အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ Chef de Mission အစည်းအဝေးသို့တက်ရောက်

ထိုင်း၊ ဒီဇင်ဘာ ၇

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲဝင်အားကစားအဖွဲ့များ တည်းခိုနေထိုင်မှုများ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုများ၊ ကြို/ပို့ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးတို့အတွက် နိုင်ငံအလိုက် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင် များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် GRAND FOUR WINGS HOTEL ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

နိုင်ငံအလိုက် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားအဖွဲ့ ခေါင်းဆောင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။