၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပ

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၈)။ လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၉)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝိတ်တန်းအလိုက် အမျိုးသား(၅၄၊၆၀၊၆၇၊၇၅)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၄)ပွဲနှင့် အမျိုးသမီး(၄၆၊၄၈၊၅၂၊၅၄၊၆၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၅)ပွဲ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုသား(၅၄)ကီလိုတန်းပြိုင်ပွဲတွင် ခုတ်လျှမ်းတွမ်(ချင်း)နှင့် ဝင်းမြတ်အောင်(တနင်္သာရီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ခုတ်လျှမ်းတွမ်(ချင်း)ကလည်းကောင်း၊ ကိုကိုထွန်း(စစ်ကိုင်း)နှင့် စောလင်းအောင်(ဧရာဝတီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ကိုကိုထွန်း(စစ်ကိုင်း)ကလည်းကောင်း၊ အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲတွင် အေးကိုဇင်(ကရင်)နှင့် ရဲမြတ်သူ(ဧရာဝတီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ အေးကိုဇင်(ကရင်)ကလည်းကောင်း၊ ထွန်းလင်း(မန္တလေး)နှင့် ပြည့်ဖြိုးလှိုင်(မကွေး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ထွန်းလင်း(မန္တလေး)ကလည်းကောင်း၊ […]
ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18 အမျိုးသား၊ U-22 အမျိုးသမီး၊ U-25 အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18 အမျိုးသား၊ U-22 အမျိုးသမီး၊ U-25 အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ အောက်တိုဘာလ(၈)ရက်။ ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေး အသင်း အမှုဆောင်ဖလား U-18 အမျိုးသား၊ U-22 အမျိုးသမီး၊ U-25 အမျိုးသား ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် ၊ အောင်ဆန်းအားကစားကွင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ် ရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဒုတိယဥက္ကဌ၊ မြန်မာဘော်လီဘော လူမှုရေးအသင်းဥက္ကဌ၊ ဒုတိယဥက္ကဌ ၊ အမှုဆောင်များနှင့်တာဝန်ရှိသူ များ၊ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၈)။ ရိုးရာခြင်းလုံးအားကစားနည်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ (Cluster-7) စားရိပ်သာခန်းမ၌ ကျင်းပသည်။ အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာ တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ရိုးရားခြင်းလုံးအားကစားသမားများအချင်းချင်း သွေးစည်း ညီညွတ်မှုရှိပြီး ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ခြင်းလုံးအားကစားနည်းကို မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်ပြီး မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်လာစေရေး၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ထူးချွန်ထက်မြက် သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး […]
မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ် စုံညီအခမ်းအနားကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ် စုံညီအခမ်းအနားကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊အောက်တိုဘာလ (၇)။ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ် စုံညီအခမ်းအနားကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက်( ၁၀:၃၀)မိနစ်အချိန်တွင် အားကစားနှင့် ကာယပညာသိပ္ပံဝင်းအတွင်းရှိ အသင်း၏ အစည်းအဝေးခန်းမ၌ကျင်းပရာ ဥက္ကဌ ဦးစိုးသိန်းနှင့် ဒုတိယဥက္ကဌများ၊အတွင်းရေးမှူးနှင့် ကော်မတီအလိုက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ အသင်းဥက္ကဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဖွဲ့စည်းခဲ့သည်မှာ (၁၀)နှစ်ပြည့်မြောက်ပြီဖြစ်တဲ့အတွက် ကျင်းပမည့်စုံညီအခမ်းအနားကို အားလုံးပျော်ပျော်ရွှင်ရွှင်စည်းစည်းရုံးရုံးဆောင်ရွက်သွားကြဖို့တိုက်တွန်းလိုကြောင်း၊အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊အသင်းကြီးအနေဖြင့် ၂၀၂၄ခုနှစ်ပြက္ခဒိန်ထုတ်ဝေရန်ဆောင်ရွက်နေသည်မှာလည်း အပြီးသတ်အချောထွက်ရှိလာပြီဖြစ်တဲ့အတွက် အထိမ်းအမှတ်လည်းဖြစ် ရန်ပုံငွေလည်း အထိုက်ေလျာက်ပြန်လည်ရရှိမည်ဟု မျှော်လင့်မိပါကြောင်း၊လက်ရှိအသင်း၏ရန်ပုံငွေကိုလည်း သုံးသင့်တာသုံးသလိုတိုးပွားအောင်ဆောင်ရွက်နိုင်မှသာ အသင်းဝင်များ၏သာရေး၊နာရေး၊ ကျန်းမာရေးကိစ္စရပ်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အသင်းအတွင်းရေးမှူး ဦးဇော်ဇော်မိုးက (၁၀)နှစ်ပြည့် စုံညီအစည်းအဝေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းမှု ၊ တာဝန်ခွဲဝေမှုများကိုရှင်းလင်းပြောကြားမှုအပေါ် တက်ရောက်လာသည့် ကော်မတီအလိုက်မြန်မာ့အားကစားလက်ရွေးစင်ေဟာင်းများက ပြန်လည်ဆွေနွေးပြောကြားခဲ့သည်။ ထို့နောကအွသငွးဥကကြဌ ဦးစိုးသိနွးက နိဂုံးခှုပအွမှာစကားပှောကှားရာတှငနွှဈစဉဆွောငရွှကနွကှေ […]
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၇)။ လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၉)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝိတ်တန်းအလိုက် အမျိုးသား(၄၈၊၅၇၊၆၃.၅၊၇၁)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၄)ပွဲနှင့် အမျိုးသမီး(၅၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၁)ပွဲ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုသား(၄၈)ကီလိုတန်းပြိုင်ပွဲတွင် မျိုးဇာနည်ထက်(ရန်ကုန်)နှင့် စောရွှေဝင်း(ကရင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ မျိုးဇာနည်ထက်(ရန်ကုန်)ကလည်းကောင်း၊ ညီညီဇော်(ချင်း)နှင့် ထက်အာကာမြင့်(ရခိုင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ညီညီဇော်(ချင်း)ကလည်းကောင်း၊ လှိုင်ဘွား(ဧရာဝတီ)နှင့် လှမျိုးဝင်း(ရှမ်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ လှိုင်ဘွား(ဧရာဝတီ)ကလည်းကောင်း၊ အောင်အောင်ထွန်း(မွန်)နှင့် ဇော်လဆိုင်း(ကချင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ အောင်အောင်ထွန်း(မွန်)ကလည်းကောင်း၊ အမျိုးသား(၅၇)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းရှင်းမောင်(ချင်း)နှင့် လမင်းကိုကို(ရန်ကုန်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ […]
(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့အားကြိုဆို ရွှေတံဆိပ်(၁)ဆု၊ ကြေးတံဆိပ်(၂)ဆုရရှိ

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့အားကြိုဆို ရွှေတံဆိပ်(၁)ဆု၊ ကြေးတံဆိပ်(၂)ဆုရရှိ ရန်ကုန်၊ အောက်တိုဘာလ(၇)ရက်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာ လ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၅ : ၁၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် MU-2031 ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား/သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ၏ မိဘဆွေမျိုး များက ပန်းစည်းများ၊အိုးစည်၊ ဒိုးပတ်များဖြင့် ဝမ်းပန်းတသာဂုဏ်ပြုကြိုဆိုခဲ့ပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် […]
