![]()
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum-2026)ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော မွန်ပြည်နယ် လူငယ်ကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ
မော်လမြိုင်၊ ဖေဖော်ဝါရီ ၄
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တက်ရောက်ခဲ့သော မွန်ပြည်နယ် လူငယ်ကိုယ်စားလှယ်များ၏ အတွေ့အကြံရှင်းလင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၄)ရက်နေ့ (၉)နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ အပိုင်း(၂)ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ် ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များ၊ ပြည်နယ်လူငယ်ရေးရာအထောက်အကူပြု ကော်မတီဝင်များ ၊ မွန်ပြည်နယ်လူငယ် ကိုယ်စားလှယ်အဖွဲ့များ ၊ တက္ကသိုလ် ၊ ပညာရေးဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ (၆၇၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ ပထမပိုင်းအစီအစဉ်ဖြင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဌ ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်မှ ငြိမ်းချမ်းရေးဖိုရမ်တွင် တက်ရောက်ခဲ့ကြသော လူငယ်ကိုယ်စားလှယ် (၁၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ခရီးစဉ်အတွေ့အကြုံများအား Video Clip ဖြင့် ပြသပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် အမျိုးသမီး အုပ်ချုပ်သူ ဒေါက်တာဘေဘီဝင်း မှ ဖိုရမ်သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံအား ရှင်းလင်းပြောကြားခဲ့ပါသည်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် တက်ရောက်ခဲ့ကြသော လူငယ်ကိုယ်စားလှယ် (၃)ဦးမှ ဖိုရမ် ကြေညာစာတမ်း ဖတ်ကြားတင်ပြခြင်း ၊ လူငယ်ငြိမ်းချမ်းရေး ဖိုရမ် တက်ရောက်ခဲ့သော လူငယ် ကိုယ်စားလှယ် (၁)ဦးမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခြင်း ၊ လူငယ်ငြိမ်းချမ်းရေး ဖိုရမ် တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်များမှ အကဖြင့်ဖျော်ဖြေတင်ဆက် ပြသခြင်း ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် လူငယ် ငြိမ်းချမ်းရေးဖိုရမ် တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်များဖြင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ပထမပိုင်း အစီအစဉ် အခမ်းအနားအား အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယပိုင်းအခမ်းအနားအစီအစဉ်ဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် တက်ရောက် ခဲ့သော လူငယ်ကိုယ်စားလှယ် (၁)ဦးမှ မွန်ပြည်နယ်အနာဂတ် ပညာရေး ယဉ်ကျေးမှုနှင့် လူငယ် ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်း ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်တစ်ဦးမှ မွန်ပြည်နယ်အနာဂတ် စီးပွားရေးနှင့် လူငယ်ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်း ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် တက်ရောက်ခဲ့သော လူငယ် ကိုယ်စားလှယ်တစ်ဦးမှ မွန်ပြည်နယ် အနာဂတ်နည်းပညာနှင့် လူငယ်ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်း ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်တစ်ဦးမှ မွန်ပြည်နယ် အနာဂတ် အားကစား ၊ ကျန်းမာရေးနှင့် လူငယ်ကဏ္ဍခေါင်းစဉ်များဖြင့် ဆွေးနွေးမှုများ ရှင်းလင်းပြောကြားခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းများ ကျင်းပပြုလုပ်ခဲ့ကြပြီး ဒုတိယပိုင်းအခမ်းအနား အစီအစဉ်အား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။


