အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သော ထုပ်ဆီးတိုးဒိုင်/နည်းပြသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ နိုဝင်ဘာလ(၂၄)ရက်။

အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သော ထုပ်ဆီးတိုးဒိုင်/နည်းပြသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်က ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်း သင်တန်းခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းလင်းသောင်း၊ ဒုတိယဥက္ကဌများ ၊ အတွင်းရေးမှူးနှင့်အလုပ်အမှုဆောင်များ၊ နည်းပြဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းလင်းသောင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းမှ သင်ကြားပို့ချပေးလိုက်သော ထုပ်ဆီးတိုးဥပဒေသများ ၊ ဒိုင်များ၏ တာဝန်များ၊ ပြစ်ဒဏ်များ၊ ကွင်းအတိုင်းအတာနှင့် စာတွေ့လက်တွေ့သင်ကြားပြသမှုများကို အာရုံစိုက်လေ့လာသင်ယူပြီး ရိုးရာအားကစားနည်းများကို ပျော်ရွှင်စရာ၊ ငြင်းခုန်စရာပြိုင်ပွဲများအဖြစ် မဟုတ်ဘဲ အားကစားနည်းတစ်ခုခုအဖြစ် ပြန့်ပွားလာအောင် မိမိတို့ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် လက်ဆင့်ကမ်းသင်ကြားပို့ချပေးသွားစေလိုကြောင်း၊ အဖွဲ့ချုပ်နှင့်လည်း အမြဲဆက်သွယ်ပူးပေါင်းဆောင်ရွက်သွားစေလိုပါကြောင်း၊ ဝန်ကြီးဌာနပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တဆင့် နိုင်ငံတော်အဆင့်အတန်း မှီပြီး တစ်မျိုးသားလုံးစိတ်ပါဝင်စားလာအောင် ကြိုးစားဆောင်ရွက်သွားစေလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာ့ရိုးရာအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ၊ ထုတ်ဆီးတိုးဆပ်ကော်မတီဥက္ကဌ ဦးမျိုးသက်က ကျေးဇူးတင်စကားပြောကြားပြီးနောက် သင်တန်းသား/သင်တန်းသူများအား သင်တန်း ဆင်းလက်မှတ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရသည်။