အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

Loading

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ် နေပြည်တော်၊ ဒီဇင်ဘာ (၂၀)။ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Squash အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ လာမည့်နှစ်များတွင် ပြည်ထောင်စုဝန်ကြီးဌာနများအားလုံး ပါဝင်ယှဉ်ပြိုင်သွားစေလိုကြောင်းနှင့် အားကစားသမား […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် တိုက်ကွမ်ဒိုအားကစားသမားများအား ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် တိုက်ကွမ်ဒိုအားကစားသမားများအား ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဒီဇင်ဘာလ(၁၆)ရက်။ ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် တိုက်ကွမ်ဒိုအားကစားသမားများအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ (၅:၃၀)နာရီအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်း ဘူယောင်းရုံ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ဌဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြား‌ရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန်၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ နည်းပြဆရာများနှင့် ဆုရအားကစားသမားများ တက်ရောက်ကြပါသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် က ဝန်ကြီးချုပ်ကိုယ်စားဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ […]

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အားကစားအဖွဲ့ချုပ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အားကစားအဖွဲ့ချုပ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ(၁၅)။ ၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားအဖွဲ့ချုပ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(အပေါ်ထပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အထောက်အကူပြုစေမည့် အလားအလာရှိသည့် ထူးချွန်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာနိုင်ငံအနေဖြင့် အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးရရှိနိုင်ရန်ရည်ရွယ်၍ အမျိုးသားအားကစားပွဲတော်ကို […]

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

Loading

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ် နေပြည်တော်၊ ဒီဇင်ဘာ (၁၂)။ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Squash အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲကို (၁၄.၁၂.၂၀၂၃)ရက်နေ့မှ (၂၃.၁၂.၂၀၂၃)ရက်နေ့အထိ လည်းကောင်း၊ ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို (၁၉.၁၂.၂၀၂၃)ရက်နေ့မှ (၃.၁.၂၀၂၄)ရက်နေ့အထိ လည်းကောင်း ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ ကွင်းအမှတ်(၃)နှင့် လယ်ဝေး အားကစားကွင်း (TC-2)တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ National Fitness […]

အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights-AICHR)၏ ဒေသအဆင့်ဆွေးနွေးပွဲသို့ Virtual စနစ်ဖြင့်တက်ရောက်

Loading

အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights-AICHR)၏ ဒေသအဆင့်ဆွေးနွေးပွဲသို့ Virtual စနစ်ဖြင့်တက်ရောက် နေပြည်တော်၊ ဒီဇင်ဘာ(၅)။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ထိုင်းနိုင်ငံ၊ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (Thailand, AICHR)တို့က ကြီးမှူးကျင်းပသည့် “၂၀၂၅ ခုနှစ် Enabling Master Plan ၏ တိုးတက်မှုဆိုင်ရာအခြေအနေနှင့် နှစ်လယ်သုံးသပ်ချက်များနှင့် စပ်လျဉ်း၍ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights-AICHR)၏ ဒေသအဆင့်ဆွေးနွေးပွဲ” ဒုတိယနေ့အစီအစဉ်အား မြန်မာစံတော်ချိန် ယနေ့နံနက် (၀၈:၃၀)အချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ရာ အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ လက်ရှိဥက္ကဋ္ဌ (SOMY Chair)အဖြစ် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် တာဝန်ရှိသူများက […]

အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights-AICHR) ၏ ဒေသအဆင့်ဆွေးနွေးပွဲသို့ Virtual စနစ်ဖြင့်တက်ရောက်

