အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ပြည်နယ်/တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ပြည်နယ်/တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၆)။ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ပြည်နယ်နှင့်တိုင်းဒေသကြီး တာဝန်ခံညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခု အစည်းအဝေးတွင် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် (၁)လအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်ချက်အခက်အခဲများကို တင်ပြဆွေးနွေးပေးရန်လိုကြောင်း၊ Outdoor Fitness နှင့်ပတ်သက်၍ ဘတ်ဂျက်စိစစ်မှုကြောင့် လက်ကျန်ပစ္စည်းများကိုသာ အမှန်တကယ်လိုအပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများကို စိစစ်ထုတ်ပေးသွားမည်ဖြစ်သည့်အတွက် တာဝန်ခံ ညွှန်ကြားရေးမှူးများအနေဖြင့် မြို့နယ်နှင့်ခရိုင်တို့မှ တင်ပြလာမှုများအပေါ် စိစစ်တင်ပြပေးရန်လို ကြောင်း၊ မြေဂရမ်ရရှိမှုနှင့်ပတ်သက်၍ အလေးအနက်ထား ဆောင်ရွက်ပေးရန်လိုကြောင်း၊ […]

လူငယ်ရေးရာဦးစီးဌာနမှကြီးမှူး၍ လယ်ဝေးမြို့နယ်အတွင်းရှိ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

လူငယ်ရေးရာဦးစီးဌာနမှကြီးမှူး၍ လယ်ဝေးမြို့နယ်အတွင်းရှိ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီလ (၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူး၍ လယ်ဝေးမြို့နယ်အတွင်းရှိ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကို (၃.၂.၂၀၂၃)ရက်နေ့၊ မွန်းလွဲ (၃:၀၀)နာရီ အချိန်၌ လယ်ဝေးမြို့နယ်၊ အားကစားခန်းမ(၂)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာတွင် မသန်စွမ်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပါကြောင်း၊ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဆင်းပွဲသို့ တက်ရောက်လာကြတဲ့ တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းကို အောင်မြင်စွာ တက်ရောက်ခဲ့ကြတဲ့ လယ်ဝေးမြို့နယ်က မသန်စွမ်း လူငယ်တွေကိုလည်း အထူးချီးကျူးဂုဏ်ယူ ပါကြောင်း၊ ယခုသင်တန်းသို့ […]

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး‌တွေ့ဆုံ ဂုဏ်ပြုစားပွဲသုံးဆောင်

Loading

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး‌တွေ့ဆုံ ဂုဏ်ပြုစားပွဲသုံးဆောင် ရန်ကုန်၊ဖေဖော်ဝါရီလ(၅)ရက်။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဌ တိုင်း‌ဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် အလှူရှင်များက ယနေ့နေ့လယ် (၁၂)နာရီအချိန်က အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်)ကျောင်းသို့သွားရောက်၍‌ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ သင်တန်းသား/သူများ၊ B.Sc(Sports) ကျောင်းသား/သူများနှင့် ISPE FC ဘောလုံးအသင်းမှ အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး အထူး‌နေ့လယ်စာ ဂုဏ်ပြုစားပွဲများပြုလုပ်‌ပေး၍ ကျောင်းသား/ ကျောင်းသူများနှင့်အတူတကွ‌သုံး‌ဆောင်ခဲ့ကြသည်။ ထို့‌နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဥပဒေချုပ်ကအမှာစကားပြောကြား၍ မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်း က သင်တန်းသား/သင်တန်းသူများအား စိတ်ဓာတ်မြင့်မားရေးအတွက် အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် ကော်မတီဥက္ကဌ က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍ တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း […]

ကလေးဝမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို အေရိုးဗစ်ပြိုင်ပွဲကျင်းပ

Loading

ကလေးဝမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို အေရိုးဗစ်ပြိုင်ပွဲကျင်းပ ကလေးဝ၊ ဖေဖော်ဝါရီ (၄)။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအလယ်တန်းအဆင့် အေရိုးဗစ်ပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ ပညာရတနာခန်းမ၌ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။ အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အေရိုးဗစ်ပြိုင်ပွဲကို ကလေးငယ်များကိုယ်ကာယ စွမ်းရည်တိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ခင်ပြုံးရီက ပြိုင်ပွဲဝင်စည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲသို့ အေရိုးဗစ်အသင်း ၄ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင်ဆုရရှိသော အေရိုးဗစ်အသင်းများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများကို အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်

