အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ဖိတ်ခေါ်အားကစားပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး၊ ဧပြီ ၂၅။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးအတွက် ၂၀၂၄ ခုနှစ်၊ ဖိတ်ခေါ်အားကစားပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ၂၄.၄.၂၀၂၄ ရက်နေ့ ညနေ(၁၅း၃၀)နာရီအချိန်တွင် ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ နှင့် အားကစားဆပ်ကော်မတီများအလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက အားကစားနည်းအလိုက် ဖိတ်ခေါ်အားကစားပွဲများ ကျင်းပနိုင်ရေးနှင့်စပ်လျဥ်း၍ ပြောကြားခဲ့ရာတွင် ပြည်နယ်အတွင်း အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် အဓိကကျသော မျိုးဆက်သစ်အားကစားသမားများ စဥ်ဆက်မပြတ်ပေါ်ထွက်လာစေရန်၊ အဆင့်အတန်းမြင့်မားပြီး ပြိုင်ဆိုင်မှုများပြင်းထန်သောပြိုင်ပွဲများ အဆက်မပြတ်ကျင်းပပေးခြင်းဖြင့် အတွေ့အကြုံကောင်းများရရှိပြီး အဆင့်မီသောအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ဖိတ်ခေါ်အားကစားပြိုင်ပွဲများကိုကျင်းပနိုင်ရန် ရည်ရွယ်ခဲ့ပါကြောင်း၊ မိမိတို့ပြည်နယ်အတွင်း၌ ယခင်ကကျင်းပခဲ့သော ဖိတ်ခေါ်အားကစားပြိုင်ပွဲများ၊ အထိမ်းအမှတ်ပြိုင်ပွဲများအား အစဥ်အလာမပျက် ဆက်လက်ကျင်းပသွားရန် လိုအပ်ပါကြောင်းနှင့် သို့ဖြစ်မှသာ ရှမ်းပြည်နယ်အားကစားအဆင့်အတန်းသည် ပိုမိုတိုးတက်လာမှာဖြစ်ပါကြောင်း အစရှိသည်များကို ပြောကြားသွားကာ တက်ရောက်လာကြသောအားကစားနည်းဆပ်ကော်မတီများအလိုက် အားနည်းချက်/ အားသာချက်များကို တင်ပြခဲ့ကြောင်း သိရှိခဲ့ရပါသည်။