Forum 2026) ဖိတ်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၁၈ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) ဖိတ်ကြားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက Inperson စနစ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုရေးရာဝန်ကြီး များက Virtual စနစ် ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးတွင် အားလုံးပါဝင်သော လူငယ်များ၏ ဆောင်ရွက်ချက်များ အရေးကြီးသည်ကို ပေါ်လွင်စေရန်၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသား […]
မြန်မာနိုင်ငံအတွက် အပြည်ပြည်ဆိုင်ရာလှေအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂ ခု ထပ်မံဆွတ်ခူးရရှိ
![]()
မြန်မာနိုင်ငံအတွက် အပြည်ပြည်ဆိုင်ရာလှေအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂ ခု ထပ်မံဆွတ်ခူးရရှိ ထိုင်း၊ ဒီဇင်ဘာ ၁၇ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်း အနေဖြင့် ပိုက်ကျော်ခြင်း၊ စကွက်ရ်၊ စက်ဘီး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ကဘာဒီ၊ ခရစ်ကတ်၊ လက်ဝှေ့၊ ဘိလိယက်နှင့်စနူကာ၊ ဖူဆယ်၊ E-sports၊ အပြည်ပြည်ဆိုင်ရာလှေ၊ မြင်းစီး၊ နပန်းနှင့် ရွက်လှေပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ထိုင်းနိုင်ငံဆိုင်ရာ […]
မြန်မာနိုင်ငံအတွက် ကစ်ဘောက်ဆင်ကစားနည်းမှ ငွေတံဆိပ် ၂ ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ ဝူရှူးအားစားနည်းမှ ကြေးတံဆိပ် ၁ ခု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့အထိ မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁၉ ခု၊ ကြေးတံဆိပ် ၂၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၅ ခုတို့ဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်
![]()
မြန်မာနိုင်ငံအတွက် ကစ်ဘောက်ဆင်ကစားနည်းမှ ငွေတံဆိပ် ၂ ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ ဝူရှူးအားစားနည်းမှ ကြေးတံဆိပ် ၁ ခု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့အထိ မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁၉ ခု၊ ကြေးတံဆိပ် ၂၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၅ ခုတို့ဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည် ထိုင်း၊ ဒီဇင်ဘာ ၁၆ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်းအနေဖြင့် စက်ဘီး၊ မြားပစ်၊ သေနတ်ပစ်၊ ဘိုးလင်း၊ […]
မြန်မာနိုင်ငံအတွက် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခု၊ ပြေးခုန်ပစ်အားစားနည်းမှ ငွေတံဆိပ် ၂ ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ထိ ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁၇ ခု၊ ကြေးတံဆိပ် ၂၀ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၀ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ဆက်လက်ရပ်တည်
![]()
မြန်မာနိုင်ငံအတွက် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခု၊ ပြေးခုန်ပစ်အားစားနည်းမှ ငွေတံဆိပ် ၂ ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ထိ ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁၇ ခု၊ ကြေးတံဆိပ် ၂၀ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၀ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ဆက်လက်ရပ်တည် ထိုင်း၊ ဒီဇင်ဘာ ၁၅ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် ရေကူး၊ ခရစ်ကက်၊ မြားပစ်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ဘော်လီဘော၊ […]
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်မည့် မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးထိန်လင်း ခေါင်းဆောင်သော အုပ်ချုပ်မှုအဖွဲ့နှင့် နပန်းအားကစားအဖွဲ့ထွက်ခွာ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်မည့် မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးထိန်လင်း ခေါင်းဆောင်သော အုပ်ချုပ်မှုအဖွဲ့နှင့် နပန်းအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာ ၁၅ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးထိန်လင်း နှင့် ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တို့ ခေါင်းဆောင်သော အုပ်ချုပ်မှုအဖွဲ့နှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နပန်းအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သို့ လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရသည်။
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နှင့် အဖွဲ့ဝင်များ ပြန်လည်ရောက်ရှိ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နှင့် အဖွဲ့ဝင်များ ပြန်လည်ရောက်ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၁၅ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင် နှင့်အတူ ယမန်နေ့ည (၁၈ :၃၅)နာရီ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှ […]