အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ခုနှစ် နွေရာသီလက်ဝှေ့အခြေခံသင်တန်းဆင်းပွဲနှင့်လက်ရည်စမ်းပွဲကျင်းပ

ရန်ကုန်၊ဧပြီ(၂၇)ရက်။

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေပြီး အားကစားကို ဝါသနာပါလာစေရန်၊ဗလငါးတန်းနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်သည့် လူငယ် /လူရွယ်များ ဖြစ်ပေါ်လာစေရန်နှင့် မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့်ကျွမ်းကျင်တတ်မြောက်ကာ စဉ်ဆက်မပြတ် လေ့ကျင့်ပြီး နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ၊ မြန်မာနိင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ ၂၀၂၄ ခုနှစ် နွေရာသီလက်ဝှေ့အခြေခံသင်တန်းဆင်းပွဲနှင့် လက်ရည်စမ်းပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် လူငယ်လေ့ကျင့်ရေးစခန်းရှိ (YTC) မြန်မာနိင်ငံလက်ဝှေ့အဖွဲ့ချုပ်တွင်ကျင်းပခဲ့သည်။

ဦးစွာလက်ရည်စမ်းပြိုင်ပွဲများတွင် ၂၅ကီလို၊၂၆ကီလို၊၂၈ကီလို၊၄၉ကီလို၊၅၃ကီလို အထူးပွဲစဥ်များနှင့်၄၉ကီလို၊၅၃ကီလို၊၆၃ကီလို၊၇၃ကီလို၊၇၅ကီလိုတန်းများစုစု‌ေပါင်းပွဲစဥ်(၁၅)ပွဲယှဉ်ပြိုင်ကြပြီး ပထမနှင့်ဒုတိယ ဆုရရှိသူများကိုမြန်မာနိင်ငံလက်ဝှေ့အဖွဲ့ချုပ်မှဒုတိယဥက္ကဌဦးလင်းဇာနည်‌ရွှေနှင့်တာဝန်ရှိပုဂ္ဂိုလ်များကဆုများ ၊ သင်တန်းဆင်းလက်မှတ်များအသီးသီးပေးအပ်ချီးမြင့်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား(၄၂)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။