အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာဗိုဗီနမ်အားကစားအဖွဲ့ထွက်ခွာ

ရန်ကုန်၊ နိုဝင်ဘာလ(၂၁)ရက်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၁)ရက်နေ့ အထိ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၃ခုနှစ်၊ (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ (7th WVVF World Vovinam Championships 2023) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံဗိုဗီနမ်အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးရဲမြင့်၊ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းနိုင်၊ နည်းပြ(၂)ဦးနှင့် အားကစားသမား(၅)ဦးတို့ပါဝင်သည့် မြန်မာဗိုဗီနမ်အားကစားအဖွဲ့သည် ယနေ့ ညနေ (၄:၄၀)နာရီအချိန်၌ လေယာဉ်အမှတ် 8M -452 ဖြင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခဲ့ကြောင်းသတင်းရရှိသည်။