Loading

အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights-AICHR) ၏ ဒေသအဆင့်ဆွေးနွေးပွဲသို့ Virtual စနစ်ဖြင့်တက်ရောက် နေပြည်တော်၊ ဒီဇင်ဘာ(၄)။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ထိုင်းနိုင်ငံ၊ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် (Thailand, AICHR) တို့က ကြီးမှူးကျင်းပသည့် “၂၀၂၅ခုနှစ် Enabling Master Plan ၏ တိုးတက်မှုဆိုင်ရာအခြေအနေနှင့် နှစ်လယ်သုံးသပ်ချက်များနှင့် စပ်လျဉ်း၍ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights-AICHR) ၏ ဒေသအဆင့် ဆွေးနွေးပွဲ” အား မြန်မာစံတော်ချိန် ယနေ့နံနက် (၀၈:၃၀) အချိန်တွင် ကျင်းပ ပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) ကိုယ်စား လှယ်များ၊ […]

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၃) အခမ်းအနားသို့ တက်ရောက်

Loading

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၃) အခမ်းအနားသို့ တက်ရောက် မကွေး၊ နိုဝင်ဘာလ(၃၀)ရက်။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တိုင်းဒေသကြီးအတွင်းရှိ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရည်ရွယ်ချက်များ ထားရှိ ဖွဲ့စည်းပေးထားသည့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ (၁/၂၀၂၃)အစည်းအဝေးကို နိုဝင်ဘာလ(၃၀)ရက် ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ (၃၃%) နီးပါးသည် အသက် (၁၅ – ၃၅ […]

အာဆီယံနှင့်အာဆီယံအသိုက်အဝန်း တည်ဆောက်မှုအခြေအနေ ရှင်းလင်းမျှဝေခြင်းနှင့် တင်ပြမှုအရည်အချင်း မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

အာဆီယံနှင့်အာဆီယံအသိုက်အဝန်း တည်ဆောက်မှုအခြေအနေ ရှင်းလင်းမျှဝေခြင်းနှင့် တင်ပြမှုအရည်အချင်း မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာလ(၂၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနရှိ ဝန်ထမ်းများအတွက် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဝန်ထမ်းများ၏ စွမ်း‌ဆောင်ရည်မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အာဆီယံနှင့် အာဆီယံအသိုက်အဝန်း တည်ဆောက်မှုအခြေအနေ ရှင်းလင်းမျှဝေခြင်းနှင့် တင်ပြမှုအရည်အချင်း မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနကို စတင်ဖွင့်လှစ်ပြီး (၁)နှစ်ကျော်ကာလအတွင်းမှာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေးသင်တန်းများကို ယခုကဲ့သို့စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပေးသွားမည့် သင်တန်းအား မိမိတို့ဌာနရှိဝန်ထမ်းများ၏ စွမ်းဆောင်မှု အရည်အသွေးမြင့်မားလာစေရန်နှင့် လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် ဆောင်ရွက်ချက်များအား အစီရင်ခံတင်ပြရာ၌ အနှစ်ချုပ်၍ စနစ်တကျရှင်းလင်းစွာ တင်ပြတတ်စေရန် ရည်ရွယ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းမှရရှိလာမည့် ဗဟုသုတများအပေါ် […]

အာဆီယံ/ နိုင်ငံတကာ အစည်းအဝေးများ၊ သင်တန်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် (၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ

Loading

အာဆီယံ/ နိုင်ငံတကာ အစည်းအဝေးများ၊ သင်တန်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် (၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၂၁)။ အာဆီယံနှင့် နိုင်ငံတကာအစည်းအဝေးများ၊ စကားဝိုင်းများနှင့် သင်တန်းများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းမျှဝေခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ(၁၃:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများအတွက် ယခုလို အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယခုကျင်းပပြုလုပ်သည့် အခမ်းအနားသည် (၅)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ တက်ရောက်လာသည့် အရာထမ်း/ အမှုထမ်းများမှလည်း စိတ်ပါဝင်စားစွာ နားထောင်၍ အားလုံးအတွက် […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၂၁)။ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 (စားရိပ်သာ)၌ ကျင်းပခဲ့သည်။ အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပိုက်ကျော်ခြင်း အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုး ဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုး သမီး)ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းသည် လူကြိုက်များသည့် အားကစားနည်းများထဲက တစ်ခုဖြစ်သည့်အပြင် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲများတွင် […]