အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အမျိုးသား၊အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲများကျင်းပ

ရန်ကုန် ၊ ဖေဖေါ်ဝါရီ ၇

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် 5×5အလွတ်တန်း အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် 3×3 (U-16 / U-20) အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က ဗဟန်းမြို့နယ် ၊ ကျိုက္ကဆံဘတ်စကက်ဘောအားကစားရုံ၌ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က အဖွင့်အမှာစကားပြောကြား၍ အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်၀င်းက ပြိုင်ပွဲနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့သည်။

ယင်းနောက် နဂါးအလှအကအဖွဲ့ ၊ ခြ‌င်္သေ့အလှ အကအဖွဲ့တို့က ဖျော်ဖြေကြပြီး ပထမနေ့ပြိုင်ပွဲများကို တက်ရောက်လာကြသည့် မြန်မာနိုင်ငံဘတ်စကက်‌ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌများ ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်ပရိတ်သတ်များကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲတွင် 5×5 အလွတ်တန်း အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲများနှင့် 3×3 (U-16/ U-20)အမျိုးသား/အမျိုးသမီးဘတ်စကက်ဘော ပြိုင်ပွဲများကျင်းပသွားမည်ဖြစ်ရာ ယင်းပြိုင်ပွဲသည်မျိုးဆက်သစ်ဘတ်စကက်ဘောအားကစားသမားများပေါ်ထွက်လာရန်ရည်ရွယ်၍ ပထမ ငွေကျပ်သိန်း၅၀ချီးမြှင့်မည်ဖြစ်ကာ ဖေဖေါ်ဝါရီ၁၄ရက်‌နေ့အထိ ကျင်းပမှာဖြစ်ပြီး (က)အုပ်စုတွင် M5 ACADEMY အသင်း ၊ KAUNG SU AUNG အသင်း ၊ တောင်ကြီး(B)အသင်း ၊ (ခ)အုပ်တွင် GROOT အသင်း ၊ MAMBA TEAM အသင်း ၊ FIGHT CLUB(B) အသင်း ၊ (ဂ)အုပ်စုတွင် ရွှေပုလ္လင်အသင်း ၊ တောင်ကြီး(A)အသင်း ၊ Z & Dအသင်း ၊ (ဃ)အုပ်စုတွင် MOHA အသင်း ၊ FIGHT CLUB (A) အသင်း ၊ Sampar Oo အသင်း၊ စုစု‌ပေါင်းအသင်း (၁၂)သင်း အားကစားသမား ၁၀၀ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။