အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး AFC Women Club Champion League ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် တွေ့ဆုံ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး AFC Women Club Champion League ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် တွေ့ဆုံ ရန်ကုန်၊ ဩဂုတ်လ(၁၅)ရက်။ AFC Women Club Champion League ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၁၀ : ၃၀) နာရီအချိန် တွင် ရန်ကုန်မြို့ကျိုက္ကဆံဝင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းမှ အုပ်ချုပ်/နည်းပြများ၊ […]
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မြန်မာ့သိုင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မြန်မာ့သိုင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ ဩဂုတ်လ (၁၄)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် (၁)နာရီက သုဝဏ္ဏလေးထပ်ဆောင်ရှိ စားရိပ်သာ၌ ကျင်းပရာ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့်နည်းပြများ တက်ရောက်ကြသည်။ ဦးစွာ အစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကားပြောကြားရာတွင် […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဌာနခွဲများအလိုက် ညွှန်ကြားရေးမှူးများနှင့် ပထမ(၆)လပတ် ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဌာနခွဲများအလိုက် ညွှန်ကြားရေးမှူးများနှင့် ပထမ(၆)လပတ် ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ ဩဂုတ် ၄ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ဌာနခွဲများ အလိုက် ညွှန်ကြားရေးမှူးများနှင့် ပထမ(၆)လပတ် ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ဦးကျော်ဇင်မိုး၊ ဦးစီးဌာန(ရုံးချုပ်)ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာ(သိပ္ပံ) ကျောင်းအုပ်ကြီးများတက်ရောက်ခဲ့ကြောင်း သိရသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် လုပ်ငန်းများမြန်မြန်ဆန်ဆန် ပြီးမြောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ သင်တန်းသားရွေးချယ်မှု၊ လေ့ကျင့်မှုနှင့် ပညာသင်ကြားမှုကိစ္စရပ်များတွင် […]
လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် ပထမ(၆)လပတ် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် ပထမ(၆)လပတ် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဩဂုတ် ၄ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးသည် ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် ပထမ(၆)လပတ် ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသော်အေး၊ ဦးစီးဌာန(ရုံးချုပ်)ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကယပညာ(သိပ္ပံ) ကျောင်းအုပ်ကြီးများ တင်ရောက်ခဲ့ကြောင်း သိရသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် ဖွဲ့စည်းပုံခန့်အပ်ထားသည့် ဝန်ထမ်းအင်အားအခြေအနေအရ ဝန်ထမ်းအင်အား လုံလောက်မှုမရှိသေး သော်လည်း လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာဆိုင်ရာ လုပ်ငန်းတာဝန်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၃၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း/ အမှုထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် အရာထမ်း/အမှုထမ်း မိသားစုဝင်အားလုံး၏ အခက်အခဲများကို တစ်ပြိုင် တည်း၊ တစ်ချိန်တည်း ဖြေရှင်းကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယနေ့အခမ်းအနားအား ကျင်းပ ပေးရခြင်းဖြစ်ပါကြောင်း၊ အရာထမ်း/ အမှုထမ်းများအနေဖြင့် မိသားစုစိတ်ဓာတ်ထားရှိပြီး လုပ်ငန်း […]
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား၌ ပြုလုပ်မည့် လူငယ်စကားဝိုင်းအစီအစဉ်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား၌ ပြုလုပ်မည့် လူငယ်စကားဝိုင်းအစီအစဉ်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် နေပြည်တော် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား၌ ကျင်းပပြုလုပ်မည့် လူငယ်စကားဝိုင်းအစီအစဉ်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ၂၉-၇-၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်၌ နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Cluster(04-06)တွင် လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဆွေးနွေးပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသည် ယခင်နှစ်များ၌ ဆောင်ရွက်ခဲ့သည့် နည်းလမ်းများနှင့် ကွဲလွဲမှုမရှိစေရေး၊ အခမ်းအနားအား အပိုင်း(၂)ပိုင်းဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ စကားဝိုင်းအစီအစဉ်တွင် ပါဝင်မည့် လူငယ်ကိုယ်စားလှယ်များအနေဖြင့် တက်ရောက်လာမည့် လူငယ်ကိုယ်စားလှယ်များအားလုံး နားလည်သဘောပေါက်သည့် အသုံးအနှုန်း အယူအဆများကို ရှင်းလင်းစွာ ဆွေးနွေးတင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း၊ […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ ဇူလိုင်လ (၃)ရက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်(၁၃:၀၀)နာရီအချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ်ကျိုက္ကဆံကွင်းရှိ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အတွင်းရေးမှူးများနှင့် တာဝန်ခံနည်းပြများ တက်ရောက် […]
Gold Camp ရှိ အိပ်ဆောင်များတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ နေထိုင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
Gold Camp ရှိ အိပ်ဆောင်များတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ နေထိုင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် ၃ ရက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် အားကစားကွင်း/ အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်း၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) တာဝန်ခံ ညွှန်ကြားရေးမှူး ဦးစန်းချိုနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ငလျင်ဘေးသင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ နေထိုင်မှုများအဆင်ပြေစေရေးအတွက် ယာယီနေရာချထားပေးသည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၊ Cluster (6)ရှိ အိပ်ဆောင်များတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် Cluster များအလိုက် အဆောက်အဦများ၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ စုပေါင်းနေထိုင်နေမှုများ၊ အဆောက်အဦများအလိုက် အိမ်သုံးမီတာ တပ်ဆင်ထားရှိမှုအခြေအနေများနှင့် […]
တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ ဇွန်လ(၂၅)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက သုဝဏ္ဏ(၄)ထပ်ဆောင်ရှိစားရိပ်သာ၌ ကျင်းပရာ အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။ ဦးစွာအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ်တိုက်ကွမ်ဒို အားကစားသမားများ ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ တိုက်ကွမ်ဒို အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေးနှင့် တိုက်ကွမ်ဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၂၀၂၅ ခုနှစ် Olympic Day Movement – Nay Pyi Taw Street Day ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်
![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၂၀၂၅ ခုနှစ် Olympic Day Movement – Nay Pyi Taw Street Day ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက် နေပြည်တော်၊ ဇွန် ၂၁ ၂၀၂၅ ခုနှစ် Olympic Day Movement – Nay Pyi Taw Street Day ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရေပန်းဥယျာဉ်၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ ပြိုင်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံစကိတ်အားကစားအဖွဲ့ချုပ် လက်ရွေးစင် စကိတ်အားကစားသမားများနှင့် BMX အားကစားသမားများမှ သရုပ်ပြစီးနှင်ခဲ့ပြီးနောက် Fixed Gear Bike စက်ဘီး […]