(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကြက်တောင် အမျိုးသား/ အမျိုးသမီးအသင်းလိုက် အုပ်စုပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များစတင်ကျင်းပ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကြက်တောင် အမျိုးသား/ အမျိုးသမီးအသင်းလိုက် အုပ်စုပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များစတင်ကျင်းပ ထိုင်း၊ ဒီဇင်ဘာ ၇ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကြက်တောင် အမျိုးသား/ အမျိုးသမီးပြိုင်ပွဲများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Gymnasium 4, Thammasat University Rangsit Campus, Pathum Thani ၌ ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာအားကစား အဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ ကြက်တောင်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက် ၁၀ နာရီတွင် အမျိုးသမီးအသင်းလိုက် အုပ်စုပွဲစဉ်များနှင့် မွန်းလွဲ ၃ နာရီတွင် ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီး ယှဉ်ပြိုင်ကစား ခဲ့သည်။ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ ပွဲစဉ်တွင် […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် မြန်မာအားကစားအဖွဲ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ရောက်ရှိ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် မြန်မာအားကစားအဖွဲ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ရောက်ရှိ ထိုင်း၊ ဒီဇင်ဘာ ၇ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် အပါအဝင် မြန်မာအားကစားအဖွဲ့မှ အားကစားသမားများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိလာရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် (၃၃)ကြိမ်မြောက် […]
မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Chef de Mission အစည်းအဝေးသို့တက်ရောက်
![]()
မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ Chef de Mission အစည်းအဝေးသို့တက်ရောက် ထိုင်း၊ ဒီဇင်ဘာ ၇ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲဝင်အားကစားအဖွဲ့များ တည်းခိုနေထိုင်မှုများ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုများ၊ ကြို/ပို့ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးတို့အတွက် နိုင်ငံအလိုက် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင် များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် GRAND FOUR WINGS HOTEL ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။ နိုင်ငံအလိုက် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားအဖွဲ့ ခေါင်းဆောင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နှင့်အဖွဲ့၊ အုပ်ချုပ်မှုအဖွဲ့နှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များထွက်ခွာ
![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နှင့်အဖွဲ့၊ အုပ်ချုပ်မှုအဖွဲ့နှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များထွက်ခွာ ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက် ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဦးဆောင်သည့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ နှင့် အဖွဲ့ဝင်တို့သည့် ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ […]
၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ
![]()
၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ နေပြည်တော် ဒီဇင်ဘာ ၆ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်းတိုးတက်မြင့်မား စေရေးအတွက် ရည်ရွယ်၍ “ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ” ကို ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသည်။ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်းအင်အား (၄၀၀၀) နီးပါးခန့် ပျော်ပျော်ရွှင်ရွှင်စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြ သည်၊၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲ ပထမပတ် ပါဝင်ဆင်နွှဲ၍ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်မည့် အားကစားအဖွဲ့အား ကြည့်ရှုအားပေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲ ပထမပတ် ပါဝင်ဆင်နွှဲ၍ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်မည့် အားကစားအဖွဲ့အား ကြည့်ရှုအားပေး ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ အမျိုးသားအားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ပြည်သူ တစ်ရပ်လုံးပါဝင်ဆင်နွှဲစေရေး ရည်ရွယ်လျက် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲ ပထမပတ် ကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ ၊ ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် အရာရှိများ ၊ ဖိတ်ကြားထားသူများ၊ […]
မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဇော်ဦး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာခြင်းလုံးနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲကွင်းပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှု၍ ပေါင်းစပ်ညှိနှိုင်းခြင်းများဆောင်ရွက်
![]()
မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဇော်ဦး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာခြင်းလုံးနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲကွင်းပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှု၍ ပေါင်းစပ်ညှိနှိုင်းခြင်းများဆောင်ရွက် ထိုင်း၊ ဒီဇင်ဘာ ၆ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Nakhonpathom Sports Center သို့ သွားရောက်၍ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ခြင်းလုံးနှင့် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ကျင်းပရေးမှ တာဝန်ရှိသူများနှင့်အတူ ခြင်းလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပမည့် အားကစားရုံအတွင်းရှိ ပြိုင်ပွဲကွင်း ပြင်ဆင်ထားရှိမှုများ၊ အားကစားသမားများနားနေခန်း၊ အားကစားအဖွဲ့များအတွက် နေ့လည်စာ စားသောက်မည့်နေရာပြင်ဆင်ထားရှိမှုများ၊ VIP နားနေခန်းနှင့် အစည်းအဝေးခန်းမပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ပြီး ခြင်းလုံးနှင့် […]
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံလူငယ်စကားဝိုင်းနှင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ
![]()
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံလူငယ်စကားဝိုင်းနှင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ ပုသိမ်၊ ဒီဇင်ဘာ ၅ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံလူငယ်စကားဝိုင်းနှင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အခမ်းအနားသို့တက်ရောက်လာသူကြသူများက အလေးပြုကြပြီးနောက် ကျောင်းသား/သူများက “လူငယ့်စွမ်းရည်”သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်ဆီသို့” မှတ်တမ်းဗီဒီယို ပြသမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုဖိုရမ်တွင် တက္ကသိုလ် / ကောလိပ်များက ကျောင်းသား၊ ကျောင်းသူများ၊ ဌာနလုပ်ငန်းခွင် ဝင်ရောက်နေကြသည့် လူငယ်များကို ဖိတ်ကြားတက်ရောက်စေပြီး ၎င်းတို့ကတစ်ဆင့် လူငယ်များအကြားတွင် ပြောင်းလဲနေသည့်ကမ္ဘာနှင့် မြန်မာ့အခြေအနေများကို ပထဝီ နိုင်ငံရေးရှုထောင့်၊ ပထဝီစီးပွားရေးရှုထောင့်ကနေ ရှုမြင်တတ်စေရန်၊ လူငယ်များကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် […]
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ ထွက်ခွာ
![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ ထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစား အဖွဲ့သည် ယနေ့ နံနက် ၀၇: ၂၅ နာရီအချိန်၌ လေယာဉ်အမှတ် 8M 335 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နှင့်ချောင်ဘူရီမြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာန မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါမြန်မာအားကစားအဖွဲ့တွင် ကြက်တောင်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၄) ဦး၊ […]
မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ မြန်မာလှေလှော်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် မြန်မာအမျိုးသမီးဘောလုံးအသင်း ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေး
![]()
မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ မြန်မာလှေလှော်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် မြန်မာအမျိုးသမီးဘောလုံးအသင်း ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေး ထိုင်း၊ ဒီဇင်ဘာ ၅ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့၌ ကျင်းပလျက်ရှိသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ လှေလှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလှေလှော်အားကစားအဖွဲ့မှ အားကစားသမားများ၏ လေ့ကျင့်နေမှုများနှင့် မြန်မာအမျိုးသမီးဘောလုံးအသင်း အုပ်စု(ခ)၏ ပထမဦးဆုံး အုပ်စုပတ်လည်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့သည် ချွန်ဘူရီမြို့ရှိ The Royal Thai Navy Rowing and Canoeing Training Center, Rayong ၌ မြန်မာလှေလှော် အားကစားအဖွဲ့မှ အားကစားသမားများ၏ လေ့ကျင့် […]