အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

“လူ့အခွင့်အရေးဆိုင်ရာ အညွှန်းကိန်းများနှင့်စပ်လျဉ်း၍ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR)”၏ ဆွေးနွေးပွဲသို့ လူငယ်ရေးရာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့က Virtual စနစ်ဖြင့်တက်ရောက်

နေပြည်တော်၊ ဧပြီလ (၂၉)။

အင်ဒိုနီးရှားနိုင်ငံ၊ အာဆီယံအစိုးရများဆိုင်ရာလူ့အခွင့်အရေးကော်မရှင်(Indonesia AICHR) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့နှင့် (၃၀)ရက်နေ့များတွင် အင်ဒိုနီးရှားနိုင်ငံ၊ Tangerang မြို့တွင်လည်းကောင်း၊ virtual စနစ်ဖြင့်လည်းကောင်း Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့သည့် “လူ့အခွင့်အရေးဆိုင်ရာ အညွှန်းကိန်းများနှင့်စပ်လျဉ်း၍ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR)”၏ ဆွေးနွေးပွဲသို့ လက်ရှိအာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ ဥက္ကဋ္ဌ (SOMY Chair)ဖြစ်သူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပထမနေ့ ဆွေးနွေးပွဲကို ယနေ့နံနက် (၀၈:၀၀)နာရီမှ (၁၇:၁၅)နာရီအထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးခန်းတွင် Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ ပထမနေ့ဆွေးနွေးပွဲတွင် ဒေသအဆင့် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ အညွှန်းကိန်းများကိုရေးသားပြုစုရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များ၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့၊ ဆွေးနွေးပွဲ ဒုတိယနေ့တွင် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး ဥက္ကဋ္ဌ( SOMY Chair ) အနေဖြင့် အာဆီယံလူငယ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အညွှန်းကိန်းနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။