အားကစားရေးရာဝန်ကြီးဌာန

သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကျင်းပ

Loading

သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ(၂၈)ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်အေးအေးအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက ”အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြမဲ့ မျိုးဆက်သစ် လူငယ်လူရွယ်များသည် ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနဲ့လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတက်အောင် အသိပညာ၊ အတတ်ပညာတွေကို ကြိုးစားလေ့လာဆည်းပူးဖို့လိုသကဲ့သို့ ကျန်းမာကြံ့ခိုင်ခြင်းသည်လည်း အရေးကြီးသည့်ကဏ္ဍဖြစ်သည့်အတွက် ကျန်းမာ ကြံ့ခိုင်ပြီး ဉာဏ်ပညာပြည့်ဝစေရန် အားကစားနည်း […]

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၂၇)ရက်။ ၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပရိတ်သတ်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ယနေ့အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ခ)အသင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ) အသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို (၅)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(က)အသင်းနှင့် ပညာရေးဝန်ကြီးဌာန(ခ)အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ နေပြည်တော်၊ ဇွန်(၂၆)။ ၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပရိတ်သတ်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို (၁)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ဇုန်အလိုက် ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ဇုန်အလိုက် ဆက်လက်ကျင်းပ ရှမ်းပြည်နယ်အမျိုးသမီးဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး ၊ ပြည်နယ်အတွင်းရှိဒေသခံတိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး ၊ မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ၂၃.၆.၂၀၂၃ ရက်နေ့ မှစတင်၍ ပြည်နယ်အားကစားကွင်း ၊ အား/ကာ(သိပ္ပံ)အားကစားကွင်းတို့၌ ဇုန်(၂)ဇုန်ခွဲ၍ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ပွဲစဥ်များအဖြစ် မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ပင်လောင်းမြို့နယ်သင်း နှင့် ဖယ်ခုံမြို့နယ်အသင်း ၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်အသင်း နှင့် လွိုင်လင်မြို့နယ်အသင်းတို့သည် ပြည်နယ်အားကစားကွင်း၌လည်းကောင်း ၊ မွန်းလွဲ(၁၄း၃၀)နာရီအချိန်တွင် ရွာငံမြို့နယ်သင်း နှင့် သီပေါမြို့နယ်အသင်း ၊ ညနေ(၁၆း၀၀)နာရီအချိန်တွင် နမ္မတူမြို့နယ်အသင်း နှင့် ညောင်ရွှေမြို့နယ်အသင်းတို့သည် အား/ကာသိပ္ပံအားကစားကွင်း၌လည်းကောင်း အသီးသီးယှဥ်ပြိုင်ကစားခဲ့ကြပြီး […]

ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

Loading

ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ နေပြည်တော်၊ ဇွန် (၂၆)။ ပြည်ထောင်စုနယ်မြေ(နေပြည်တော်ကောင်စီ)အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးတင်မောင်စိုးက လူငယ်နှင့်အားကစားကဏ္ဍ၊ အား/ကာ (သိပ္ပံ)နှင့် B.Sc (Sports) အားကစားသိပ္ပံဘာသာရပ်အကြောင်း သိကောင်းစရာများဟောပြော၍ လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) လူငယ်ရေးရာဦးစီးဌာနတာဝန်ခံဒုတိယညွန်ကြားရေးမှူးဦးကြည်စိုးလင်းမှ လူငယ်နဲ့တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းစဉ်နှင့် လူငယ်များအားကစားပြုလုပ်ရခြင်းကြောင့်ရရှိသော အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြပါသည်။ ထို့နောက် ပျဉ်မနားမြို့နယ်လက်ထောက်ပညာရေးမှူးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စာသင်ကျောင်းအတွက် အားကစားအထောက်ကူပြုပစ္စည်းများလှူဒါန်းကာ Fitness Dance အကဖြင့် သရုပ်ပြသဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးတင်မောင်စိုး၊ လူငယ်ရေးရာဦးစီးဌာနတာဝန်ခံ ဒုတိယညွန်ကြားရေးမှူးဦးကြည်စိုးလင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ […]

အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူး(ထောက်လု)ပြိုင်ပွဲဖွင့်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်း အနားကျင်းပ

Loading

အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူး(ထောက်လု)ပြိုင်ပွဲဖွင့်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်း အနားကျင်းပ တောင်ကြီးမြို့၊ ဇွန်လ(၂၅)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ်ဝူရှူး (မိဘ/ဆရာ)အသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဒုတိယအကြိမ်မြောက် ဝူရှူး(ထောက်လု)ပြိုင်ပွဲကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်မှစတင်၍ တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ညွန့် ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဝူရှူး(ထောက်လု)ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်များနှင့်စပ်လျဥ်းပြီး ပြောကြားရာတွင် အမှတ်တရထူးခြားလှတဲ့နေ့တစ်နေဖြစ်တဲ့ အိုလံပစ်နေ့ကို မမေ့မလျော့ပဲ အထိမ်းအမှတ်ဖြစ်စေရန်နှင့် နွေရာသီအခြေခံအားကစားသင်တန်းများမှတဆင့် […]

၂‌၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

Loading

၂‌၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ တောင်ကြီး၊ ဇွန် လ(၂၄)ရက်။ ၂၀၂၃ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်(၂၄)ရက် ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အသက်(၁၉)နှစ်အောက် မြို့နယ်အလိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကျန်းမာကြံ့ခိုင်သော အမျိုးသမီးများ ပေါ်ထွက်လာစေရေး၊ အမျိုးသမီးတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသမီးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မြန်မာအမျိုးသမီးဘောလုံးအသင်းအား တစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်စေရေး၊ မြန်မာအမျိုးသမီးများ၏ ကျား/မ တန်းတူအခွင့်အရေး ရရှိပြီး ပြိုင်တူဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးတို့ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှ […]

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ

Loading

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ နေပြည်တော်၊ ဇွန်(၂၃)။ ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကျန်းမာရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၇)ဂိုး (၅)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၃)ဂိုးစီသရေရလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် 3×3 ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

Loading

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် 3×3 ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ(၂၂)ရက်။ နှစ်စဉ် ဇွန်လ(၂၃)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် 3×3 ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နေ့လယ်(၂:၀၀)နာရီ၌ တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံ ဘတ်စကက်ဘောအားကစားရုံ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ် ဒုတိယဥက္ကဌများ၊ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြပါသည်။ ပထမဦးစွာ အသက်(၁၆)နှစ်နှင့်အောက် အမျိုးသားပြိုင်ပွဲ၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး ပြိုင်ပွဲ၊ အသက်(၂၀)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ကျင်းပပြီးနောက် အသက်(၁၆)နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမရရှိသော Blank အသင်း၊ ဒုတိယရရှိသော Hoops အသင်း၊ တတိယရရှိသော Giants (A)အသင်း၊ အသက်(၁၆)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ပထမရရှိသော ISM […]

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ

Loading

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ တောင်ကြီးမြို့၊ ဇွန်လ(၂၂)ရက်။ ရှမ်းပြည်နယ်အစိုးအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ လူစစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများအစည်းအဝေးကို ဇွန် (၂၂)ရက် မနက်(၀၉:၀၀)အချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ ၊ မြို့နယ်တာဝန်ခံများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှတာဝန်ရှိသူများ ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ / နည်းပြများ ၊ […]