ပြည်မြို့ အထက(၅)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပ
![]()
ပြည်မြို့ အထက(၅)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပ ပြည်၊ စက်တင်ဘာ(၂၀)။ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်မြို့ နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်းဆောင်ရွက်သော “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ” ကို ယနေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ ဦးစွာ အဆိုပါကျောင်း ပညာတံခွန်ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရာ ဟောပြောပွဲတွင် ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြခိုင်က “ လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ဦးစီးအရာရှိ ဦးအောင်ကိုသန့်က “ လူငယ်ရေးရာ ဘက်စုံဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးသည်။ ယင်းနောက် ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အထက(၅) ကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းပြီး ဟောပြောပွဲတက်ရောက်လာသော ဌာနဆိုင်ရာနှင့်လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား တွေ့ဆုံအားပေးစကားပြောကြား
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား တွေ့ဆုံအားပေးစကားပြောကြား ရန်ကုန်၊စက်တင်ဘာလ (၂၀)ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှအောက်တိုဘာလ(၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့အနေဖြင့် အမျိုးသားဘောလုံး၊ အမျိုးသမီးဘောလုံး၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ မြားပစ်၊ E-Sports အားကစားအဖွဲ့များ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ယနေ့ နေ့လယ်(၂)နာရီခွဲတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ဝင်းအတွင်းရှိ အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင် လေ့ကျင့်လျက်ရှိသော ဝူရှူးအားကစားသမားများအား တွေ့ဆုံ၍ ပြိုင်ပွဲတွင် စံချိန်စံညွှန်း ကောင်းမွန်ပြီး အရည်အသွေး အရည်အချင်းပြည့်ဝစွာဖြင့် ယှဉ်ပြိုင်သွားရန်၊ နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို အထူးအလေးထားဆောင်ရွက်လျက်ရှိသည့်အတွက် အားကစားဖြင့် နိုင်ငံ့ […]
လုပ်ငန်းခွင်သုံး အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
လုပ်ငန်းခွင်သုံး အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာလ (၂၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀:၀၀)အချိန်တွင် လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းခွင်သုံးအခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် ဌာနတွင်းရှိဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင်ရေး၊ လူငယ်ရေးရာဦးစီးဌာနမှ အဓိကတာဝန်ယူဆောင်ရွက်နေသည့် အာဆီယံ/ နိုင်ငံတကာလူငယ်ရေးရာကိစ္စရပ်များနှင့် အာဆီယံလူငယ်ဆိုင်ရာအစည်းအဝေးများကို အထောက်အကူပြုနိုင်ရေးနှင့် ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း အခြေခံအင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်စေရန် အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အင်္ဂလိပ်စာ ဘာသာပြန်သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ပေးအပ်သည့် နိုင်ငံခြားပညာတော်သင်များ၊ အာဆီယံလူငယ်အစီအစဉ်များအား လူငယ်များရင်းနှီးစွာ ထိတွေ့ဆက်ဆံနိုင်စေရေး၊ လူငယ်များအကျိုးပိုမို ဆောင်ရွက်နိုင်စေရေး အခွင့်အလမ်းဖော်ဆောင်ပေးလျက်ရှိခြင်း၊ အဆိုပါခရီးစဉ်များအတွင်း နိုင်ငံတကာလူငယ်များနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံသင်ယူနိုင်ရန် အင်္ဂလိပ်စာသည် အဓိကကျသည့်အတွက် အင်္ဂလိပ်စာအား […]
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး ဘောလုံးအသင်းပါဝင်ယှဉ်ပြိုင်မည့် အုပ်စုပွဲစဥ်များ
![]()
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းပါဝင်ယှဉ်ပြိုင်မည့် အုပ်စုပွဲစဥ်များ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်း၏ အုပ်စုပွဲစဥ်များအဖြစ် (၂၂.၉.၂၀၂၃)ရက်နေ့တွင် တောင်ကိုရီးယားအသင်းနှင့်လည်းကောင်း၊ (၂၅.၉.၂၀၂၃)ရက်နေ့တွင် ဟောင်ကောင်အသင်းနှင့်လည်းကောင်း၊ (၂၈.၉.၂၀၂၃)ရက်နေ့တွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း စုစုပေါင်း (၁၇)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၆ ရက်အထိကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A)တွင် အိမ်ရှင်တရုတ်၊ ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယား၊ အုပ်စု (B) တွင် ထိုင်း၊ အိန္ဒိယ၊ တရုတ်(တိုင်ပေ)၊ အုပ်စု (C) တွင် မြောက်ကိုရီးယား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ အုပ်စု (D)တွင် ဂျပန်၊ ဗီယက်နမ်၊ […]
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
![]()
