အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝန်ထမ်းအိမ်ရာနှင့် သုဝဏ္ဏဝန်ထမ်းအိမ်ရာတို့အားလိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန် ၊ ဧပြီ ၉

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် အိမ်ရာကော်မတီ(ရန်ကုန်)အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝန်ထမ်းအိမ်ရာနှင့် သုဝဏ္ဏဝန်ထမ်းအိမ်ရာတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာဒုတိယညွှန်ကြားရေးမှူးချုပ်၊ အိမ်ရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့သည် ဝန်ထမ်းအိမ်ရာများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းအိမ်ရာ စည်းမျဉ်း/စည်းကမ်းများအတိုင်း လိုက်နာနေထိုင်ကြရန် ၊ ဝန်ထမ်းမိသားစုနှင့်မသက်ဆိုင်သည့်သူများအား နေထိုင်ခွင့်မပြုကြရန်၊ ဝန်ထမ်းအိမ်ရာအတွင်းနေထိုင်သည့် ဝန်ထမ်းမိသားစုများအတွင်း မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် ဂရုစိုက်နေထိုင်ကြရန် ၊ ဝန်ထမ်းအိမ်ရာအတွင်း မလိုလားအပ်သည့် အဆောက်အဦ များအား ဖျက်သိမ်းရှင်းလင်းရန် ၊ ပြုပြင်မွမ်းမံသင့်သည့် အဆောက်အဦများအား ပြန်လည်ပြုပြင်မွမ်းမံရန်နှင့်နွေရာသီကာလဖြစ်သည့်အတွက် ဝန်ထမ်းအိမ်ရာအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ဂရုစိုက်နေထိုင်ကြရန် တာဝန်ရှိသူတို့အား လမ်းညွှန်မှာကြားခဲ့ သည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင်အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ အိမ်ရာအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းအိမ်ရာများမှ စည်းကမ်းနှင့်မကိုက်ညီသည့်ဝန်ထမ်းများအား ခေါ်ယူတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ရာ၌ လောင်းကစားကိစ္စများလုပ်ကိုင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များမွေးမြူခြင်း၊ မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သော ဆေးဝါးများသုံးစွဲခြင်း၊ ရောင်းချခြင်းများမပြုလုပ်ကြရန်၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းအိမ်ရာစည်းမျဉ်း/စည်းကမ်းများကို တိတိကျကျလိုက်နာနေထိုင်နိုင်မှသာလျှင် ဝန်ထမ်းအိမ်ရာ၌ ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ လိုက်နာခြင်းမရှိသည့် ဝန်ထမ်းများအား နေထိုင်ခွင့်ပြုထားသည့် ဝန်ထမ်းအိမ်ရာများအား ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ဝန်ထမ်းအိမ်ရာများ၌ ခိုက်ရန်ဖြစ်ပွားခြင်းများ မဖြစ်ပွားစေရန်နှင့် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် စည်းကားသိုက်မြိုက်စွာ နေထိုင်သွားကြစေလိုကြောင်း၊ ဝန်ထမ်းအိမ်ရာပတ်ဝန်းကျင်အမြဲတမ်းသန့်ရှင်းသပ်ရပ် သာယာလှပစေရေးအား စနစ်တကျစုပေါင်းပါဝင်ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသိရသည်။