အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ (Asia Junior Sports Exchange Games 2023)သို့ မြန်မာအားကစားအဖွဲ့ထွက်ခွာ

ရန်ကုန်၊ ဩဂုတ်လ(၂၂)ရက်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ (Asia Junior Sports Exchange Games 2023)သို့ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးဌေးအောင်နှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ည(၁၉း၀၀)နာရီအချိန်၌ လေယာဉ်အမှတ် TG- 304 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့်တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ အားကစားအဖွဲ့တွင် အသင်းအုပ်ချုပ်သူ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးထွန်းထွန်းဦးနှင့် နည်းပြ(၁)တစ်ဦး၊ စားပွဲတင် တင်းနစ် အားကစားနည်းမှ နည်းပြ(၁)ဦး၊ အားကစားသမား(၆)ဦး ၊ ကြက်တောင်အားကစားနည်းမှ နည်းပြ(၂)ဦး၊ အားကစားသမား(၆)ဦး ၊ မသန်စွမ်း စားပွဲတင်တင်းနစ်အားကစားနည်းမှ နည်းပြ(၁)ဦး၊ အားကစားသမား(၁)ဦးနှင့် မသန်စွမ်းကြက်တောင်အားကစားနည်းမှ နည်းပြ (၁)ဦး၊ အားကစားသမား(၁)ဦး စုစုပေါင်း(၂၁)ဦးတို့ လိုက်ပါသွားကြောင်းသိရှိရသည်။