အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အလံတင်အခမ်းအနားကျင်းပ

ထိုင်း၊ ဒီဇင်ဘာ ၈

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်၊ ချွန်ဘူရီနှင့်ချင်းမိုင်မြို့များတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အလံတင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Hua Mark မိုးလုံလေလုံအားကစားကွင်း၌ ကျင်းပခဲ့ရာ SAT, SEAGF, CDMS, NOCs, နိုင်ငံပေါင်း ၁၁ နိုင်ငံတို့မှ VIP များ၊ ကိုယ်စားလှယ်များနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဘင်ခရာတီးဝိုင်းနှင့်အတူ နိုင်ငံပေါင်း ၁၁ နိုင်ငံတို့မှ အားကစားသမားများအား ကြိုဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး SEAGF Logo , SEA Games Logo အလံနှင့် ဘရူးနိုင်း ဒါရုစလမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ စင်္ကာပူသမ္မတ နိုင်ငံ၊ တီမောလက်စ်တီဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အိမ်ရှင်ထိုင်း နိုင်ငံ စသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံတို့၏ အလံများကို ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက ကိုင်ဆောင်ပြီး နိုင်ငံတော်သီချင်းများအား ဖွင့်လှစ်၍ သံပြိုင်သီဆိုခဲ့ပြီး အလံကိုင်အဖွဲ့မှ အလံလွှင့်တင် ခြင်းများကို ဆောင်ရွက်ခဲ့ပြီးနောက် နိုင်ငံပေါင်း ၁၁ နိုင်ငံတို့နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။