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၁၉)။ လူငယ်များ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကကျပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးကဏ္ဍကို တိုးတက်အောင် မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရည်မြင့်မားရေးသည် အဓိကအရေးပါသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များကို အတွေးအခေါ်မှန်ကန်ပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်မည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာဦးစီးဌာနကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ […]
အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်တွင် မြန်မာ့လက်ရွေးစင် U-24 အသင်း (၁-၀)ဖြင့် အနိုင်ရရှိ
![]()
အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်တွင် မြန်မာ့လက်ရွေးစင် U-24 အသင်း (၁-၀)ဖြင့် အနိုင်ရရှိ နေပြည်တော်၊ စက်တင်ဘာလ(၁၉)ရက်။ အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်တွင် မြန်မာ့လက်ရွေးစင် U-24 အသင်း (၁-၀)ဖြင့် အနိုင်ရရှိ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ Asian Games Hangzhou 2022 ပြိုင်ပွဲအဖွင့်ပွဲစဥ်တွင် မြန်မာ U-24 အသင်းနှင့် ဘင်္ဂလားဒေ့ရှ် U-24 အသင်းတို့ ယနေ့ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားရာ မြန်မာ U-24 အသင်းက တစ်ဂိုး ဂိုးမရှိရလဒ်ဖြင့်အနိုင်ရရှိခဲ့သည်။ မြန်မာ U-24 အသင်းသည် Asian Games အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဥ်များအဖြစ် (၂၁.၉.၂၀၂၃)ရက်နေ့ […]
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ
![]()
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ ရန်ကုန်၊ စက်တင်ဘာ(၁၆)။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၃) ရက် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှုးက ဟောပြောပွဲပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က “လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးလင်းအောင်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောပေးခဲ့ပြီး အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ အင်အား (၁၂၀)ဦးတက်ရောက်ခဲ့ပါသည်။ ၂၀၂၃ခုနှစ် ၊ စက်တင်ဘာလ(၁၅)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၁၆)။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား (၉၆)ကီလိုပြိုင်ပွဲ၊ အမျိုးသား (၁၀၂) ကီလိုပြိုင်ပွဲ၊ အမျိုးသား (၁၀၉) ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၇၆)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၈၁)ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး(၈၇)ကီလိုနှင့်အထက် ပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး(၇၆) ကီလိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ အမျိုးသမီး(၈၁) ကီလိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများနှင့် အမျိုးသမီး(၅၉)ကီလိုပြိုင်ပွဲတွင် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ စက်တင်ဘာလ(၁၅)ရက်။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အလေးမအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ ပွဲစဉ်များအဖြစ် အမျိုးသား(၈၁)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၆၄)ကီလိုပြိုင်ပွဲနှင့် အမျိုးသား (၈၉)ကီလိုပြိုင်ပွဲများအား ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား(၈၁)ကီလိုပြိုင်ပွဲတွင် မောင်ခွန်မောင်ခင်(ရှမ်း)က ပထမ၊ မောင်သန်းမျိုးထွန်း(မကွေး)က ဒုတိယ၊ မောင်နေလင်းဦး(ရန်ကုန်)က တတိယဆုများကို လည်းကောင်း၊ အမျိုးသမီး(၆၄)ကီလိုပြိုင်ပွဲတွင် မသူဇာခင်(စစ်ကိုင်း)က ပထမ၊ မအေးစန္ဒာဝင်း(မကွေး)က ဒုတိယနှင့် မရွှေရည်ဖူး(မကွေး)က တတိယဆုများကိုလည်းကောင်း၊ အမျိုးသား(၈၉)ကီလိုပြိုင်ပွဲတွင် မောင်ခိုင်မျိုးဦး(စစ်ကိုင်း)က ပထမ၊ မောင်အောင်ထက်ဟိန်း(မန္တလေး)က ဒုတိယ၊ မောင်လွင်ထူးခန့်(မကွေး)က တတိယဆုများကို […]
ဗန်မော်တက္ကသိုလ်၌ “လူငယ်သီတင်းပတ်” အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် ဒေသအကျိုးပြု စာတမ်းငယ် ဖတ်ကြားခြင်းအခမ်းအနားကျင်းပ
![]()
ဗန်မော်တက္ကသိုလ်၌ “လူငယ်သီတင်းပတ်” အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် ဒေသအကျိုးပြု စာတမ်းငယ် ဖတ်ကြားခြင်းအခမ်းအနားကျင်းပ ဗန်းမော်၊ စက်တင်ဘာ ၁၄။ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဗန်မော်တက္ကသိုလ်တွင် “လူငယ်သီတင်းပတ်” အထိမ်းအမှတ် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ဆောင်ရွက်လှုပ်ရှားမှုအနေဖြင့် စာရိတ္တဗလနှင့် ဘောဂဗလကို ဖော်ဆောင်သော သိမှတ်ဖွယ်ရာ ကျင့်ဝတ် အဖြာဖြာဟောပြောပွဲနှင့် ဒေသအကျိုးပြု စာတမ်းငယ်ဖတ်ကြားခြင်းအခမ်းအနားကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်က ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပရာပါမောက္ခချုပ်ဒေါက်တာ နေသွယ်ကြည်က အမှာစကားပြောကြားသည်။ ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ပါမောက္ခများနှင့် ကျောင်းသား ကျောင်းသူများက အသုံးချသုတေသန Project များ ခင်းကျင်းပြသထားမှုကို စိတ်ပါ၁ဝင်စားစွာ လှည့်လည်ကြည့်ရှုကြသည်။ ကျောင်းသားကျောင်းသူများက ဒေသအကျိုးပြု စာတမ်းငယ်များ ဖတ်ကြားခြင်း၊ ဉာဏ်စမ်းမေးခွန်းများ […]