အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

Loading

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော် ၊ နိုဝင်ဘာ ၁၅ အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့သည့် မြန်မာ့‌ ရေကူးအားကစားအဆင့်အတန်း ယခုထက်ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် အပြည်ပြည် ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ည‌နေပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ Multipurpose Hall ၌ ဖွင့်လှစ်ခဲ့သည့်ရေကူးနည်းပြသင်တန်းတွင် သင်တန်းသား/ သင်တန်းသူ ၂၉ ဦးတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့သည့် ကမ္ဘာ့ရေကူးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသော နည်းစနစ်ကျွမ်းကျင်သူ အမေရိကန်နိုင်ငံမှ Mr. Buddhi Manoj Abeysinghe […]

မသန်စွမ်းသူများအတွက် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနား

Loading

မသန်စွမ်းသူများအတွက် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနား နေပြည်တော်၊ နိုဝင်ဘာ ၁ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများအတွက် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို ၂၉-၁၀-၂၀၂၄ ရက်နေ့မှ ၁-၁၁-၂၀၂၄ ရက်နေ့အထိ လယ်ဝေးမြို့၊ Training Center 2 တွင် ဖွင့်လှစ်ခဲ့ရာ လယ်ဝေးခရိုင်အတွင်းရှိ မသန်စွမ်းသင်တန်းသား/သူ ၃၂ ဦး တက်ရောက်ခဲ့ပါ သည်။ သင်တန်းတွင် စားသောက်ကုန်များအနေဖြင့် ရှောက်ယို၊ သင်္ဘောသီးယို၊ ခရမ်းချဉ်သီးယို၊ ကျောက်ဖရုံယို အပါအဝင် ယိုမျိုးစုံပြုလုပ်နည်းနှင့် ဇီးဖျော်ရည်၊ ရှောက်သီး ဖျော်ရည်၊ မကျည်းသီးဖျော်ရည်နှင့် သံပုရာရည်အဆီပြုလုပ်နည်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို ၁-၁၁-၂၀၂၄ ရက်နေ့၊ ညနေ (၀၄:၀၀)နာရီအချိန်တွင် Training Center – 2 ၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာနမှ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား တောင်ကြီးမြို့၊ နိုဝင်ဘာလ ၂ ရက်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးသည် ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်း တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော တောင်ကြီးမြို့နယ်ရှိ ရွှေညောင်အားကစားကွင်း ၊ ကလောမြို့နယ်အတွင်းရှိ အောင်ပန်းအားကစားကွင်းနှင့် ကလောမြို့မအားကစားကွင်း/အားကစားရုံများ အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကလောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် တောင်ကြီးမြို့နယ် ရွှေညောင်အားကစားကွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်နေသာ ပွဲကြည့်စင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်ဖြည့်စွက်မှာကြားသွားကာ အောင်ပန်းမြို့ အားကစားကွင်းသို့ ဆက်လက်ထွက်ခွာသွားခဲ့ရာ အောင်ပန်းအားကစားကွင်းသို့ ရောက်ရှိခဲ့ပြီး သဘာဝဘေးအန္တရာယ် ရာဂိမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော အားကစားကွင်းနှင့် […]

ဒုတိယညွှန်ကြားရေးမှူးချုပ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား

Loading

ဒုတိယညွှန်ကြားရေးမှူးချုပ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးသည် ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း/အားကစားရုံများ အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကယားပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများ ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြားခဲ့သည်။ ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အရာထမ်း/အမှုထမ်းများအနေဖြင့် နိုင်ငံတော်မှအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသို့ ချမှတ်ပေးထားသော အဓိကတာဝန်ကြီး (၅)ရပ်နှင့်အညီ ဝန်ထမ်းများအားလုံးသည်တာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း ၊ စည်းကမ်းကောင်းမွန်ပြီးအရည်အချင်းမြင့်မားသော ဝန်ထမ်းများဖြစ်ကြပြီး တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြစေလိုပါကြောင်း ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုံခြုံရေးအရ ခရီးသွားလာရာတွင် အထူးဂရုပြုကြစေလိုပါကြောင်း ၊ မိမိတို့၏ဌာနရဲ့ ရုံးလုပ်ငန်းဆိုင်ရာများနှင့် သတင်းလုံခြုံရေးအတွက် ကန့်သတ် ၊ […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့်နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများရွေးချယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့်နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများရွေးချယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၂၄။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ ပထမအကြိမ် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၉ နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် ဖွင့်ပွဲ/ ပိတ်ပွဲ၊ ပြိုင်ပွဲကျင်းပမည့်နေရာ၊ နေ့ရက်များ၊ ရက်အလိုက်ဆုရရှိမှုများအား […]

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ “ SEA Games အကြို” လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ “ SEA Games အကြို” လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၇ ။ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ “ SEA Games အကြို” လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ အောက်တိုဘာ ၅ ရက်နေ့တွင် (အမျိုးသား/အမျိုးသမီး) Recurve/Compound မြား (၇၂)ချောင်း Ranking Round ပြိုင်ပွဲအား ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြသည်။ ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် အကြို ဗိုလ်လုပွဲ […]

ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံညွှန်ကြားရေးမှူးများအား လုပ်ငန်းလမ်းညွှန်မှာကြား

Loading

ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံညွှန်ကြားရေးမှူးများအား လုပ်ငန်းလမ်းညွှန်မှာကြား နေပြည်တော်၊ ဩဂုတ် ၂၆ ။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးများအား လုပ်ငန်းလမ်းညွှန်မှာကြားသည့် အခမ်းအနား ကို ယနေ့မွန်းလွဲ (၁)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(အပေါ်ထပ်)၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်း အဝေးအား လစဉ်ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် ဒေသ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်သွားရန်လိုကြောင်း၊ နယ်မြေဒေသလုံခြုံမှုမရှိသည့် ပြည်နယ်/ တိုင်းများမှဝန်ထမ်းများကို အချိန်မီ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အရေးကြီးစာရွက်စာတမ်း များနှင့် သတင်းအချက်အလက်များအား Soft Copy […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ သြဂုတ် ၂၁ ။ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Cluster-7 စားရိပ်သာ၌ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှာရှိသည့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ပြေးခုန်ပစ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲအား မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်နှင့်ပူးပေါင်း၍ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ စစ်တမ်းကောက်ယူလျက်ရှိသည့် အချက်အလက်များကို အုပ်ချုပ်သူ/နည်းပြများ […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ သြဂုတ် ၁၀။ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Cluster-7 စားရိပ်သာ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ ဖူဆယ် အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ […]

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ် ၆ ။ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ(၃)နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့၌ ကျင်းပ ခဲ့သည်။ ယနေ့ ဘောလုံး(အမျိုးသား) အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၃)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၁)တွင် နေပြည်တော်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင် ပြည်နယ်အသင်းက နေပြည်တော်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း […]