အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” နှင့်ပတ်သက်၍ အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၅

“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” နှင့် ပတ်သတ်၍ အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီမှ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဆရာ/ ဆရာများ၊ အုပ်ချုပ်သူများ၊ လူငယ်ကိုယ်စားလှယ်များ၊ အားကစားနှင့် လူငယ် ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။

ထို့နောက် လူငယ်ငြိမ်းချမ်းရေးဖိုရမ်း ၂၀၂၆( Youth Peace Forum 2026) ၏ “ငြိမ်းချမ်းရေးနှင့် နိုင်ငံ တည်ဆောက်ရေး လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေး” Video Clip အားပြသသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ငြိမ်းချမ်းရေးဖိုရမ် ထပ်ဆင့်ရှင်းလင်းပွဲ ဆောင်ရွက် မှုနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ လှုပ်ရှားဆောင်ရွက်မှု Video Clip အား ပြသသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဖိုရမ်တက်ရောက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဦးအောင်မင်း၊ ပြည်ထောင်စု ဝန်ကြီး (ငြိမ်း)နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)တို့အား နေရာအရောက် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” အမှတ်တရ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်သည်။

ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းအား “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” အမှတ်တရ ဂုဏ်ပြုလက်ဆောင် အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အဆိုတော် J Fire အား ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြပြီး အဆိုတော် J Fire မှ Peace သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်သည်။

ထို့နောက် ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း)က လူငယ်များအတွက် နိုင်ငံတည်ဆောက်ရေးနှင့် လူငယ်ဆိုင်ရာ ဗဟုသုတများကို လည်းကောင်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က Trust and Confidence Building Measures in Peace Building ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ယုံကြည်မှု နှင့် ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ အစီအမံများကို လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ ကြကြောင်း သိရသည်။ (ပြန်/ဆက်)