![]()
မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဇော်ဦး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာခြင်းလုံးနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲကွင်းပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှု၍ ပေါင်းစပ်ညှိနှိုင်းခြင်းများဆောင်ရွက်
ထိုင်း၊ ဒီဇင်ဘာ ၆
မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Nakhonpathom Sports Center သို့ သွားရောက်၍ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ခြင်းလုံးနှင့် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ကျင်းပရေးမှ တာဝန်ရှိသူများနှင့်အတူ ခြင်းလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပမည့် အားကစားရုံအတွင်းရှိ ပြိုင်ပွဲကွင်း ပြင်ဆင်ထားရှိမှုများ၊ အားကစားသမားများနားနေခန်း၊ အားကစားအဖွဲ့များအတွက် နေ့လည်စာ စားသောက်မည့်နေရာပြင်ဆင်ထားရှိမှုများ၊ VIP နားနေခန်းနှင့် အစည်းအဝေးခန်းမပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ပြီး ခြင်းလုံးနှင့် ပိုက်ကျော်ခြင်းအားကစား အောင်နိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး မြန်မာအားကစားအဖွဲ့ခေါင်းဆောင်သည် မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့ များနှင့် အားကစားသမားများ တည်းခိုနေထိုင်မည့် MADISON HOTEL နှင့် GRAND FOUR WINGS HOTEL တို့အားလည်းကောင်း၊ မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့များ ရုံးခန်းဖွင့်လှစ်၍ မြန်မာ အားကစားအောင်နိုင်ရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များဆောင်ရွက်မည့် ရုံးခန်းနေရာ ပြင်ဆင်ထားရှိမှုများနှင့် Chef de Mission (CDM)အစည်းအဝေးကျင်းပမည့် ခန်းမတို့အား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။