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ ထားဝယ်၊ အောက်တိုဘာ (၆)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို (၆.၁၀.၂၀၂၃) ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဖွင့်လှစ်ခဲ့သည့်သင်တန်းများ၊ ကျင်းပခဲ့သည့်အားကစားပြိုင်ပွဲများ၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဥ်များကို ပြောကြားသွားပါသည်။ ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားသွားပါသည်။ ထို့နောက်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က […]
အာဆီယံ/နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် (၁)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ

အာဆီယံ/နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် (၁)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ (၆)။ အာဆီယံ/နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်(၁)ဦး၏ အတွေ့အကြုံ ရှင်းလင်းမျှဝေခြင်း အခမ်းအနားကို ယနေ့မွန်းလွှဲ(၁၃:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်အမှာစကား ပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာန စတင်ဖွဲ့စည်းခဲ့သည့် အချိန်ကစပြီး ယနေ့အချိန်ထိ နိုင်ငံခြားခရီးစဉ်(၉)ခု၊ စုစုပေါင်း လူငယ်ကိုယ်စားလှယ်(၂၆)ဦးနဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ ကာလတို ပညာတော်သင် ကိုယ်စားလှယ်(၁)ဦး စေလွှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် […]
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၆)။ လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၉)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပှိုငပြှဲ ပှဲစဉမြွားအဖှဈ ဝိတတြနြးအလိုကြ အမွိုးသား(၅၁၊၅၄၊၆၀၊၆၇၊၈၀)ကီလိုတနြးပှိုငပြှဲ ပှဲစဉြ(၅)ပှဲနှင့ြ အမွိုးသမီး(၅၇၊၆၃) ကီလိုတနြးပှိုငပြှဲ ပှဲစဉြ(၂)ပှဲ ဆကလြကြ ယှဉပြှိုငကြစားခဲ့ကှပှီး အမွိုသား(၅၁)ကီလိုတနြးပှိုငပြှဲတှငြ ကောငြးဆကနြိုငြ(မကှေး)နှင့ြ ထကပြိုငြဦး(ရခိုငြ)တို့ယှဉပြှိုငကြစားခဲ့ရာ ကောငြးဆကနြိုငြ(မကှေး)ကလညြးကောငြး၊ မိုးည(မှနြ)နှင့ြ ကွောဇြငမြောငြ(မနျတလေး)တို့ယှဉပြှိုငကြစားခဲ့ရာ ကွောဇြငမြောငြ(မနျတလေး)ကလညြးကောငြး၊ ဝဖှေိုးအောငြ(ပဲခူး)နှင့ြ သကဇြောြဦး(ဧရာဝတီ)တို့ယှဉပြှိုငကြစားခဲ့ရာ သကဇြောြဦး(ဧရာဝတီ)ကလညြးကောငြး၊ လငြးသူရအောငြ(ရနကြုနြ)နှင့ြ အောငခြန့ထြူး(စဈကိုငြး)တို့ယှဉပြှိုငကြစားခဲ့ရာ အောငခြန့ထြူး(စဈကိုငြး)ကလညြးကောငြး၊ အမွိုးသား(၅၄)ကီလိုတနြးပှိုငပြှဲတှငြ ခစွကြိုကိုဦး(ရခိုငြ)နှင့ြ ဝငြးမှတအြောငြ(တနငြျသာရီ)တို့ယှဉပြှိုငကြစားခဲ့ရာ […]
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော်(Dragon Boat)ပြိုင်ပွဲမှ ကြေးတံဆိပ်(၁)ခုထပ်မံဆွတ်ခူးရရှိ(၆.၁၀.၂၀၂၃)

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော်(Dragon Boat)ပြိုင်ပွဲမှ ကြေးတံဆိပ်(၁)ခုထပ်မံဆွတ်ခူးရရှိ(၆.၁၀.၂၀၂၃) ဟန်ကျိုး၊ အောက်တိုဘာ(၆)ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် ဝမ်ကျိုးမြို့ Wenzhou Dragon Boat Center ၌ နဂါးလှေလှော် (Dragon Boat) အမျိုးသား/အမျိုးသမီး မီတာ (၁၀၀၀) (၁၂)တက်လှော်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲမစတင်မီ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှုး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့သည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြာခဲ့သည်။ ဆက်လက်၍ အမျိုးသား မီတာ(၁၀၀၀) (၁၂)တက်လှော် ပြိုင်ပွဲ ပွဲစဉ်တွင် ပြိုင်ပွဲဝင် (၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ အင်ဒိုနီးရှားအသင်းက ပထမ၊ တရုတ်အသင်းက ဒုတိယနှင့် […]