နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ခင်းကျင်းပြသထားသည့်ပြခန်းအား လိုက်လံကြည့်ရှုလေ့လာ
နေပြည်တော်၊ ဧပြီ (၂၇)။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ လူရည်ချွန်မောင်မယ်များ၊ ကင်းထောက်လူငယ်များ၊ ရေကျောင်းလူငယ်များ၊ လေကျောင်းလူငယ်များ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲအခမ်းအနားနှင့် ဝန်ကြီးဌာနများအလိုက် ခင်းကျင်းပြသထားသော ပြခန်းများအနက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ခင်းကျင်းပြသထားသည့် ပြခန်းတွင် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများ၏ ပုံတူရုပ်တုများ၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွင့်လှစ် သင်ကြားပေးခဲ့သည့် သင်တန်းမှတ်တမ်းဓါတ်ပုံများနှင့် လှုပ်ရှားဆောင်ရွက်ခဲ့မှုမှတ်တမ်းဓါတ်ပုံများကို လိုက်လံကြည့်ရှုလေ့လာခဲ့ပြီးနောက် သိရှိမေးမြန်းခဲ့သည်များကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။




