အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်

ဘားအံ၊ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ် ဘားအံမြို့ လူငယ်စင်တာတွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲ အား ၈-၂-၂၀၂၆ ရက် နံနက် ၀၉၀၀ နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများ ပါဝင်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအား ပြည်နယ်လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြား၍ စစ်တုရင်ကစားရုပ်အား အကွက်ရွှေ့ ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲတွင် သတ်မှတ်ထားသည့် အတန်းလိုက် အားကစားသမား ၆၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများအား ၉-၂-၂၀၂၆ ရက်နေ့ နေလည် ၁၅:၀၀ နာရီချိန်တွင် ကရင်ပြည်နယ်တရားလွှတ်‌တော် တရားသူကြီးချူပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။