အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်၊ ဧပြီ ၃၀။

၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ၂၉.၄.၂၀၂၄ ရက်နေ့ နံနက် ၈ နာရီ အချိန် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။

ဆုပေးပွဲအခမ်းအနားတွင် အမျိုးသား ၃ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော မော်လမြိုင်မြို့နယ်အသင်းအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အမျိုးသား ၂ ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆု ရရှိသော သံဖြူဇရပ်မြို့နယ်အသင်းအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုကို မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးမှ လည်းကောင်း၊ အမျိုးသမီး ၂ ယောက်တွဲ ပြိုင်ပွဲတွင်ပထမဆုရရှိသော ပေါင်မြို့နယ်အသင်းအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆု မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်မှ လည်းကောင်း၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိသောအသင်းများကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများမှ ဆုများကို အသီးသီးချီးမြှင့်ခဲ့ပါသည်။