Loading

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက် စစ်တွေ၊ ဖေဖော်ဝါရီ (၅)။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ စာတိုက်ကြီးအနီး ကမ်းနားလမ်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။ ဦးစွာ ပြိုင်ပွဲဝင်ရောက်မည့်ကျောင်းသား၊ ကျောင်းသူနှင့် ပြိုင်ပွဲဝင် အားကစားသမားများက နေရာယူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမျိုးသား ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဆွေဆွေမြတ်က အမျိုးသမီးပြိုင်ပွဲဝင်များအားလည်းကောင်း သေနတ်ပစ်ဖောက်အချက်ပေးကာ တာလွှတ်ပေးသည်။ ဆက်လက်၍ အားကစားသမားများသည် ကမ်းနားလမ်း စာတိုက်ကြီးအနီးမှ ကမ်းနားလမ်း […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ (၃)။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု (အားနည်းချက်၊ အားသာချက်)အပေါ် သုံးသပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် သင်တန်းသား/သင်တန်းသူ များ၏ ခေါ်ယူမည့်အရေအတွက်နှင့် အားကစားသမားရွေးချယ်ရေး၊ အားကစားလေ့ကျင့်ရေး၊ ပညာသင်ကြားရေးကိစ္စရပ်များအား ဆွေးနွေးတင်ပြသွားရန်၊ လက်ရှိစာသင်နှစ်အတွင်း လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  မြန်မာ့လက်ရွေးစင် ပီတန်းအားကစားသမားများ၏ လက်ရည်စမ်းစစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  မြန်မာ့လက်ရွေးစင် ပီတန်းအားကစားသမားများ၏ လက်ရည်စမ်းစစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေး နေပြည်တော်၊ ဖေဖော်ဝါရီ(၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ညနေ ပိုင်းတွင် နေပြည်တော်ရှိ ပီတန်းအားကစားကွင်း၌ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ပီတန်းအားကစားသမားများ၏ လက်ရည်စမ်းစစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား  ကြည့်ရှု အားပေးခဲ့ပြီး ဆုရရှိခဲ့ကြသည့် ပထမ မသဲစုစုအောင်၊ ဒုတိယ မခင်ချယ်ရီသက်၊ တတိယ မောင်ဝင်းသူရိန်ထွန်းတို့အား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းအလိုက် တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် စီမံအုပ်ချုပ်မှုပိုင်းနှင့်နည်းစနစ်ပိုင်းဆိုင်ရာအစည်းအဝေးကျင်းပ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းအလိုက် တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် စီမံအုပ်ချုပ်မှုပိုင်းနှင့်နည်းစနစ်ပိုင်းဆိုင်ရာအစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂)ရက်။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းအလိုက် တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် စီမံအုပ်ချုပ်မှုပိုင်းနှင့် နည်းစနစ်ပိုင်းဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multi Purpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အားကစားဆေးဘက်ဌာနခွဲမှ တာဝန်ရှိသူများနှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ခံ အုပ်ချုပ်/နည်းပြများ တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲကာလနီးကပ်လာပြီးဖြစ်၍ ကျန်းမာရေးသည် အရေးကြီးသည့်အတွက် အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ အားသွန်ခွန်စိုက် ကြိုးစားလေ့ကျင့်နိုင်မည်ဖြစ်ကြောင်း၊ […]

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက်၊ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းအတွက် ခင်းကျင်းပြသမည့် ပစ္စည်းများနှင့်ဓါတ်ပုံများအား ကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက်၊ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းအတွက် ခင်းကျင်းပြသမည့် ပစ္စည်းများနှင့်ဓါတ်ပုံများအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ(၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ ရောက်ရှိပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသမည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စားပြု ပြခန်းအတွက် သယ်ယူခင်းကျင်းပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်ပစ္စည်းများနှင့်ဓါတ်ပုံများအား သယ်ယူနိုင်ရေး စနစ်တကျထုပ်ပိုးပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ဓါတ်ပုံများအား ပြောင်းလဲမှုရှိတိုင်း စဉ်ဆက်မပြတ် (Update) ပြောင်းလဲခင်းကျင်းနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ) ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ) ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တက္ကသိုလ် ၊ကောလိပ်၊သိပ္ပံ)ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၃၁.၁.၂၀၂၃)ရက်နေ့ ညနေ (၃) နာရီအချိန် အောင်သံလွင်အားကစားကွင်း၊ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ် ခင်ဆွေထွန်း နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊တက္ကသိုလ် ၊ကောလိပ်၊သိပ္ပံကျောင်းအုပ်ဆရာမကြီးများ၊ ဘောလုံးဆပ်ကော်မတီဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ်(ဂ)အသင်းနှင့် ဘားအံတက္ကသိုလ်(က)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံတက္ကသိုလ်(ဂ)အသင်းမှ ဘားအံတက္ကသိုလ်(က)အသင်းကို (၄:၂)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါသည်။ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေနှင့် ဒိုင်လူကြီးအဖွဲ့ […]