အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲနှင့်တရုတ်နိုင်ငံ ကျင်ဒါမြို့တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲတွင် အောင်နိုင်ဆုရရှိခဲ့သည့် လှေလှော်အားကစားသမားများအားဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ

ရန်ကုန်၊နိုဝင်ဘာလ(၂၂)ရက်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ(၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲနှင့် တရုတ်နိုင်ငံကျင်ဒါမြို့တွင်ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲတွင် အောင်နိုင်ဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်လှေလှော်အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ည(၆)နာရီအချိန်က ရန်ကုန်မြို့ အင်ယားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် အားကစား နှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်း နှင့်ဒုတိယဥက္ကဌများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နည်းပြဆရာများနှင့် ဆုရအားကစားသမားများတက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲတွင် တတိယ(ကြေးတံဆိပ်)ဆုများရရှိခဲ့သည့် ရိုးရာလှေ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁၀၀)စီကိုလည်းကောင်း၊ JEWELLERY LUCK GROUP Co.,Ltd မှ (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲတွင် အားကစားသမားများအတွက် ဂုဏ်ပြုဆုငွေနှင့်ဧည့်ခံကျွေးမွေးစရိတ် ငွေကျပ်သိန်း(၁၅၀) ကိုလည်းကောင်း၊ ဧဒင်ဂရု ကုမ္ပဏီ မှ ကစားသမားများနှင့် အုပ်ချုပ်/နည်းပြများအား ဂုဏ်ပြုဆုငွေကျပ် (၁၆၅)သိန်းကို လည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဒုတိယဥက္ကဌ Mr. Lai Xue Jun မှ ဂုဏ်ပြုဆု ငွေကျပ်သိန်း(၅၀) ကိုလည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကျော်ကျော်လှိုင်က ဂုဏ်ပြုဆုငွေကျပ်သိန်း(၄၀)ကိုလည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမျိုးဆွေသိမ်းက ဂုဏ်ပြုဆုငွေကျပ်သိန်း(၄၀)ကိုလည်းကောင်း၊ (၁၉)ကြိမ်မြောက်အာရှ အားကစားပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး အသင်းအုပ်ချုပ်သူနည်းပြများအား ဂုဏ်ပြုဆုငွေကျပ်သိန်း (၂၀)ကိုလည်းကောင်း၊ 2023 Asian Rowing Master Coastal Regatta ပြိုင်ပွဲတွင် ရွှေတံဆိပ်(၃)ဆု ရရှိခဲ့သည့် အားကစားသမား(၂)ဦးအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၂၀)နှင့် အသင်းနည်းပြအုပ်ချုပ်သူတို့အား ဂုဏ်ပြုဆုငွေကျပ်(၅)သိန်း ကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ရာ အောင်ပွဲရကစားသမားများကိုယ်စား ကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရှိရသည်။